ဆီးရီးယား-မြန်မာ ဒုတိယအကျော့ပွဲစဉ်အတွက် ကွင်းလယ်လူအပါအဝင် ကစားသမား (၃)ဦး ထပ်မံ အားဖြည့်လိုက်ကြောင်း မြန်မာ့လက်ရွေးစင်းအသင်းထံက သိရသည်။
ထပ်မံအားဖြည့်လိုက်သည့် ကစားသမား(၃)ဦးမှာ မြန်မာ ယူ -၂၂ အသင်းမှ ကွင်းလယ်လူ ဇော်ဝင်းသိန်း၊ တောင်ပံ ကစားသမား မင်းမော်ဦး၊ နောက်တန်းလူ မြတ်ဘုန်းခန့်တို့ဖြစ်ကြောင်း သိရသည်။
ဒုတိယအကျော့ပွဲစဉ်အား အိမ်ကွင်းဖြစ်သည့် သုဝဏ္ဏအားကစားကွင်း အောက်တိုဘာ (၁၄)ရက် ၊ ညနေ ၅ နာရီအချိန်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ပထမအကျော့ပွဲစဉ်ကို အောက်တိုဘာ (၉)ရက် ညပိုင်းက ဆော်ဒီအာရေဗျ နိုင်ငံ၌ ဆီးရီးယားအသင်းဖြင့် ယှဉ်ပြိုင်ကစားရာ (၅) ဂိုး(၁)ဂိုး ရလဒ်ဖြင့် ရှုံးနိမ့်ထားသည်။
