Sunday, May 18, 2025

အင်းလေးတွင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေသန့်နှင့် Mobile...

ငလျင်ဒဏ်ခံစားခဲ့ရသော အင်းလေးဒေသတွင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှဦးဆောင်၍ ကူညီရေးအဖွဲ့များမှ ရေသန့်နှင့် Mobile Toilet များစီစဉ်ပေးနေကြောင်း သိရသည်။ ရှမ်းပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်...

နောက်ဆက်တွဲ ငလျင်ကြောင့် မန္တလေးက ငလျင်ရှောင်ယာယီတဲ...

ယမန်နေ့ ညပိုင်းက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၅ ဒသမ ၂ ရှိသည့် ငလျင်ကြောင့် မန္တလေးမြို့ရှိ ငလျင်ရှောင်ယာယီတဲ သစ်ပင်ပိကာ သားအဖနှစ်ဦး...

သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ...

ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များအနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှ ထုတ်ပြန်ထားသည်။ နစက၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး...

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း...

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇) ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၆.၁၆၃) သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှု ပ်နှံမှု လုပ်ငန်း (၁၈) ခု...
HomeInternationalဆီးရီးယားတွင် အရေးပေါ်အကူအညီများ လွယ်ကူချောမွေ့စွာ...

ဆီးရီးယားတွင် အရေးပေါ်အကူအညီများ လွယ်ကူချောမွေ့စွာ ပို့ဆောင်နိုင်ရေးအတွက် ချက်ချင်း အပစ်အခတ်ရပ်စဲကြရန် ကုလ တိုက်တွန်း

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၁

ဆီးရီးယားနိုင်ငံရှိ ငလျင်ဒဏ်ခံစားနေရသူ အားလုံးထံ အကူအညီများကို လွယ်ကူချောမွေ့စွာ ပို့ဆောင်နိုင်ရေးအတွက် ချက်ချင်းအပစ်အခတ်ရပ်စဲပေးကြရန် ကုလသမဂ္ဂအခွင့်အရေးအကြီးအကဲက ဖေဖော်ဝါရီလ ၁၀ ရက် သောကြာနေ့တွင် တောင်းဆိုခဲ့သည်။

“တုကီယေးနဲ့ ဆီးရီးယားတို့ အခုလို ဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာ အကူအညီ လိုအပ်နေတဲ့ လူအားလုံးကိုအမြန်ဆုံးကူညီပေးကြဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

“ကုလလူ့အခွင့်အရေးအကြီးအကဲ ဗော့ကာ တက်ခ် က ဆီးရီးယားမှာ အပစ်အခတ်ရပ်စဲကြဖို့ ချက်ချင်းတောင်းဆိုထားပြီး ပေးပို့မယ့် အကူအညီတွေကိုလည်း လူတိုင်းဆီရောက်နိုင်အောင် လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဥပဒေတွေ လေးစားလိုက်နာကြဖို့ တောင်းဆိုပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ရေးသားထားသည်။

တနင်္လာနေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ဆီးရီးယားနိုင်ငံတွင် အနည်းဆုံး လူ ၃၃၇၇ ဦး သေဆုံးခဲ့ပြီဖြစ်သည်။ အဆိုပါ ပမာဏသည် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်နေပြီဖြစ်သော ပြည်တွင်းစစ်အတွင်း သေဆုံးသည့် လူဦးရေထက်ပင် ပိုများနေသည်။

အထူးသဖြင့် ဆီးရီးယားရှိ သူပုန်ထိန်းချုပ်ထားသော ဒေသများသည် အစိုးရထိန်းချုပ်သော ဒေသများထံပေးပို့သည့် အကူအညီများကို ဒမတ်စကတ်၏ ခွင့်ပြုချက်မရရှိဘဲ လက်မခံနိုင်သည့်အတွက် အလွန်ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။

Source:CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်းလေးတွင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေသန့်နှင့် Mobile Toilet များ စီစဉ်ပေးနေ

ငလျင်ဒဏ်ခံစားခဲ့ရသော အင်းလေးဒေသတွင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှဦးဆောင်၍ ကူညီရေးအဖွဲ့များမှ ရေသန့်နှင့် Mobile Toilet များစီစဉ်ပေးနေကြောင်း သိရသည်။ ရှမ်းပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ် မတ် (၃၀) ရက်မှစပြီး အင်းလေးဒေသရှိ ကျေးရွာ (၄၅) ရွာကို သောက်သုံးရေဖြန့်ဝေပေးခဲ့ရာ ယနေ့အချိန်အထိ ရေဂါလန် (၇၉,၆၀၀) ဖြန့်ဝေနိုင်ခဲ့ပြီး ဖြစ်သည်။ ထိုနည်းတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Eco Care ကုမ္ပဏီတို့ ပူးပေါင်းပြီး ကျေးရွာသောက်သုံးရေရရှိရေးအတွက် နှစ်မိုင်ခန့်ကွာဝေးသော အင်ကြင်းကုန်းရွာစက်ရေတွင်းမှ အင်းလေးကန်ကို ဖြတ်၍ GI ရေပိုက်လိုင်းသွယ်တန်းပေးထားသည်။ ထို့ပြင် UNICEF...

နောက်ဆက်တွဲ ငလျင်ကြောင့် မန္တလေးက ငလျင်ရှောင်ယာယီတဲ သစ်ပင်ပိကာ သားအဖနှစ်ဦး ‌ေ-သဆုံး

ယမန်နေ့ ညပိုင်းက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၅ ဒသမ ၂ ရှိသည့် ငလျင်ကြောင့် မန္တလေးမြို့ရှိ ငလျင်ရှောင်ယာယီတဲ သစ်ပင်ပိကာ သားအဖနှစ်ဦး ‌ေ-သဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ ယာယီတဲသည် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ အဘယာရာမရွှေဂူ ဘုန်းကြီးကျောင်းဝန်းအတွင်း တည်ရှိခြင်း ဖြစ်သည်။ လူမှုကူညီရေးအသင်းက ကြိုးစားကယ်ထုတ်ခဲ့သော်လည်းကလေးကော လူကြီးပါ ‌ေ-သဆုံးသွားခဲ့ရကြောင်း မဏီစလလူမှုကူညီရေးအသင်း(မန္တလေး)က ထုတ်ပြန်ထားသည်။ ယမန်နေ့ညက လှုပ်ခတ်ခဲ့သည့် ငလျင်သည် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ အနောက်တောင်ဘက် ၂၁ ကီလိုမီတာ (၁၃ မိုင် ကျော်)အကွာကို...

သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များအနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှ ထုတ်ပြန်ထားသည်။ နစက၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုအဖွဲ့သည် ပြည်တွင်းရှိ ဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံး ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်း သက်သာသော ချေးငွေများကို ထုတ်ချေးပေးလျက်ရှိသည်။ ယင်းတွင် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို လျှောက်ထားလိုပါက လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက်ဖြစ်ရမည်၊ လုပ်ငန်းအမည်ပေါက် လိုင်စင်(သက်တမ်းရှိ)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071