ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအား တိုက်စစ်မှူး မေထက်လူ လာရောက်ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။
သူမအနေဖြင့် အမေရိကန်နိုင်ငံမှတဆင့် ထိုင်းနိုင်ငံသို့ လာရောက်ကာ မြန်မာအသင်းနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင်လည်း မျှဝေထားသည်။
မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် ပြိုင်ပွဲကျင်းပရာ ထိုင်းနိုင်ငံသို့ ဒီဇင်ဘာ (၂)ရက်၌ ထွက်ခွာမည်ဟုသိရပြီး သီးခြားအတည်မပြုနိုင်သေးပေ။
ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးအသင်းသည်အုပ် စု(ခ)တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နှင့် အတူကျရောက်နေသည်။
(၃၃) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အမျိုးသမီး ဘောလုံးပွဲစဉ်များကို ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့တွင် ဒီဇင်ဘာ အ စောပိုင်း၌ ကျင်းပသွားမည်ဖြစ်သည်ဟု အဖွဲ့ချုပ်၏ အသိပေးချက်အရ သိရသည်။
ဓာတ်ပုံ-May Htet Lu
