Tuesday, June 16, 2026

ကမ္ဘာ့ခေါင်းဆောင်များကို လက်ခံကြိုဆိုသည့် Great Hall...

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ Great Hall...

Great Hall အတွင်း မြန်မာနိုင်ငံတော်သမ္မတအား...

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံက တရားဝင်ကြိုဆိုဂုဏ်ပြုမည့် အခမ်းအနားအတွက် ပေကျင်းမြို့ရှိ Great Hall of...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က...

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသောနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မကြာမီ တွေ့ဆုံကြတော့မည့်ထိပ်သီးခေါင်းဆောင်နှစ်ဦး၏ လတ်တလော နိုင်ငံတကာ သံတမန်ရေးရာ လှုပ်ရှားမှုများ ယခု ထိပ်သီးတွေ့ဆုံပွဲ...

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...
HomeNewsFootballဆီးဂိမ်းပြိုင်ပွဲအတွက် ရန်ကုန်တိုင်းဘောလုံးအသင်းမှ ယူ...

ဆီးဂိမ်းပြိုင်ပွဲအတွက် ရန်ကုန်တိုင်းဘောလုံးအသင်းမှ ယူ -၂၂ ပဏာမ ကစားသမား (၆)ဦး ရွေးချယ်ခံရ

ထိုင်းနိုင်ငံတွင်း ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ရန်ကုန်တိုင်းဘောလုံးအသင်းမှ မြန်မာယူ -၂၂ ပဏာမကစားသမား (၆)ဦးအထိ ရွေးချယ်ခံရကြောင်း သိရသည်။

အဆိုပါ ပဏာမကစားသမား(၆)ဦးမှာ ရဲထွန်းနိုင်၊ ကောင်းခန့်လွင်၊ အာကာစည်သူ၊ နေလင်းသန့်၊ သက်ပိုင်စိုးနှင့် မျိုးဟန်ငြိမ်းတို့ဖြစ်ကြောင်း အသင်းက အသိပေးထားသည်။

ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်အနေဖြင့် မျိုးဆက်သစ်ကစား သမားများ ရှာဖွေနိုင်ရေးနှင့်အတူ လက်ရွေးစင်အသင်းအတွက် တဖက်တလမ်းမှ အထောက်အကူပြုနိုင်ရေး ရည်မှန်းချက်များဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအတွက် ကစားသမားများ ရှာဖွေပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း အသိပေစချက်တွင်ဖော်ပြထား သည်။

အလားတူ အသက် (၁၈)နှစ်အောက် အသင်း ဖွဲ့စည်းနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယင်းအတွက် ပြိုင်ပွဲများပြုလုပ်၍ ကစားသမားရှာဖွေမှုများ၊ ရွေးချယ်မှုများ ဆ က်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဘောလုံးအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်း ကျင်းပပြုလုပ်သည့် ကမ္ဘောဇဖလား ပြိုင်ပွဲ၌ ဒုတိယဆု ဆွတ်ခူးထားသည့် အသင်းတစ်သင်းလည်းဖြစ်သည်။

၂၀၂၅ ခုနှစ် (၃၃)ကြိမ်‌မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲအတွင်း အသက်ကန့်သတ်သွားမည်ဟု ထိုင်းဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားပြီး ပြိုင်ပွဲအတွင်း ယူ -၂၂ ကစားသမားများသာ ပါဝင်ယှဥ်ပြိုင်ခွင့်ပြုမည်ဖြစ်ကာ ၂၀၀၃ ခုနှစ်နှင့် နောက်ပိုင်းမွေးဖွားသည့်ကစားသမားများကို ယှဥ်ပြိုင်ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

(၃၃) ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ (၉) ရက်မှ (၂၀) ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချောင်ဘူရီ နှင့် ဆောင်ခလာမြို့၌ ကျင်းပမည်ဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲကို ခုနစ်ကြိမ်မြောက် ကျင်းပခွင့်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ခေါင်းဆောင်များကို လက်ခံကြိုဆိုသည့် Great Hall ၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရှီကျင့်ဖျင် တွေ့ဆုံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ Great Hall of the People (ပြည်သူ့ခန်းမဆောင်ကြီး) တွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲမတိုင်မီ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ပြီး နိုင်ငံတော်အလံအား အလေးပြုကာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့သည်။ တွေ့ဆုံပွဲ ကျင်းပရာ Great Hall of the People...

Great Hall အတွင်း မြန်မာနိုင်ငံတော်သမ္မတအား ကြိုဆိုရန် ပြင်ဆင်နေသည့် မြင်ကွင်းများ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံက တရားဝင်ကြိုဆိုဂုဏ်ပြုမည့် အခမ်းအနားအတွက် ပေကျင်းမြို့ရှိ Great Hall of the People တွင် ပြင်ဆင်နေသည့် မြင်ကွင်းများကို ယနေ့ ဇွန် ၁၆ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံ၏ ဂုဏ်ပြုတပ်ဖွဲ့က တရားဝင်ကြိုဆိုဂုဏ်ပြုမည့် အခမ်းအနားကို Great Hall of the People ၌ ကျင်းပသွားမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆို

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသောနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မကြာမီ တွေ့ဆုံကြတော့မည့်ထိပ်သီးခေါင်းဆောင်နှစ်ဦး၏ လတ်တလော နိုင်ငံတကာ သံတမန်ရေးရာ လှုပ်ရှားမှုများ ယခု ထိပ်သီးတွေ့ဆုံပွဲ မတိုင်မီကာလအတွင်း မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် တို့သည် ကမ္ဘာ့အင်အားကြီးနိုင်ငံ ခေါင်းဆောင်များ၊ အိမ်နီးနားချင်းများနှင့် အာဆီယံဒေသတွင်း ခေါင်းဆောင်များနှင့် သံတမန်ရေးရာ တွေ့ဆုံမှုများ အသီးသီး ပြုလုပ်ခဲ့ကြသည်။ မြန်မာသမ္မတ ဦးမင်းအောင်လှိုင် ၏ သံတမန်ရေးရာ လှုပ်ရှားမှုများ အိန္ဒိယနိုင်ငံ ခရီးစဉ် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီးနောက် ပထမဆုံး နိုင်ငံတကာခရီးစဉ်အဖြစ် အိန္ဒိယဝန်ကြီးချုပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071