ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေးအတွက် ထိုင်းမိတ်ဖက် ကစားသမားများနှင့် လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။
ယမန်နေ့ ဇွန် (၆) ရက်က မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးကို သုဝဏ္ဏအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံတွင် ကျင်းပစဉ် ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထို့ပြင် စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် လက်ဝှေ့ပြိုင်ပွဲအတွက် ကစားသမားစေလွှတ်ရန် ကိစ္စများကိုလည်းထည့် သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၉)ရက်မှ (၂၀)ရက်အထိ ဘန်ကောက်မြို့၊ ချောင်ဘူရီမြို့၊ ဆောင်ခလာမြို့တို့၌ ကျင်းပသွားမည် ဖြစ်သည်။