Home News Local News ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တိုက်တွန်း

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တိုက်တွန်း

0
71

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာ (၄)ရက်က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစဉ် ထို့သို့ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ရွှေတံဆိပ်ဆုရရှိသူများကိုလည်း နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုသကဲ့သို့ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှလည်း ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်သွားမည်ဖြစ်၍ ကြိုးစားကြစေလိုကြောင်း မှာကြားသည်။

ထို့ပြင် အားကစားသမားများအ‌နေဖြင့် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် နီးကပ်လာပြီဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး လေ့ကျင့်မှုများပြုလုပ်ရာတွင် Injury မရရှိအောင် ဂရုစိုက်လေ့ကျင့်ကြရန်၊ သွား/လာ နေထိုင်စားသောက်ရေးကိစ္စရပ်များ၊ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်အောင်နိုင်ရေးကိစ္စရပ်များကို အဓိကထားဆောင်ရွက်လိုကြောင်း ပြောကြားသည်။

ယင်းအပြင် အုပ်ချုပ်သူ/နည်းပြများ၏ စီမံကွပ်ကဲမှုများအား လေးစားလိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ကစားရာတွင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၏ ကိုယ်နှုတ်အမူအရာ အပြုအမူကောင်းများဖြင့် နိုင်ငံ့ဂုဏ်ကို မြင့်တက်စေရန် နိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here