ဆီးဂိမ်းတွင် ကမ္ဘောဒီးယားကစားသမားများ၏ လုံခြုံရေးအတွက် စိုးရိမ်ရတာကြောင့်ဝင်ပြိုင်ခွင့်တားမြစ်နိုင်ကြောင်း ထိုင်းခရီးသွားနှင့်အားကစားဝန်ကြီး Sorawong Thienthong ကပြောကြားခဲ့ကြောင်း Thai PBS World က ယနေ့ ဇူလိုင် ၂၅ ရက်တွင် ဖော်ပြချက်အရ သိရသည်။
“ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ပြင်းထန်လာတာကြောင့် အကြမ်းဖက်မှုတွေ ပြင်းထန်လာမှာကို စိုးရိမ်မိပါတယ်။ ဆီးဂိမ်းစ်မှာ အိမ်ရှင်ဖြစ်နေတဲ့ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍ၊ အထူးသဖြင့် ကမ္ဘောဒီးယား အားကစားသမားတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ ထိခိုက်နိုင်ပါတယ်” ဟု ဆိုရာဝေါင်းက ပြောသည်။
နှစ်နိုင်ငံအကြား ပဋိပက္ခ တင်းမာနေသည့် ဆက်ဆံရေးအရ ကမ္ဘောဒီးယားကစားသမားများ၏ လုံခြုံရေးကို စိုးရိမ်တာကြောင့် ကမ္ဘောဒီးယားကို ပါဝင်ခွင့် ပိတ်ပင်ရန် ဆုံးဖြတ်ချက်တချို့ကို ချမှတ်ရမည်ဖြစ်ကြောင်း ဆိုသည်။
ယခုနှစ်ကျင်းပပြုလုပ်မည့် ၂၀၂၅ ဆီးဂိမ်းစ်ကို ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။
