ဆီးဂိမ်းစ်ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း၏ လူစာရင်းကို နိုဝင်ဘာလ (၂၂)ရက်တွင် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ကြေညာထားသည်။
အမျိုးသား ပိုက်ကျော်ခြင်း ကစားသမား (၁၂) ဦးပါဝင်သလို အမျိုးသားကွင်းသွင်းခြင်းခတ် ကစားသမား (၆) ဦးရွေးချယ်ထားကြောင်း ကစားသမားများ၏ အမည်နှင့်တကွ ဖော်ပြထားသည်။
ထို့အတူ အမျိုးသမီး ပိုက်ကျော်ခြင်းနှင့်ကွင်းသွင်းခြင်းခတ်ကစားသမား (၁၅) ဦး ရွေးချယ်ထားသလို အသင်းအုပ်ချုပ်သူနှင့် နည်းပြ (၈) ဦး လိုက်ပါသွားမည်ဟု အမည်များနှင့်တကွ ဖော်ပြထားသည်။
ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ကစားနည်းအမျိုးအစား (၇) မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံအတွက် ရွှေတံဆိပ်ဆုများဆွတ်ခူးပေးနိုင်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။
မြန်မာအသင်း ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များကို Myanmar Sepaktakraw Federation Facebook page နှင့် Youtube Channel များမှ တိုက်ရိုက်တင်ဆက်ပေးသွားမည်ဖြစ် ကြောင်းလည်း အသိပေးထားသည်။
