ယခု ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်မည့် ဆီးဂိမ်းစ်ပြိုင်ပွဲဝင်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဟု မြန်မာ့လက်ရွေးစင် ကြက်တောင်ရိုက် အားကစားမယ် သက်ထားသူဇာက သူမ၏လူမှုကွန်ရက်မှ အသိပေးမျှဝေထားသည်။
“ယှဉ်ပြိုင်ဖို့အသင့်ရှိပြီ၊ အနိုင်ယူဖို့လည်း အသင့်ရှိပြီ” ဟု သူမက ရေးသားမျှဝေထားသည်။
သက်ထားသူဇာသည် ၂၀၁၇ ခုနှစ်မှစ၍ အိုလံပစ်ပြိုင်ပွဲများဝင်ရောက်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် အသိအမှတ်ပြု နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချန်ပီယံဆုများဆွတ်ခူးနိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံးအမျိုးသမီး ကြက်တောင်ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်သည်။
သူမသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က အသိအမှတ်ပြုသည့် ကမ္ဘာ့အဆင့်သတ် မှတ်ချက် (၄၃) နေရာတွင် ရပ်တည်နေသူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
