ငလျင်ဒ-ဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် နေပြည်တော် အမျိုးသားပြတိုက်ကို ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲအမီပြင်ဆင်နေကြောင်း သိရသည်။
ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကို လာမည့် အောက်တိုဘာလတွင် နေပြည်တော် အမျိုးသားပြတိုက်တွင် ကျင်းပသွားမည်ဖြစ် ဖြစ်သည့်အတွက် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
နေပြည်တော် အမျိုးသားပြတိုက်သည် ငလျင်ကြောင့် အဆောင် (၅) ဆောင်ပျ-က်စီးခဲ့ပြီး ပျက်စီးမှုအလိုက် မူလလက်ရာမပျ-က် ပြန်လည်ပြုပြင်ဆောင်ရွက်နေခြင်း ဖြစ်သည်။
အဆိုပါ ပျက်စီးသွားသည့် အဆောင်များထဲမှ (A)အဆောင်နှင့် (B)အဆောင်ကို ပထမဦးစားပေးအနေဖြင့် ပြင်ဆင်နေပြီး၊ ဒုတိယဦးစားပေးအနေဖြင့် အဆောင် (E) ကိုပြင်နေပြီး တတိယဦးစားပေးအနေဖြင့် အဆောင်(C) ကို ပြင်ဆင်နေကြောင်း သိရသည်။
အလားတူ အဆောင် (D) ကိုလည်း အကြီးစားပြင်ဆင်မွမ်းမံရမည်ဖြစ်သည့်အတွက် သီးသန့်ကုမ္ပဏီနှင့် ဆောင်ရွက်နေကြောင်း သိရသည်။
နေပြည်တော်အမျိုးသားပြတိုက်ကို နဂိုမူလအတိုင်ပြန်လည်ဖြစ်ရန်အတွက် အဆောက်အဦးပိုင်း၊ ခင်းကျင်းမှုအပိုင်းများကို အချိန်ယူ၍ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
