Friday, May 15, 2026

ဆိုင်ကလုန်းမိုခါ ၃ နှစ်ပြည့် အမှတ်တရ...

မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ကာလများတွင် သြစတြေးလျအစိုးရအနေဖြင့် ဘေးဒဏ်သင့်ဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အချိန်မီ ပေးအပ်ပံ့ပိုးခဲ့ပြီး၊ ယနေ့တိုင် ထိခိုက်ခံစားခဲ့ရသူများအားလုံးအတွက် မိမိတို့ စိတ်မကောင်းဖြစ်ရဆဲဖြစ်ကြောင်း ရန်ကုန်ရှိ...

ထိုင်းဘုရင် က ကမ္ဘောဒီးယားဘုရင် အတွက်...

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း (King Maha Vajiralongkorn) သည် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟာမုနိ (King Norodom Sihamoni) ၏...

ရထားလမ်းများဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းအဆင့်မြှင့်တင်နိုင်ရေးကိုပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ...

ရထားလမ်းများအဆင့်မြှင့်တင်ခြင်း၊ အသစ်ဖောက် လုပ်ခြင်းတို့ပြုလုပ်ရာ၌ ခရီးသွားလုပ်ငန်းအဆင့်မြှင့်တင်နိုင်ရေးကိုပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာ ကြားသည်။ ယနေ့ မေ ၁၄ ရက်တွင် ပုဗ္ဗသီရိမြို့နယ်ရှိ...

ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်၍ ပြည်သူများ ယုံကြည်အားကိုးအသုံးပြုနိုင်ရန်...

Public Transportation များအနက် ရထားပို့ဆောင်ရေးစနစ်သည် အကောင်းမွန်ဆုံးသော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သဖြင့် ပြည်သူများ ယုံကြည်စိတ်ချစွာ အပြည့်အဝအားကိုး အသုံးပြုနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeCelebrities' Newsဆိုရှယ်မီဒီယာမှာ ပေါ်ပြူလာဖြစ်တာနဲ့ အနုပညာရှင်လို့...

ဆိုရှယ်မီဒီယာမှာ ပေါ်ပြူလာဖြစ်တာနဲ့ အနုပညာရှင်လို့ သတ်မှတ်ကြတာ တော်တော် နှမြောစရာ ကောင်းတယ်ဆိုတဲ့ ဒါရိုက်တာဦးမောင်မောင်မြင့်

ဆိုရှယ်မီဒီယာမှာ ပေါ်ပြူလာဖြစ်တာနဲ့ အနုပညာရှင်လို့ သတ်မှတ်ကြတာ တော်တော် နှမြောစရာ ကောင်းတယ်ဆိုတဲ့ ဒါရိုက်တာဦးမောင်မောင်မြင့်

#Zawgyi

ငယ္စဥ္ကတည္းက အႏုညာေတြနဲ႔ပဲ ဘဝကိုအခ်ိန္ကုန္ခဲ့ရတဲ့ ဦးေမာင္ေမာင္ျမင့္တစ္ေယာက္ကေတာ့ အသက္အ ရြယ္ႀကီးရင့္လာတဲ့အထိ ကိုယ္ျမတ္နိုးတဲ့အႏုပညာကို မစြန္႔လႊတ္နိုင္ေသးဘူးလို႔ ဆိုပါတယ္။ အရင္အႏုပညာေလာကမွာ အႏုပညာသမားေကာင္းတစ္ေယာက္ျဖစ္ဖို႔ ေတာ္ေတာ္ႀကိဳးစားခဲ့ရေပမယ့္ ယခုခ်ိန္မွာေတာ့ ဆိုရွယ္မီဒီယာေတြေပၚမွာ ေပၚျပဴလာျဖစ္လာတာနဲ႔ အႏုပညာရွင္လို႔ သတ္မွတ္ၾကတဲ့အေပၚမွာ ေတာ္ေတာ္ႏွေျမာစရာေကာင္းတယ္လို႔ ဒါရိုက္တာ၊ သ႐ုပ္ေဆာင္ ဦးေမာင္ေမာင္ျမင့္က . . .
ေရွးေခတ္ကဆို ေျမႀကီးမွာအပင္ဆိုတာ ဒုတ္ဆိုၿပီးခ်က္ခ်င္းသြားစိုက္လို႔ မရဘူး။ ႐ုပ္ရွင္ပညာနဲ႔ပတ္သက္လို႔ ဘယ္ေထာင့္က ပညာရပ္ကိုပဲၾကည့္ၾကည့္ အစကေနစၿပီးေတာ့ ပ်ိဳးရတာေပါ့ေနာ္။ အဲ့ဒီဥစၥာကို ေတာ္စြ၊ေရာ္စြေတြ လုပ္ၿပီးေတာ့ ဟာသေတြနဲ႔ ဆိုရွယ္မီဒီယာေဖ့ဘုတ္စ္ကေနၿပီးေတာ့ ဟိုလူသိ၊ ဒီလူသိသိလာတဲ့သူေတြက ဘဘတို႔ကိုအ ထင္မႀကီးေတာ့ဘူး။ အဲ့ဒီအတြက္ကေတာ့ဝမ္းနည္းမိတယ္။ တကယ္ကေတာ့ မဟုတ္ဘူး။တကယ္က ဒီလူေတြမွာမွ ပညာအိုေတြကရွိတာ။ အသစ္ေတြမွာ ပညာအိုတစ္ေယာက္မွမရွိဘူး။ အဲ့ဒါကို တန္ဖိုးမထားတတ္တဲ့အတြက္ စိတ္မ ေကာင္းဘူး။ ကၽြန္ေတာ္တို႔ရွင္းရွင္းေျပာရရင္ ကၽြန္ေတာ္တို႔ရဲ့ အႏုပညာနဲ႔ လုပ္ကိုင္ေပးရေတာ့ တစ္စက္မွ ႏွေျမာျခင္း မရွိဘူး။ တစ္စက္မွ ပင္ပန္းျခင္းလည္း မရွိဘူး။ ပိုက္ဆံမတတ္နိုင္ပါဘူးဆိုၿပီး ကၽြန္ေတာ္တို႔ ကၽြန္မတို႔ရဲ့ မဂၤလာ ေဆာင္ေလးကို ခ်ီးျမႇင့္ပါ ညက်လို႔ရွိရင္အၿငိမ့္ ေလးတစ္ခုေလာက္ကျပပါဦးဆိုရင္လည္း ကၽြန္ေတာ္တို႔ ကေပးတယ္။ အဲ့ဒီေတာ့ႏွေျမာ တယ္ဆိုတာက ကၽြန္ေတာ္တို႔က ရင္ထဲကမပါဘဲ နဲ႔ လုပ္လို႔ေတာ့မရဘူး။ ဒါကိုေပးလိုက္ရတာ ပိုက္ဆံနဲ႔ေပးဝယ္လို႔မရဘူး။ အဲ့ဒါကို တန္ဖိုးမ ထားတတ္လို႔ တန္ဖိုးမထားခဲ့ရင္ အရမ္းႏွေျမာ တယ္။ ရိုးရိုးႏွေျမာတာထက္ကို ပိုႏွေျမာမိ တယ္လို႔ ေျပာပါတယ္။
၅ႏွစ္မွာတစ္ႀကိမ္ျပဳလုပ္တဲ့ယခု ေရြးေကာက္ ပြဲမွာ ဒီမိုကေရစီအစစ္ရရွိသြားၿပီလို႔ ယူဆတဲ့ အေၾကာင္းကိုလည္း ဦးေမာင္ေမာင္ျမင့္က ဒီတစ္ေခါက္ေရြးေကာက္ပြဲကေတာ့ အရမ္း ကိုအားရတဲ့ ေရြးေကာက္ပြဲတစ္ခုပါ။ဒီမိုကေရစီဆိုတာက အားလုံးသည္ တန္းတူညီမၽွျဖစ္ရမယ္။စားအတူ၊ သြားအတူ၊ အလုပ္လုပ္လည္း အတူ၊ စိတ္တူညီမၽွ အကုန္ျဖစ္ေနရမယ္။လူသားအခ်င္း ခ်င္း ညီတူညီမၽွဆက္ဆံၿပီးအေကာင္းဆုံး နိုင္ငံ ေတာ္အတြက္ တစ္ေထာင့္တစ္ေနရာကေန ျဖည့္ ဆည္းေပးၾကရင္ ကၽြန္ေတာ္တို႔ခ်စ္တဲ့ ျမန္မာ နိုင္ငံဟာ ဘာမွေျပာစရာမရွိေအာင္လွပေနမွာပါလို႔ေျပာပါတယ္။
သဲစုလွိုင္

#Unicode

ငယ်စဉ်ကတည်းက အနုညာတွေနဲ့ပဲ ဘဝကိုအချိန်ကုန်ခဲ့ရတဲ့ ဦးမောင်မောင်မြင့်တစ်ယောက်ကတော့ အသက်အ ရွယ်ကြီးရင့်လာတဲ့အထိ ကိုယ်မြတ်နိုးတဲ့အနုပညာကို မစွန့်လွှတ်နိုင်သေးဘူးလို့ ဆိုပါတယ်။ အရင်အနုပညာလောကမှာ အနုပညာသမားကောင်းတစ်ယောက်ဖြစ်ဖို့ တော်တော်ကြိုးစားခဲ့ရပေမယ့် ယခုချိန်မှာတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပေါ်ပြူလာဖြစ်လာတာနဲ့ အနုပညာရှင်လို့ သတ်မှတ်ကြတဲ့အပေါ်မှာ တော်တော်နှမြောစရာကောင်းတယ်လို့ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးမောင်မောင်မြင့်က . . .
ရှေးခေတ်ကဆို မြေကြီးမှာအပင်ဆိုတာ ဒုတ်ဆိုပြီးချက်ချင်းသွားစိုက်လို့ မရဘူး။ ရုပ်ရှင်ပညာနဲ့ပတ်သက်လို့ ဘယ်ထောင့်က ပညာရပ်ကိုပဲကြည့်ကြည့် အစကနေစပြီးတော့ ပျိုးရတာပေါ့နော်။ အဲ့ဒီဥစ္စာကို တော်စွ၊ရော်စွတွေ လုပ်ပြီးတော့ ဟာသတွေနဲ့ ဆိုရှယ်မီဒီယာဖေ့ဘုတ်စ်ကနေပြီးတော့ ဟိုလူသိ၊ ဒီလူသိသိလာတဲ့သူတွေက ဘဘတို့ကိုအ ထင်မကြီးတော့ဘူး။ အဲ့ဒီအတွက်ကတော့ဝမ်းနည်းမိတယ်။ တကယ်ကတော့ မဟုတ်ဘူး။တကယ်က ဒီလူတွေမှာမှ ပညာအိုတွေကရှိတာ။ အသစ်တွေမှာ ပညာအိုတစ်ယောက်မှမရှိဘူး။ အဲ့ဒါကို တန်ဖိုးမထားတတ်တဲ့အတွက် စိတ်မ ကောင်းဘူး။ ကျွန်တော်တို့ရှင်းရှင်းပြောရရင် ကျွန်တော်တို့ရဲ့ အနုပညာနဲ့ လုပ်ကိုင်ပေးရတော့ တစ်စက်မှ နှမြောခြင်း မရှိဘူး။ တစ်စက်မှ ပင်ပန်းခြင်းလည်း မရှိဘူး။ ပိုက်ဆံမတတ်နိုင်ပါဘူးဆိုပြီး ကျွန်တော်တို့ ကျွန်မတို့ရဲ့ မင်္ဂလာ ဆောင်လေးကို ချီးမြှင့်ပါ ညကျလို့ရှိရင်အငြိမ့် လေးတစ်ခုလောက်ကပြပါဦးဆိုရင်လည်း ကျွန်တော်တို့ ကပေးတယ်။ အဲ့ဒီတော့နှမြော တယ်ဆိုတာက ကျွန်တော်တို့က ရင်ထဲကမပါဘဲ နဲ့ လုပ်လို့တော့မရဘူး။ ဒါကိုပေးလိုက်ရတာ ပိုက်ဆံနဲ့ပေးဝယ်လို့မရဘူး။ အဲ့ဒါကို တန်ဖိုးမ ထားတတ်လို့ တန်ဖိုးမထားခဲ့ရင် အရမ်းနှမြော တယ်။ ရိုးရိုးနှမြောတာထက်ကို ပိုနှမြောမိ တယ်လို့ ပြောပါတယ်။
၅နှစ်မှာတစ်ကြိမ်ပြုလုပ်တဲ့ယခု ရွေးကောက် ပွဲမှာ ဒီမိုကရေစီအစစ်ရရှိသွားပြီလို့ ယူဆတဲ့ အကြောင်းကိုလည်း ဦးမောင်မောင်မြင့်က ဒီတစ်ခေါက်ရွေးကောက်ပွဲကတော့ အရမ်း ကိုအားရတဲ့ ရွေးကောက်ပွဲတစ်ခုပါ။ဒီမိုကရေစီဆိုတာက အားလုံးသည် တန်းတူညီမျှဖြစ်ရမယ်။စားအတူ၊ သွားအတူ၊ အလုပ်လုပ်လည်း အတူ၊ စိတ်တူညီမျှ အကုန်ဖြစ်နေရမယ်။လူသားအချင်း ချင်း ညီတူညီမျှဆက်ဆံပြီးအကောင်းဆုံး နိုင်ငံ တော်အတွက် တစ်ထောင့်တစ်နေရာကနေ ဖြည့် ဆည်းပေးကြရင် ကျွန်တော်တို့ချစ်တဲ့ မြန်မာ နိုင်ငံဟာ ဘာမှပြောစရာမရှိအောင်လှပနေမှာပါလို့ပြောပါတယ်။
သဲစုလှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071