Thursday, February 19, 2026

အီရန်ကို အမေရိက ထပ်မတို-က်ရန် လက်ဗ်ရော့ဗ်...

အီရန်အပေါ် အမေရိက၏ ထပ်မံတို-က်ခိုက်မှု မှန်သမျှသည် ပြင်းထန်သော အကျိုးဆက်များဖြစ်လာလိမ့်မည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့သော အင်တာဗျူးတစ်ခုတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က ပြောကြားခဲ့ပြီး ငြိမ်းချမ်းသောနျူကလီးယားအစီအစဉ်သို့...

ရှမ်းပြည်နယ်ကြာသုံးပွင့် တောင်ကြီးဗုဒ္ဓတက္ကသိုလ်၌ မေတ္တာပို့တရားချီးမြှင့်ကြ

ရှမ်းပြည်နယ် ကြာသုံးပွင့် ဟုတင်စားခေါ်ဝေါ်သည့် မိုင်းဖုန်းဆရာတော်ကြီး၊ အောက်စ်ဖို့ဒ်ဆရာတော်နှင့် တောင်တန်းသာသနာပြုဆရာတော် စဝ်ဆုခမ်းတို့သည်ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်က တောင်ကြီး ဗုဒ္ဓတက္က သိုလ်၌...

အမေရိကန်က အီရန်ကို ယခုသီတင်းပတ်ကုန်တွင် တိုက်ခိုက်ရန်...

အမေရိကန်စစ်တပ်သည် အီရန်နိုင်ငံအား အစောဆုံးအနေဖြင့် ယခုသီတင်းပတ်ကုန်တွင် တိုက်ခိုက်ရန် အဆင်သင့်ရှိနေသော်လည်း သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အဆိုပါလုပ်ဆောင်ချက်များကို ခွင့်ပြုပေးရန် နောက်ဆုံးဖြတ်ချက် မချရသေးကြောင်း ယင်းကိစ္စနှင့်...

ရွှေတိဂုံစေတီတော်တွင် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ၁၀...

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၂၆၁၄)ခုနှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို၁၀ ရက်ကြာ ကျင်းပရန် စီစဉ်နေကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါ တပေါင်းပွဲတော်ကို လာမည့် ဖေဖော်ဝါရီလ ၂၁...
HomeInternationalဆိုရှယ်မီဒီယာများက ကလေးသူငယ်များအပေါ် သက်ရောက်မှုရှိ၊မရှိ...

ဆိုရှယ်မီဒီယာများက ကလေးသူငယ်များအပေါ် သက်ရောက်မှုရှိ၊မရှိ စစ်ဆေးသည့် သမိုင်းဝင်တရားခွင်တွင် ဇူကာဘတ် စစ်ဆေးခံရ

Meta ၏ စီအီးအိုဖြစ်သူ မာ့ခ်ဇူကာဘတ် သည် Instagram ကို လူငယ်များစွဲလမ်းစေရန် ရည်ရွယ်ချက်ရှိရှိ ဒီဇိုင်းထုတ်ထားခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ လော့စ်အိန်ဂျလိစ် တရားရုံးတွင် ဗုဒ္ဓဟူးနေ့က ပြင်းပြင်းထန်ထန် မေးမြန်းစစ်ဆေးခြင်း ခံခဲ့ရသည်။

ဆိုရှယ်မီဒီယာများသည် ကလေးသူငယ်များ၏ စိတ်ကျန်းမာရေးကို ထိခိုက်စေသည်ဟူသော နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ ဂျူရီအဖွဲ့ရှေ့တွင် ပထမဆုံးအကြိမ် ထွက်ဆိုရာ၌ Meta စီအီးအိုက သူသည် လူငယ်အသုံးပြုသူများ၏ ဘေးကင်းလုံခြုံရေးကို “ကျိုးကြောင်းဆီလျော်သော နည်းလမ်းဖြင့်” ကိုင်တွယ်ဖြေရှင်းထားသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ဆိုရှယ်မီဒီယာများကြောင့် ၎င်းတို့၏ သားသမီးများ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုကာ နိုင်ငံတစ်ဝန်းမှ လာရောက်ကြသည့် မိဘများကမူ တရားရုံးပြင်ပတွင် အခြားတစ်မျိုး ပုံဖော်ပြောဆိုခဲ့ကြသည်။ Meta ကုမ္ပဏီသည် အမြတ်အစွန်းအတွက် ၎င်းတို့၏ ကလေးသူငယ်များကို သားကောင်ဖြစ်အောင် ပြုလုပ်ကာ ခေါင်းပုံဖြတ်ခဲ့သည်ဟု သူတို့က ပြစ်တင်ပြောဆိုခဲ့ကြသည်။

ယခုတရားခွင်မှာ “Kaley” အမည်ရှိ အမျိုးသမီးငယ်က Meta နှင့် YouTube တို့သည် သူမအား ကလေးငယ်ဘဝကတည်းက စွဲလမ်းသွားအောင် ပြုလုပ်ရန် ဒီဇိုင်းထုတ်ထားသည်ဟု စွပ်စွဲထားခြင်း ဖြစ်သည်။ ဤအမှု၏ ရလဒ်သည် အလားတူ အခြားအမှုပေါင်း ရာနှင့်ချီအတွက် အဆုံးအဖြတ်ပေးနိုင်သည့် စံပြအမှု ဖြစ်လာနိုင်သည်။ အကယ်၍ ကုမ္ပဏီဖက်က အရေးနိမ့်ခဲ့လျှင် နစ်နာကြေးအဖြစ် ဒေါ်လာ ဘီလီယံနှင့်ချီ၍ ပေးလျော်ရနိုင်ပြီး လူအများစု၏ နေထိုင်မှုပုံစံကို ပုံဖော်ထားသည့် သူတို့၏ ဆိုရှယ်မီဒီယာများကိုလည်း မဖြစ်မနေ ပြောင်းလဲမှုများ ပြုလုပ်ရမည် ဖြစ်သည်။

ဇူကာဘတ် သည် ၅ နာရီကျော်ကြာ ထွက်ဆိုမှု ပြီးဆုံးပြီးနောက် တရားရုံး၏ နောက်ဖက်တံခါးမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်ကို အမေရိက ထပ်မတို-က်ရန် လက်ဗ်ရော့ဗ် သတိပေး

အီရန်အပေါ် အမေရိက၏ ထပ်မံတို-က်ခိုက်မှု မှန်သမျှသည် ပြင်းထန်သော အကျိုးဆက်များဖြစ်လာလိမ့်မည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့သော အင်တာဗျူးတစ်ခုတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က ပြောကြားခဲ့ပြီး ငြိမ်းချမ်းသောနျူကလီးယားအစီအစဉ်သို့ အီရန်လျှောက်လှမ်းနိုင်ရေး ဖြေရှင်းချက်ရှာဖွေရာတွင် ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် တောင်းဆိုခဲ့သည်။ ဝါရှင်တန်နှင့် တေရန်အကြား မြင့်တက်လာသည့် အကျပ်အတည်းသစ်ကို တားဆီးရန် အမေရိကနှင့် အီရန် ညှိနှိုင်းရေးမှူးများ သည် ဂျီနီဗာတွင် သွယ်ဝိုက်ဆွေးနွေးမှုများပြုလုပ်အပြီး တစ်ရက်အကြာတွင် ဆော်ဒီ၏ အယ်လ်အာရေဗျရုပ်သံနှင့် လက်ဗ်ရော့ဗ်၏ အင်တာဗျူးထွက်ပေါ်လာခြင်းဖြစ်သည်။ “အကျိုးဆက်တွေက မကောင်းပါဘူး။ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ အီရန်နျူကလီးယားနေရာတွေကို တို-က်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးပါပြီ။...

ရှမ်းပြည်နယ်ကြာသုံးပွင့် တောင်ကြီးဗုဒ္ဓတက္ကသိုလ်၌ မေတ္တာပို့တရားချီးမြှင့်ကြ

ရှမ်းပြည်နယ် ကြာသုံးပွင့် ဟုတင်စားခေါ်ဝေါ်သည့် မိုင်းဖုန်းဆရာတော်ကြီး၊ အောက်စ်ဖို့ဒ်ဆရာတော်နှင့် တောင်တန်းသာသနာပြုဆရာတော် စဝ်ဆုခမ်းတို့သည်ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်က တောင်ကြီး ဗုဒ္ဓတက္က သိုလ်၌ မေတ္တပို့တရားချီးမြင့်တော်မူခဲ့ကြသည်။ Photo-တောင်တန်းသာသနာပြုဆရာတော် စဝ်ဆုခမ်း

အမေရိကန်က အီရန်ကို ယခုသီတင်းပတ်ကုန်တွင် တိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း သမ္မတ အတည်ပြုချက် မရသေး

အမေရိကန်စစ်တပ်သည် အီရန်နိုင်ငံအား အစောဆုံးအနေဖြင့် ယခုသီတင်းပတ်ကုန်တွင် တိုက်ခိုက်ရန် အဆင်သင့်ရှိနေသော်လည်း သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အဆိုပါလုပ်ဆောင်ချက်များကို ခွင့်ပြုပေးရန် နောက်ဆုံးဖြတ်ချက် မချရသေးကြောင်း ယင်းကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။ မကြာသေးမီရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းတွင် လေကြောင်းနှင့် ရေကြောင်းစုဖွဲ့မှုများကို သိသိသာသာ တိုးမြှင့်ထားပြီးနောက် အမေရိကန်စစ်တပ်အနေဖြင့် သီတင်းပတ်ကုန်တွင် တိုက်ခိုက်မှုပြုလုပ်ရန် အသင့်ဖြစ်နိုင်ကြောင်း အိမ်ဖြူတော်သို့ အစီရင်ခံတင်ပြထားသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ သို့သော်လည်း ထရမ့်သည် စစ်ရေးအရ အရေးယူဆောင်ရွက်မှုအပေါ် ထောက်ခံသည့်ဘက်မှရော ကန့်ကွက်သည့်ဘက်မှပါ သီးသန့်ဆွေးနွေးငြင်းခုံမှုများ ရှိနေပြီး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071