Wednesday, April 29, 2026

သမိုင်းဝင်ဆဋ္ဌသင်္ဂါယနာတင်ပွဲအ​ကြောင်း

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓသာသနာတော် အထွန်းကားဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိရာ သာသနာဝင်သမိုင်း၏ အထင်ရှားဆုံးသော မှတ်တိုင်တစ်ခုမှာ ရန်ကုန်မြို့၌ လွန်ခဲ့သည့် နှစ် ၇၀ ကကျင်းပခဲ့သည့်...

မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်ဆယ်ချီပျ-က်စီးဆုံးရှုံးပြီး လူဦးရေ (၃၅၀)...

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် ယနေ့ ဧပြီ ၂၉ ရက်နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်ဆယ်ချီပျ-က်စီးဆုံးရှုံးပြီး လူဦးရေ...

မော်လမြိုင်-ရန်ကုန်သွားကားလမ်းတွင် ခရီးသည်တင်ကားမီးလေ-ာင်ခဲ့မှု ဘီးလင်းမြို့နယ်တွင်ဖြစ်ပွား

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ မော်လမြိုင်-ရန်ကုန်သွားကားလမ်းပေါ်၌ ယနေ့ ဧပြီ ၂၉ ရက်မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်ခန့်က ခရီးသည်တင်ကားမီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ...

Rodtang နှင့် Takeru တို့...

ကမ္ဘာကျော် ONE Championship ၏ ထိပ်သီးဖိုက်တာများဖြစ်ကြသည့် ထိုင်းဖိုက်တာ Rodtang နှင့် ဂျပန်ဖိုက်တာအကျော်အမော် Takeru တို့၏ Flyweight ကစ်ဘောက်ဆင်...
HomeArticlesဆရာကိုငြိမ်းအတွက်ဝမ်းနည်းစကားများ

ဆရာကိုငြိမ်းအတွက်ဝမ်းနည်းစကားများ

စာရေးဆရာ၊ ကဗျာဆရာ ကိုငြိမ်း(မန္တလေး) သည် မတ်လ ၂၆ ရက်နေ့က မန္တလေးမြို့ အောင်ပင် လယ်ရပ် နေအိမ်တွင် ကွယ်လွန်ခဲ့ပါ သည်။ ဆရာကိုငြိမ်း(မန္တလေး)အတွက် မန္တလေးမှ မိတ်ဆွေများရဲ့ အမှတ် တရစာများကို စုစည်းဖော်ပြပေးလိုက် ရပါသည်။

သိုက်ထွန်းသက်

နှစ်ပေါင်းများစွာ စာအတူ ရေး လာခဲ့တဲ့ အစ်ကိုကြီးတစ်ယောက် အခုလို ခွဲခွာသွားတော့ ဝမ်းလည်း နည်းတယ်။ တုန်လည်းတုန်လှုပ်သွား တယ်။ တို့ဆရာတွေ တော်တော်များ များမရှိတော့ဘူး။ တို့နဲ့ ရေးဖော်တွေ တစ်ယောက်ပြီး တစ်ယောက်လျော့ ကုန်ကြတယ်။ ဆရာငြိမ်းက ကိုယ်ပိုင် ရေးဟန်ရှိတဲ့ ကဗျာဆရာဆိုလည်း ဟုတ်တယ်။ ဝတ္တုရေးဆရာဆိုလည်း ဟုတ်တယ်။ ကိုယ်ပိုင်ရေးဟန်ရှိတဲ့ ရသစာပေသမားတစ်ယောက်ဆုံးရှုံးသွားတာဟာ ဝမ်းနည်းစရာကောင်း တယ်။ သူရေးတဲ့ စကားလုံးဝါကျတွေ က သူကစားချင်သလိုကစားပေမယ့် အပြင်ဖက်မှာ ရိုးရိုးသားသားပွင့်ပွင့် လင်းလင်းနဲ့ ဟန်ဆောင်ခြင်းကင်းတဲ့ မိတ်ဆွေတစ်ယောက်ပါ။

မဝင့်(မြစ်ငယ်)

ဦးငြိမ်းနဲ့ပတ်သက်ပြီး ကိုယ် ခံစားမိတာပြောမယ်ဆိုရင် မနက် တုန်းကလည်း မနီတာနဲ့ ပြောခဲ့ပါ သေးတယ်။ လူကြားသူကြားမှာ ငါကို ဆဲတာဆိုလို့ ဦးငြိမ်းကြီး တစ်ယောက် ပဲ ရှိတာပါဟာ။ ငါရဲ့ ရှားရှားပါးပါး လေးပါ။ တို့ရှေးလူတွေက မောင်နှမ ဆိုတာ အဲလိုချစ်ကြတာကွယ်။ ဆဲရ လူကလည်း ကျေကျေနပ်နပ်ချစ်လို့ ဆဲတာကွယ်။ ခံရတဲ့လူကလည်း ချစ် လို့ခံတာ။ အဲတာလေးပါ။

မောင်ကြည်သာ (တောင်တွင်း)

ဆရာမ မြနွယ်ရဲ့ စာအုပ်မိတ် ဆက်ပွဲ (၃.၃.၂ဝ၁၉) မှာ နောက် ဆုံးတွေ့ခဲ့ရတာဖြစ်ပြီး ရင်းရင်းနှီးနှီး စကားပြောဖြစ်ခဲ့ရပါတယ်။ ဝတ္တု၊ ကဗျာ၊ အက်ဆေးမှာ အရေကောင်း တဲ့ ပေါ်ပြူလာဂျာနယ်မှာလည်း ပင် တိုင်ရေးနေတဲ့ ဆရာငြိမ်းကွယ်လွန်တဲ့ အတွက် များစွာဝမ်းနည်းရပါတယ်။ စာပေလောကအတွက် ဆုံးရှုံးမှု တစ် ရပ်လည်း ဖြစ်ပါတယ်။

နေမျိုး

တမူးမြို့ အမေနေ့ စာပေဟော ပြောပွဲကို အတူသွားခဲ့ကြဖူးတယ်။ ကိုငြိမ်းပြောခဲ့တာတွေ ကိုငြိမ်း ဟော ခဲ့တာတွေ ကိုငြိမ်းပျော်ရွှင်ခဲ့တာတွေ ကို အခုထက်ထိမှတ်မိနေဆဲပါ။ တစ် ခရီးထဲ အတူသွားခဲ့သူတွေ သွားနှင့် ပေအုံး ကိုငြိမ်းရေ … ကျွန်တော် လိုက်ခဲ့မယ်။

စိုးဘားဒိုင်

၂ဝဝဝ ပြည့်နှစ်ရဲ့ ဒီဘက်ပိုင်း တွေမှာ ဆရာငြိမ်းနဲ့ပိုပြီးနီးနီးကပ်ကပ် ရှိလာခဲ့တယ်။ ထန်းရိပ်ညိုမှာ မကြာ ခဏတွေ့တယ်။ စာပေဟောပြောပွဲ တွေလည်း တွဲသွားဖြစ်လာတာများ တယ်။ ဆရာငြိမ်းရဲ့ အိမ်ကိုလည်း မကြာခဏရောက်တယ်။ ညီတစ် ယောက်လို သဘောထားဆက်ဆံခံရ တယ်။ စာပေနဲ့ပတ်သက်လို့ကတော့ တစ်ယောက်ကို တစ်ယောက်ထူးထူး ထွေထွေ အပြောအကူသိတ်မရှိဘူး။ စီနီယာ၊ ဂျူနီယာခွဲပြီးလည်း မဆက် ဆံဘူး။ မရီရီစိုးနဲ့ရပြီးတဲ့ နောက်ပိုင်း မရီစိုးကို ကျွန်တော်ကလည်း အစ်မ တစ်ယောက်လိုချစ်တယ်။ အစ်မက လည်း ကျွန်တော့်ကိုမောင်လေးတစ်ယောက်လိုသဘောထားတယ်။ အဲဒီ တော့ ဆရာငြိမ်းတို့ ဇနီးမောင်နှံနဲ့ ကျွန်တော်က မိတ်ဆွေရင်းချာဆို တာထက်ကို ပိုတဲ့မိသားစုပုံစံ ချစ်ခင် ခဲ့ကြတယ်။ စာပေနဲ့ပတ်သက်လို့က တော့ ဆရာငြိမ်းရဲ့ကဗျာတွေကိုရော၊ ဝတ္တုတိုတွေကိုပါ ကြိုက်တယ်။သူ့ အနုပညာကို လေးစားတယ်။ ဆရာ ငြိမ်းက သူ့ကိုယ်သူကဗျာဆရာအဖြစ် သဘောထားပြီး ကဗျာနဲ့နေထိုင် တယ်။ ဝတ္တုတို့ကိုကျတော့ မတော် တဆရေးမိတာကနေ ဝတ္တုတိုတွေ အများကြီးရေးဖြစ်သွားတာလို့ပြောတတ်တယ်။ ဒါပေမဲ့ ဘယ်အနုပညာ လက်ရာကိုမဆို တန်ဖိုးထား ဖန်တီး တတ်တဲ့ သူ့ပင်ကိုအလေးအနက်ရှိမှု တွေကြောင့် သူ့လက်ရာတွေဟာပရိသတ်အများအပြားရဲ့ လေးစားတန်ဖိုး ထားမှုကို ထိုက်ထိုက်တန်တန်ရတယ် လို့ ဆိုရမယ်။

သျှိုင်းရဲဝင့်

ထွက်သွားပြီ ဆိုကတည်းက နောက်လှည့်ကြည့်ပုံ မပေါ်တဲ့စက် ဘီး မန္တလေး ကိုငြိမ်း မန္တလေးကို ကျန်ရစ်သူ နေရီရီက “သူ့ကို ကျွန် တော်အားကိုးမှုထားနေတယ်တယ် ဆိုတာ သူသိပါတယ်”တဲ့ “အခုတော့ လေ သူကျောခိုင်းသွားပုံက”ဆိုပြီး ကျွန်တော့် လက်တစ်ဖက်ကိုကိုင် သူတပ်ထားတဲ့ ပါဝါမျက်မှန်အောက် အနားသပ်က စီးကျလားတဲ့ မျက်ရည် စတွေကို ကျန်တဲ့လက်ဖမိုးနဲ့ ဖိကပ် သိမ်းရင်း (ရင်တသိမ့်သိမ့်နဲ့) သူဘေး က ထာဝရအိပ်ဆက်နေတဲ့ အိပ်မက် သုံးဆင့် မြင်းတယောကိုကြည့်နေတာ များ ကျွန်တော်နဲ့ ကိုချမ်းသာတို့ မီး ခိုးအငွေ့ မျက်လုံးထဲဝင်သလို မျက် ရည်စတွေနဲ့။

 

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071