Looking for something?

Explore the website

Looking for something?

Wednesday, June 4, 2025

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃...

ထိုင်းတွင်ကိုဗစ်လူနာသစ် ၆၅,၀၀၀ ကျော်ရှိ၊ ‌ေ-သဆုံးသူသည်သုံးဦးရှိပြီဖြစ်

     ထိုင်းနိုင်ငံတွင် မေလနောက်ဆုံးအပတ်က ကိုဗစ်-၁၉ ကူးစက်သူသည် ၆၅,၈၈၀ ဦး အထိရှိလာပြီး‌ေ-သဆုံးသူသည် သုံးဦးအထိရှိလာသော်လည်း ရောဂါဖြစ်ပွားမှုသည် နှစ်အလိုက် အထွတ်အထိပ်အခြေအနေအောက် လျော့နည်းသွားသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးက...
HomeArticlesဆယ်စုနှစ်တွေ ကြာခဲ့သော်လည်း လွင့်ပျံနေဆဲ...

ဆယ်စုနှစ်တွေ ကြာခဲ့သော်လည်း လွင့်ပျံနေဆဲ တေးသံသာများ

oldstudio

ခေတ်တစ်ခါက ရေဒီယို၊ ကက်ဆက်လေးတွေကိုယ် စီနဲ့ နားထောင်ခဲ့ရတဲ့ စတီရီယိုခေတ်ဦး ကာလများဆီသို့ အလည်တစ်ခေါက် လောက်သွား ကြည့်ကြပါစို့။ ကက်ဆက်တိပ်ခွေ ခေတ်မှာ သီချင်းနားထောင်ခဲ့ရတဲ့ ပရိသတ်တွေရဲ့ဖီလင်ကလွမ်းစရာ ကောင်းခဲ့သလို အဲဒီ ခေတ်က နာမည်ကျော်အဆိုတော် တွေရဲ့ အောင်မြင်မှုကလည်း ကြောက် ခမန်းလိလိပါ။ ခိုးကူးတွေ မတွင် ကျယ်သေးတဲ့ ခေတ်ကြီးထဲမှာ နာမည်ကျော်အဆိုတော် တစ် ယောက်ရဲ့ အခွေချပ် ရောင်းအားဟာ သိန်းချီ၊ သောင်းချီရှိ ခဲ့တယ်လို့လည်း မှတ်တမ်းတွေ အရသိရပါတယ်။ အဲဒီခေတ်က အောင်မြင်သူအဆို တော်တွေထဲမှာ ဆိုပါတော့ လားရှိုး သိန်းအောင်၊ မြန်မာပြည် သိန်းတန်၊ ဇော်ဝင်းထွဋ်၊ အောင်ရင်၊ စိုးသူ စသဖြင့်ပေါ့။ သူ့ကာလအလိုက် နာမည်ကျော်လာခဲ့တဲ့ အဆို တော်တွေအများကြီး၊ အများကြီးပါ။ မိန်းကလေးတွေထဲမှာ ဆိုရင်လည်း မေဆွိတို့လို၊ မီမီဝင်းဖေတို့လို၊ နီနီဝင်းရွှေတို့လို၊ ဟေမာနေဝင်း၊ ကော်နီစသည်ဖြင့်၊ စသည်ဖြင့် အများကြီးပါပဲလေ။

ဂီတဆိုတာ ခေတ်အဆက်ဆက် ပုံသဏ္ဌာန်မျိုးစုံ ပြောင်းလဲပြီး လူသားတို့ရဲ့ စိတ်နှလုံးကို ညှို့ယူ ဖမ်းစားစေတဲ့ အနုပညာ တစ်ခုပါ။ အသစ်တွေဘယ်လောက် ပြောင်း ပြောင်း အဟောင်းမမေ့သာ ဆိုတဲ့ စကားလိုပါပဲ။ ခေတ်တွေပြောင်းခဲ့လို့ အဟောင်းကနေအသစ်တွေ ဘယ် လောက်ပေါ်လာပါစေ။ အရင်က တေးသံရှင်တွေရဲ့ တေးသံသာတွေက တော့ ဒီနေ့ထက်တိုင် လွင့်ပျံနေဆဲ ဖြစ်ပြီး ပရိသတ်တွေနှစ်ခြိုက်နေဆဲ ဖြစ်ပါတယ်။ အဲဒါဘာလို့လဲ။ အဓိကအားဖြင့်အဖြေရှာကြည့်လိုက်ရင် ရှင်းရှင်းလေးပါ။ လိုတိုရှင်းပြောရရင် သီချင်းတွေကောင်းလို့ပေါ့။ တိတိ ကျကျထပ်ပြောရရင် နှစ်ကာလ များစွာ ပရိသတ်ရင်ထဲ စွဲကျန်ရစ်နေ လောက်အောင်ကောင်းမွန်တဲ့ သီချင်းတွေဖန်တီးနိုင်လို့ပေါ့။ ဒါတွေ ခဏထားလိုက်ပါဦး။

အပေါ်က စာကိုပြန်ဆက်ရမယ် ဆိုရင် တစ်ခေတ်တစ်ခါက အောင် မြင်ခဲ့ကြတဲ့တေးသံရှင်တွေလည်း အချိန်ကာလယန္တရားကိုမလွန်ဆန် နိုင်တဲ့အခါ အသက်တွေကြီးလာကြ တယ်။ တချို့တွေက ဒီနိုင်ငံမှာပဲ အခြေချကြသလို တချို့တွေက နိုင်ငံ ခြားကိုထွက်ခွာသွားကြတယ်။ အဲဒီလိုနဲ့ ဆယ်စုနှစ်တွေဖြတ်ကျော် လာတဲ့အခါ ခေတ်ကာလကလည်း တိုးတက် ပြောင်းလဲလာတာနဲ့အတူ သူတို့တွေကိုယ့်နိုင်ငံကိုယ်ပြန်လာကြတယ်။ အမှတ်တရဖျော်ဖြေပွဲတွေ ပြုလုပ်လာကြတယ်။ ဒီဘက်နှစ်ပိုင်း တွေထဲမှာဆိုရင် မှတ်မှတ်ရရ စိုးသူ ပြန်လာတယ်။ ဖျော်ဖြေပွဲလုပ်တယ်။ အောင်မြင်ခဲ့တယ်။ မေဆွိပြန်လာ တယ်။ ဖျော်ဖြေပွဲလုပ်တယ်။ အောင် မြင်ပြန်တယ်။ တေးသံရှင်ကြီး မြန် မာပြည်သိန်းတန်ဆိုဖျော်ဖြေပွဲ၃ပွဲ အထိပြုလုပ်ခဲ့တယ်။ အောင်မြင်ခဲ့ ပါတယ်။

နိုင်ငံခြားကနေပြန်လာပြီး မြန် မာနိုင်ငံမှာ ပထမဦးဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ရတဲ့အချိန် ပရိသတ်တွေနဲ့တွေ့ရတဲ့ ခံစားမှုက တအားကိုကြည်နူးစရာကောင်း တယ်။ သြော်..ကိုယ့်ရဲ့ အမာခံ ပရိသတ်တွေ အများကြီးရှိနေပါလား သိခွင့်ရတော့ ကိုယ်သီဆိုရတဲ့ သီချင်းတွေအတွက် ပိုပြီးအားတတ် စရာဖြစ်တယ်။ ၃ပွဲလုံးဖျော်ဖြေရတဲ့ ဖီလင်ကအတူတူပါပဲ။ လမ်းမှာတွေ့ တဲ့ပရိသတ်တွေက ဦးသိန်းတန်ကြီး တစ်ကိုယ်တော်ဖျော်ဖြေပွဲမလုပ် တော့ဘူးလားလို့မေးတိုင်း ရှိုးပွဲလုပ် ချင်စိတ်တွေ ပေါ်ပေါ်လာပေမယ့် ဦးရဲ့တစ်ကိုယ်ဖျော်ဖြေပွဲတွေကို အကောင်းဆုံးချပြချင်တဲ့အတွက် အချိန်ယူနေတာပါ။ တစ်ကိုယ်တော် ဖျော်ဖြေပွဲထပ်လုပ်ဖို့လည်းရှိပါသေးတယ်” လို့ မြန်မာပြည်သိန်းတန်က ပြောပါတယ်။

ဒီ၂ဝ၁၆ ခုနှစ်ထဲမှာပဲ ဖျော် ဖြေပွဲနှစ်ပွဲပြုလုပ်ခဲ့သူ အဆိုတော် အောင်ရင်ကလည်း သူ့ခံစားချက်ကို …

” ပြောမပြတတ်အောင်ပါပဲ။ ဟိုမှာသွားနေတယ်ဆိုတာလည်း နေချင်လွန်းလို မဟုတ်ပါဘူး။ သိပ်ပြီးအဆင်ပြေလှတယ်လည်း မဟုတ်ပါဘူး။ ကိုယ့်ကျန်းမာရေး အခြေအနေကိုယ့်ဇနီးရဲ့ ကျန်းမာရေး အခြေအနေအရသာ နေရတာပါပဲ။ ဒီပြန်လာတဲ့အခါမှာလည်း မဝံ့မရဲနဲ့ လုပ်ရတာမျိုးလေး တွေရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုယ့်မှာလည်း ပရိသတ်အားပေးမှုလေး အထိုက် အလျာက် ရှိသေးတယ်ဆိုတဲ့စိတ် လေးရှိပါတယ်။ တစ်နှစ်တည်းမှာပဲ နှစ်ပွဲလုပ်တယ်ဆိုတာ တအား Risk များ ပါတယ်။ ပရိတ်သတ်တွေ ကလည်းလာလည်း ကြည့်ကြတယ်။ အားလည်းပေးကြတယ်ဆိုတော့ ကျေးဇူးလည်းတင်၊ ဝမ်းလည်းသာပါတယ်” လို့ပြောပါတယ်။

မကြာမီဖျော်ဖြေပွဲပြုလုပ်တော့မယ့်အဆိုတော် အေးချမ်းမေကလည်း ” မရောက်ဖြစ်တဲ့အချိန်မှာ ကျွန်မရဲ့ သီချင်းတွေကို နားဆင်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ နောက်လည်းဆက်ပြီး အနုပညာလုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်ဖို့အတွက် စီစဉ်ထားပါတယ်။ဆက်လက်ပြီးတော့လည်း ကျွန်မကိုအားပေးကြပါလို့ ပြောချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။ အသစ်တွေကတော့ အချိန် တိုင်းမှာပေါ်ပေါက်နေစမြဲပါ။ ဒီလိုပဲ ခေတ် ရေစီးကြောင်းအလိုက်အဆို တော်တွေရဲ့ တေးသီချင်းတွေကလည်း ခေတ်ပရိသတ်တွေနဲ့ တစ် သားတည်းစီးမျောနေသလိုတစ် ခေတ်တစ်ခါက အဆိုတော်ကြီးတွေရဲ့ တေးသံသာတွေကလည်း ဟောင်းလေ၊ ကောင်းလေဆိုသလိုတခမ်း တနားနဲ့ လွင့်ပျံနေဦးမှာပဲဖြစ်ပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071