တရုတ်နိုင်ငံကို အလည်အပတ်သွားရောက်မယ့်သူတွေအနေနဲ့ မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့တစ်နေရာက အနောက်တိုင်းနဲ့ အရှေ့တိုင်းယဉ်ကျေးမှုပေါင်းစပ်ထားပြီး ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှုအ မွေအနှစ်အဖြစ်အသိအမှတ်ပြုထားသလို တရုတ်နိုင်ငံရဲ့ သမိုင်းဝင်ယဉ်ကျေးမှုမြို့ဆိုတဲ့ ခေါင်းစဉ်နဲ့“တရုတ်နိုင်ငံရဲ့ စွဲမက်ဖွယ်မြို့(၁၀)ခုအတွင်းပါဝင်တယ်ဆိုတဲ့ ဂုဏ်ထူးတွေရရှိထားတဲ့ အမိုက်စားမြို့ငယ်တစ်မြို့ဖြစ်တဲ့ “နန်ရွန်းဟောင်းမြို့”ဘဲဖြစ်ပါတယ်လို့ မျှဝေပေးချင်ပါတယ်။
နန်ရွန်းဟောင်းမြို့ဟာ Zhejiang ပြည်နယ် Huzhou မြို့အနီး Nantong ခရိုင်ထဲမှာတည်ရှိပြီး တရုတ်နိုင်ငံရဲ့ ရှေးဟောင်းမြို့ငယ်တွေထဲက တစ်မြို့အဖြစ်လူကြိုက်များနေပြီဖြစ်ပါတယ်။ ဒီမြို့ဟာဆိုရင် သ မိုင်းကြာရှည်ပြီး စီးပွားရေး၊ ယဉ်ကျေးမှုအဆင့်မြင့်နေ ရာတစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာအမွေအနှစ်အနေအထားရှိသလို ယနေ့ခေတ်မှာတော့ ခရီးသွားလုပ်ငန်းအတွက် ထိပ်တန်းနေရာတစ်ခုအဖြစ်ထင်ရှားလာနေပြီဖြစ်ပါတယ်။
အဲဒီ နန်ရွန်းဟောင်းမြို့ကို Nanxun ကို Ming နဲ့ Qing မင်းဆက်ခေတ်တွေမှာ ပိုးချည်
စီးပွားရေးလုပ်ငန်းထွန်းကားမှုကြောင့်”ဝန်ကျင့်ပိုးချည်မြို့”လို့ခေါ်ကြပါတယ်။ တစ်ချိန်က တရုတ်နိုင်ငံအတွင်းမှာ တန်ဖိုးအမြင့်ဆုံး ပိုး ချည်ထုတ်လုပ်ရာဧရိယာအဖြစ်အသိအမှတ်ပြုခဲ့ကြပြီး စီးပွားရေးအထက်တန်းကုန်သည်တွေ၊ ဗဟိုကျင့်ပညာရှင်တွေ နေထိုင်ရာနေရာတစ်ခုဖြစ်ခဲ့ပါတယ်။
ဒါ့ကြောင့် တရုတ်နိုင်ငံက အသက်ဝင်တဲ့မြို့ဟောင်းမြို့ တစ်ခုဖြစ်အောင် နန်ရွန်းဟောင်းမြို့ကို စီမံကိန်းဆွဲရာမှာ ပြည်နယ်ရဲ့ မြောက်ဘက်ပိုင်းမှာနေထိုင်ရေးအဆောင်အယောင်တွေကိုထိန်းသိမ်းထားခဲ့ပါတယ်။
နန်ရွန်ဟောင်းမြို့ရဲ့ မြို့လုံးတစ်လျှောက်မှာ သံတံတား၊ ကျောက်တံတားလေးတွေဟာ ရေကြောင်းလမ်းနဲ့ထိပ် တိုက်ပေါင်းစပ်ထားတာဟာ အလွန်လှပပြီးသဘာဝအဆင့်မြင့်ပညာရပ်တစ်ရပ်ဖြစ်ပါတယ်။ ညနေချိန်မှာ ငြိမ်သက်နေပြီး လှပတင့်တယ်တဲ့ ရေမျက်နှာပြင်ပေါ်က တံတားအရိပ်တွေဟာ ရင်ထဲကိုထိထိမိမိအမူအရာပေးနိုင်တာက ဒီ မြို့ရဲ့ဆွဲဆောင်မှုတစ်ခုပါဘဲ။
ဒီ မြို့ဟာ စီးပွားရေးအလွန်ကောင်းမွန်ခဲ့တာကြောင့် တရုတ်အလယ်ပိုင်းခေတ် လယ်ကျယ်ကုန်သည်ကြီးတွေနေထိုင်ခဲ့ ပြီး တရုတ်နဲ့ အနောက်တိုင်းပေါင်းစပ်ပုံစံရှိတဲ့ ဥယျာဉ်ကြီး၊ တရုတ်တစ်နိုင်ငံလုံးမှာ သမိုင်းအလှဆုံးစာကြည့်တိုက်၊ပန်းခြံ၊ ရေပေါ်မိုးထပ်နဲ့ တိမ် တိုက်တွေပေါင်းစပ်ထားသည့် ဥယျာဉ်တွေဟာဆိုရင် အထင်ကရအဆောက်အဦတွေထဲမှာပါဝင်နေပါတယ်။ ဒီနေရာတွေမှာ အနောက်တိုင်း အဆောက်အ ဦးစတိုင်တွေနဲ့ တရုတ်နိုင်ငံရဲ့ ဂုဏ်ယူဖွယ်ဥယျာဉ်ဒီ ဇိုင်းတွေကို တစ်နေရာထဲတွေ့ရတာဟာ အထူးဆန်းကြယ်လို့နေပါတယ်။
နန်ရွန်းဟောင်းမြို့ရဲ့ ထင်ပေါ်ကျော်ကြားမှုက ပိုးချည်၊ သစ်သား၊ စက်မှုလုပ်ငန်းတွေကြောင့်အပြင် စာပေ၊ အ နုပညာ၊ ဖျော်ဖြေရေးတွေမှာလည်း အထူးထင်ပေါ်ကျော်ကြားတာကို လေ့လာသိရှိခဲ့ရပါတယ်။ Ming နဲ့ Qing ခေတ်မှာ ပန်းချီ၊ ကဗျာ၊ စာအုပ်စုဆောင်းမှုတွေ တိုက်ရိုက်ဆက်စပ်နေသေးတာကို သတိထားမိခဲ့တာကြောင့် ဒီ မြို့ရဲ့ ရှေးဟောင်းကျောက်လမ်းပေါ်၊ သစ် သားအိမ်ခေါင်မိုးကြီးအောက်လမ်းလျှောက်ရင်း ရေတံတားအလှတွေကိုခံစားနိုင်မှာဖြစ်သလို ပေါ့်ဆွဲဆန်မုန့်၊ ငါးခြောက်ချက်၊ ရေနွေးကြက်သားအချိုတွေ စားသုံးနိုင်ပြီး ရေတံတားအလှတွေ၊ ဥယျာဉ်ကြီးတွေဟာဆိုရင် ဓာတ်ပုံချစ်သူတွေအတွက် အလွန်ဆွဲဆောင်နိုင်တဲ့နေရာတွေဖြစ်တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။
ဒါ့ကြောင့် နန်ရွန်းဟောင်းမြို့ကိုသွားမယ်ဆိုရင် Shanghai နဲ့ Hangzhou နှစ်မြို့ကြား ကားနဲ ၁ နာရီကျော်ခန့်သာကြာပြီး အလွယ်တကူသွားလာနိုင်သလို မိုးရာသီနဲ့ နွေဦးကာလမှာ သဘာဝအလှအပြည့်ဖြစ်ပြီး အလွန်လှပနေတာကို ရှုမြင်ခံစားနိုင်မှာပါ။ ဒါ့အပြင် အဲဒီအချိန်ညနေခင်းတွေမှာ လင်းလက်လှပမှုတွေ ငြိမ်သက်နေတဲ့ မြို့ပုံစံတွေကိုပိုပြီးအရသာခံနိုင်မှာဖြစ်တာကြောင့်တရုတ်နိုင်ငံကို အလည်အပတ်သွားရောက်မယ်ဆိုရင် နန်ရွန်းဟောင်းမြို့ကို မဖြစ်မနေသွားရောက်လည်ပတ်ပြီး ဆန်းကြယ်တဲ့ရနံ့တွေနဲ့ ခရီးသွားအတွေ့အကြုံကိုခံစားရမိစေဖို့အတွက် ရေးသားဖော်ပြလိုက်ရပါတယ်။
































