Tuesday, December 16, 2025

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...
HomeNewsLocal Newsဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon...

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice Showcase-2025) ကျင်းပမည်

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား လက်ဆင့်ကမ်း ပညာပေးသူများအဖြစ် ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

လူဦးရေ ၈ သန်းကျော်ရှိသော ရန်ကုန်တိုင်း ဒေသကြီးတွင် ဆန်အမျိုးအစားများ၊ အရည်အသွေးများ၊ အမှတ်တံဆိပ်များနှင့် ဈေးနှုန်းများ မျိုးစုံစွာ ကွဲပြား များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့ သူမြို့ သားများ – အထူးသဖြင့် အလုပ် များသော အိမ်ရှင်မများနှင့် လူငယ်လူလတ်ပိုင်း မိသားစုများသည် ၎င်းတို့၏ လိုအပ်ချက်နှင့် ကိုက်ညီမည့် ဆန်အမျိုးအစားကို ရွေးချယ်ရာတွင် အခက်အခဲစိန်ခေါ်မှုများ ကြုံတွေ့နေရ ကြောင်း၊ ထမင်းကိုသာ သိပြီး ဆန်ကို သေသေချာချာ မသိရှိသော အခြေအနေများ ဖြစ်ပေါ်နေကြောင်း လေ့လာသုံးသပ်တွေ့ ရှိရသည်ဟုဆိုသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် စိုက်ပျိုးပြီး နိုင်ငံအနှံ့တည် ရှိနေသော ဆန်စက်များတွင် ကြိတ်ခွဲထုတ်လုပ် သန့်စင်ထုပ်ပိုးထားသော ဆန်အမျိုးအစားများအကြောင်း၊ အထူးသဖြင့် ၎င်းဆန်များ၏စားသုံးမှုအရည်အသွေး (Eating Quality)၊ ဈေးနှုန်းနှင့် အာဟာရတန်ဖိုးများအကြောင်းကိုလည်းကောင်း၊ Cooking Method (ချက်နည်းများ)ကြောင့် အရည်အသွေး၊ အရသာ ပြောင်းလဲမှုအပေါ် သိရှိနားလည်စေရန်အတွက်လည်းကောင်း ဆန်အကြောင်း သိကောင်းစရာများကို စနစ်တကျ ပြုစုဖြန့်ဝေ ပညာပေးနိုင်ရန် ရည်ရွယ်လျက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ စားသုံးသူ ပညာပေးလုပ်ငန်းအဖြစ် စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပံ့ပိုးကူညီပြီး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) သည် ညီနောင် အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ အသင်းဝင်ဆန်အရောင်းဆိုင်လုပ်ငန်းများ၊ ဆန်စပါး ကုမ္ပဏီများ နှင့်အတူ ပူးပေါင်း၍ ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice Showcase-2025) ကို စီစဉ်ကျင်းပခြင်းဖြစ်သည်။

ပြပွဲ၏ အဓိကရည်ရွယ်ချက်မှာ ဝယ်ယူစားသုံးသူများအနေဖြင့် ဆန်အကြောင်းသိကောင်းစရာများအပေါ် ပိုမိုသိရှိ နားလည် သဘောပေါက်ပြီး ရွေးချယ်ဝယ်ယူသုံးစွဲနိုင်စေရန်၊စားသုံးသူအိမ်ရှင်မများ ဆန် ဝယ်ယူရာတွင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စေရေး အထောက်အကူပြုနိုင်ရန်၊ အရည်အသွေး၊ အမှတ်တံဆိပ်နှင့် ဈေးနှုန်းဆိုင်ရာ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်၊စားသုံးသူများ ပိုမိုသိရှိနားလည်လာသည်နှင့်အမျှ ထုတ်လုပ်ရောင်းချသူများအနေဖြင့် အရည် အသွေး စံချိန်စံညွှန်းများ နှင့် ဈေးနှုန်းများ သင့်တင့်မျှတရန်လိုအပ်ချက်အပေါ်ပိုမိုအလေးအနက် ထားလိုက်နာလုပ်ဆောင်ခြင်းဖြင့် မြန်မာ့ဆန် ဈေးကွက်တွင် ဈေးကွက်၏ အရည်အသွေး ထိန်း ကျောင်းမှုစနစ်တစ်ရပ်ကို ဖော်ဆောင်နိုင်ရန်၊ ကျင့်ဝတ်နှင့် မညီသော ရောင်းချမှုများ ပပျောက်စေရန်တို့ဖြစ်ကြောင်း သိရသည်။

အဓိက ရှင်းလင်းပြသမည့်အရာများမှာ ပေါ်ဆန်းဆန်များနှင့် အခြားအရည်အသွေးမြင့်ဆန်အမျိုးအစားများ၊ ဆန် အရည်အသွေးအမျိုးမျိုးနှင့် အဆင့်အတန်းများ၊ ကုန်အမှတ်တံဆိပ်အမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုး၊ ချက်ပြုတ်နည်းများ နှင့် အာဟာရတန်ဖိုးများ၊ အိမ်ရှင်မများအား ဆန်အကြောင်းသိကောင်းစရာများကို လက်ဆင့်ကမ်းမျှဝေပေး မည့်သံတမန်များ (Rice Ambassador များ) အဖြစ် တာဝန်ပေးခြင်း၊ ရွေးချယ်ထားသော မြို့ နယ်များမှ စိစစ်ရွေးချယ်ထားသော အိမ်ရှင်မများ (အသက် ၄၅ နှစ် အောက်)လူငယ်လူလတ်များအားဆန်အကြောင်းသိကောင်းစရာပြိုင်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်စေပြီး ရွေးချယ်ခံရသူ အိမ်ရှင်မများအား MRF ၏ ဆန်အကြောင်း သိကောင်းစရာများကို လက်ဆင့်ကမ်း မျှဝေပေးမည့်သံတမန်များ (Rice Ambassador များ) အဖြစ် တာဝန်ပေး ခန့်အပ်ကာ ၎င်းတို့နေထိုင် သော ရပ်ကွက်နှင့် အနီးအနား ပတ်ဝန်းကျင် အသိုက်အဝိုင်းတွင် မှန်ကန်သော ဆန် အကြောင်း သိကောင်းစရာ ဗဟုသုတ အတွေ့ အကြုံများ၊ ဆန် အမျိုးအစားများ နှင့် ဈေးနှုန်းများအကြောင်းကို ဆက်လက်မျှဝေ လက်ဆင့် ကမ်းပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါပွဲကို (နံနက် ၉:၀၀ မှ နေ့လယ် ၁:ဝဝ နာရီ) အထိ Melia Hotel (Grand Ballroom)တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈ ရက် နေ့ရွေးကောက်ပွဲတွင် ပါတီအနိုင်ရခဲ့ပါက ဝန်ကြီးချုပ်ရာထူးအတွက် ယော့ချနန် ဝေါင်ဆာဝပ်ကို ဖြူထိုင်းက ပထမဦးစားပေးရွေးချယ် အဆိုပြုသွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဂျူလာပန် အမွန်ဝိဗတ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကိုယ်စားလှယ်လောင်းစာရင်းတွင် အခြားကိုယ်စားလောင်းနှစ်ဦးလည်းပါဝင်မည်ဖြစ်ပြီး ဂျူလာပန်ကိုယ်တိုင်နှင့် ဝါရင့်နိုင်ငံရေးသမား ဆူရီယာ ဂျွန်ရွန်ဂရန်ကစ်တို့ဖြစ်သည်။ “ပါတီတွင်း ဆွေးနွေးမှုတွေအရ ဖြူထိုင်းပါတီအတွက် ဝန်ကြီးချုပ်အဖြစ် အဆိုပြုဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ဟာ မစ္စတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071