Saturday, June 7, 2025

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး...

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ...

အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

လူမှုဖူလုံရေးအဖွဲ့တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် "ဘေးမခ"အထွေထွေရောဂါကုဆေးခန်းရှိရောဂါရှာဖွေရေး ဓါတ်ခွဲဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ အကျုံးဝင်...

ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေး ထိုင်းမိတ်ဖက်ကစားသမားများဖြင့် လေ့ကျင့်မည်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေးအတွက် ထိုင်းမိတ်ဖက် ကစားသမားများနှင့် လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ ယမန်နေ့ ဇွန် (၆) ရက်က...

ငလျင်ကြောင့် စာမေးပွဲပြန်ဖြေရမည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအတွက်...

အင်အားပြင်း မန္တလေးငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ မီးလေ-ာင်ပျ-က်ဆီးခဲ့သည့် ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီး (၃)ခုမှ စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ (၃၅,၉၂၂) ဦး နှင့်...
HomeInternationalဆန်ရှင်ထိ​နေ​သောဗင်နီဇွဲလားနိုင်ငံမှ ဥရောပသို့ရေနံပြန်လည်တင်ပို့မည်

ဆန်ရှင်ထိ​နေ​သောဗင်နီဇွဲလားနိုင်ငံမှ ဥရောပသို့ရေနံပြန်လည်တင်ပို့မည်

ဆန်ရှင်ထိ​နေ​သောဗင်နီဇွဲလားနိုင်ငံမှ ဥရောပသို့ရေနံပြန်လည်တင်ပို့မည်

ကာရာကက်စ်၊ဇွန် ၁၈
အမေရိကန်မှဗင်နီဇွဲလားနိုင်ငံအပေါ်ပိတ်ဆို့အရေးယူထား​သော်လည်း နှစ်နှစ်အကြာ ယခုချိန်တွင် ဗင်နီဇွဲလားမှ ဥရောပသို့ ရေနံတင်ပို့မှုများပြန်လည်လုပ်ဆောင်ရန် ပြင်ဆင်​နေပြီဖြစ်သည်။

ရုရှား – ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားထံမှရေနံစိမ်းဝယ်ယူမှုများကိုဖြတ်ချနိုင်ရန် ဥရောပကကြိုးပမ်း‌နေချိန်တွင် ယခင်က ဆန်ရှင်လုပ်ထား​သောဗီနီဇွဲလားထံမှ ​ရေနံ ပို့ကုန်များကိုလက်ခံလိုက်ခြင်းဖြစ်သည်။

အီတလီနိုင်ငံ Eni ကုမ္ပဏီကမှာယူထားသော ဗင်နီဇွဲလားရေနံစည် ၆၅၀,၀၀၀ ကိုပို့ဆောင်ပေးရန်အသင့်ဖြစ်နေပြီဟု သောကြာနေ့ကထုတ်ပြန်ခဲ့သော Refinitiv Eikon ၏ထုတ်ပြန်ချက်ကိုကိုးကား၍ Reuters သတင်းဌာနကဖော်ပြထားသည်။

ထို့အပြင် ဒုတိယအကြိမ်မြောက်အဖြစ် Eni ကုမ္ပဏီသို့ထပ်မံတင်ပို့ရန်အတွက် Pantanassa သင်္ဘောသည် ဗင်နီဇွဲလားသို့လာနေပြီး ဥရောပသို့‌‌ရေနံစည်ပေါင်း ၂ သန်းကျော်ယူဆောင်သွားနိုင်ရန်မျှော်လင့်ထားသည်ဟု Eikon အခက်လက်များအရသိရှိရသည်။

သတင်းရင်းမြစ်များ၏ပြောကြားချက်အရ Eni ကုမ္ပဏီ နှင့် စပိန်ရှိ Repsol ကုမ္ပဏီပိုင် Cartagena နှင့် Bilbao ရေနံသန့်စင်စက်ရုံများအတွက် မှာယူထားသောရေနံများကို ဗင်နီဇွဲလားနိုင်ငံပိုင် PDVSA ကုမ္ပဏီထံမှ ယခုလကုန်ပိုင်းတွင်ပို့ဆောင်ပေးရန်မျှော်လင့်ထားသည်ဟု သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗင်နီဇွဲလားနိုင်ငံမှ OPEC သို့ဆပ်ရန်ကျန်ရှိ‌နေသေးသည့် ဘီလီယံနဲ့ချီသောဒေါ်လာကြွေးမြီများနှင့်အမြတ်‌ဝေစုကို ပြေလည်အောင်ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ရပ်အနေဖြင့် ဗင်နီဇွဲလားမှရေနံတင်သွင်းမှုကို ဆက်လက်လုပ်ဆောင်ရန်ခွင့်ပြုကြောင်းစာများကို မေလက Eni နှင့် Repsol ကုမ္ပဏီများသို့ပေးပို့ခဲ့သည်။(OPEC – Organisation of the Petroleum Exporting Countries)

၂၀၁၈ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းအမြင့်ဆုံးအဆင့်သို့ရောက်ရှိသွားသောကြောင့် ကြွေးမြီဝန်ထုပ်ဝန်ပိုးဖြစ်သည့် ဗင်နီဇွဲလား၏စီးပွားရေးကို ရေနံတင်ပို့ခြင်းအားဖြင့်သက်သာရာရစေနိုင်သည်။အင်္ဂလန်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီ BP သည် ဗင်နီဇွဲလားတွင်ကမ္ဘာ့အကြီးဆုံးရေနံသိုက်ကြီးရှိကြောင်းလည်းဖော်ပြထားသည်။

၂၀၁၉ ခုနှစ် သမ္မတဒေါ်နယ်ထရမ့် လက်ထက်၌ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို၏ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကြောင့် ဗင်နီဇွဲလားအပေါ် ရေနံရောင်းဝယ်ရေးပိတ်ဆို့မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သမ္မတဘိုင်ဒင်လက်ထက်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ဒီဇယ်နှင့်ရေနံစိမ်းလဲလှယ်ခွင့်ပြုကာကုန်သွယ်ချိတ်ဆက်မှုများကို ပြန်လည်ဖွင့်လှစ်နိုင်ရန်ဆွေးနွေးမှုများ ရှိခဲ့သော်လည်းအကောင်အထည်မပေါ်ခဲ့ပေ။

ယခုခါတွင်မူ အိမ်ဖြူတော်က ဗင်နီဇွဲလားအားရေနံပိတ်ဆို့မှုအပေါ်ပြန်လည်သုံးသပ်နေပြီး မာဒူရိုနှင့်ဝင်ရောက်ဆွေးနွေးရန်စဉ်းစားနေကြောင်းကို လည်းမေလကကြေငြာခဲ့သည်။

Source – WionNews

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး အနည်းငယ်မြင့်တက်လာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ သိရသည်။ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ပထမတန်း (အဟောင်း) (၂၄) ပြည် ဆန်တအိတ်လျှင် ကျပ် (၁၅၅,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ပထမတန်း (အသစ်) (၂၄) ပြည် ဆန်တအိတ်လျှင်ရည်ညွှန်းဈေး ကျပ် (၁၄၀,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ဒုတိယတန်း (အဟောင်း)(၂၄) ပြည် ဆန်တအိတ်လျှင် ရည်ညွှန်းဈေး ကျပ် (၁၅၀,၀၀၀) နှင့်...

အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

လူမှုဖူလုံရေးအဖွဲ့တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် "ဘေးမခ"အထွေထွေရောဂါကုဆေးခန်းရှိရောဂါရှာဖွေရေး ဓါတ်ခွဲဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ အကျုံးဝင် အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား လုပ်ငန်းခွင် မပျ-က်ဌာနအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၅) ရက်က လူမှုဖူလုံရေးအဖွဲ့ ရွေ့လျားဆေးကုသယာဉ်(MMU)မှ တာဝန်ခံ ဆရာဝန်အပါအဝင် ဝန်ထမ်း (၁၅)ဦးတို့သည် အဂတိ လိုက်စားမှု တို-က်ဖျ-က်ရေးကော်မရှင်ရုံးရှိ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်း (၁၂၂)ဦးတို့အား လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုအပါအဝင် ဆေးဝါးကုသမှုများ၊ ဓါတ်ခွဲစစ်ဆေးမှုများနှင့်...

ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေး ထိုင်းမိတ်ဖက်ကစားသမားများဖြင့် လေ့ကျင့်မည်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေးအတွက် ထိုင်းမိတ်ဖက် ကစားသမားများနှင့် လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ ယမန်နေ့ ဇွန် (၆) ရက်က မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးကို သုဝဏ္ဏအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံတွင် ကျင်းပစဉ် ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် လက်ဝှေ့ပြိုင်ပွဲအတွက် ကစားသမားစေလွှတ်ရန် ကိစ္စများကိုလည်းထည့် သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၉)ရက်မှ (၂၀)ရက်အထိ ဘန်ကောက်မြို့၊ ချောင်ဘူရီမြို့၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071