မြန်မာနိုင်ငံ၏ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မှတ်ပုံတင်များကို အထူးကိစ္စရပ်အဖြစ် ရုံးပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိသည်ဟု ယနေ့ ဇန်နဝါရီ ၁ ရက်က အသိပေးခဲ့သည်။
ရွေးကောက်ပွဲကာလတွင် နိုင်ငံသားဖြစ်မှုဆိုင်ရာကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုးပျ-က်စီး/ပျောက်ဆုံးသူများအား သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ လဝကရုံးများ၌ အထူးကိစ္စရပ်အဖြစ် ရုံးပိတ်ရက်မရှိဘဲ ပျ-က်စီး/ပျေ-ာက်ဆုံးသည့် မှတ်ပုံတင်များကို ဥပဒေနှင့်အညီ အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် မှတ်ပုံတင် ပျ-က်စီး/ပျေ-ာက်ဆုံးသူ မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်ရာ မြို့နယ် လဝကရုံးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီး မှတ်ပုံတင် ပျ-က်စီး/ပျေ-ာက်ဆုံးမှုမရှိဘဲ ပျ-က်စီး/ပျောက်ဆုံးမှုကို အကြောင်းပြကာ ထပ်မံတင်ပြတောင်းခံကာ မှတ်ပုံတင်တစ်ခုထက် ပိုမိုကိုင်ဆောင်ပါက ဥပဒေနှင့်အညီထိရောက်စွာအရေးယူသွားမည်ဟုလည်း အသိပေးခဲ့သည်။
လဝကမှ နိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးရရှိကိုင်ဆောင်နိုင်ရေးနှင့် ကျင်းပလျက်ရှိသည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
