မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့ရှိ မဲဆန္ဒရှင်များအား မဲစလစ်များဖြန့်ဝေပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ယနေ့ ဇန်နဝါ ရီ ၇ ရက်နေ့လည်ပိုင်းကပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အဖွဲ့ဝင်များသည် ဆင်ပေါင်ဝဲမြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များသို့မဲစလစ်များဖြန့်ဝေခြင်း၊ မှတ်ပုံတင်ကတ်ပြားများတွင် မဲစာရင်းနံပါတ်များအား Price Tape ဖြင့်ရေးသားကပ်နှိပ်ခြင်းများ ဖြန့်ဝေထားခြင်း ရှိ/မရှိတို့ကို တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
