မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ – တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးရာမှ ရေစီးနှင့် မျေ-ာပါခဲ့သည့် ခရီးသည်တင်ယာဉ်ကို ယနေ့ ဇွန်လ (၂)ရက်တွင် လမ်းမပေါ်သို့ ဆယ်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မေလ (၂၆)ရက်၊ မွန်းလွဲ (၁)နာရီအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေထဲမျောပါမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသွားများအားလုံး ထိခို-က်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ဆင်တဲဝချောင်းမှာ မိုးရွာသွန်းပါက ရေစီးသန်သဖြင့် ဒေသခံများအနေဖြင့် သတိထားဖြတ်သန်း သွားလာရသည့် ချောင်းတစ်ခုဖြစ်ကြောင်း သိရသည်။