မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ (၃၀)ရက်တွင် ပြန်လည်ဆယ်ယူနေပြီဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်သည် ပြီးခဲ့သည့် မေလ (၂၆)ရက်၊ မွန်းလွဲ (၁) နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ ခရီးသွားများ အားလုံး ထိခို-က်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ဆင်တဲဝချောင်းမှာ မိုးရွာသွန်းပါက ရေစီးသန်သဖြင့် ဒေသခံများအနေဖြင့် သတိထားဖြတ်သန်း သွားလာရသည့် ချောင်းတခုဖြစ်ကြောင်း သိရသည်။