Friday, June 20, 2025

တောင်ငူ ခပေါင်းချောင်းရေ မြင့်တက်လာ အနိမ့်ပိုင်းရပ်ကွက်အချို့...

စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ငူမြို့၏ ခပေါင်းချောင်းရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၆၁၁) စင်တီမီ...

ငလျင်အလွန်မြန်မာနိုင်ငံ၏ပြန်လည်ထူထောင်ရေးတိုးတက်မှုနှေးကွေးနေ

ဇွန် ၁၉ မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့...

ကလပ်စတာဗုံး တပ်ဆင်ထားသော ဒုံးကျည် အီရန်ပစ်လွှတ်ဟု...

အီရန်နိုင်ငံသည် ကြာသပတေးနေ့ (ဇွန် ၁၉ ရက်) တွင် အစ္စရေးလ်နိုင်ငံသို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ရာ ထိခို-က်‌ေ-သဆုံးမှုများ တိုးပွားစေရန် ရည်ရွယ်၍ ကလပ်စတာဗုံးများ...

ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းရာ၌ အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့်ဖြစ်စေ...

ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းရာ၌ အများယုံ ကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့်ဖြစ်စေ အနည်းဆုံး(၃)ဦးဖြင့် ဖွဲ့စည်းရမည်ဟု နစက မှဇွန် ၁၉ ရက်ကထုတ်ပြန်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေတွင် ထည့်သွင်းဖော်ပြခဲ့သည်။ အဆိုပါ...
HomeNewsLocal Newsစွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့် အိမ်ထောင်စု (၉၅၀)အတွက် ထောက်ပံ့ငွေကျပ်(၃၄၂၀)သိန်းလှူဒါန်း

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက နေပြည်တော်ကောင်စီရုံး၌ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထောက်ပံ့လှူဒါန်းပွဲ၌ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သွားရောက်ကြီးကြပ်ပြီး အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။

အဆိုပါ စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းသည့် ထောက်ပံ့ငွေကျပ်(၃၄၂၀) သိန်းအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးကလက်ခံရယူခဲ့ပြီးနောက် နေပြည်တော်ကောင်စီ ဝင်ဦးမြင့်စိုးက နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနနှင့် နေပြည်တော်လမ်းကြီးကြပ်ရေးအဖွဲ့သို့ ထောက်ပံ့ငွေများနှင့် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များအား ပေးအပ်‌ခဲ့ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက် ‌ဈေးကုန်းကျောင်းတိုက်၊ လယ်ဝေးမြို့၊ သစ်စိမ့်ပင်ကျေးရွာအုပ်စု၊ ဗောဓိကုန်းကျေးရွာ ဗောဓိကုန်းကျောင်းတိုက်နှင့် လယ်ဝေးမြို့၊ အမှတ်(၁)ရပ် ကွက်၊ ဇမ္ဗူအေးကျောင်းများသို့သွားရောက်၍ သွပ်၊ မိုးကာနှင့် ဖျာများကိုလှူဒါန်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ငူ ခပေါင်းချောင်းရေ မြင့်တက်လာ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်

စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ငူမြို့၏ ခပေါင်းချောင်းရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၆၁၁) စင်တီမီ တာသတ်မှတ်ထားပြီး လက်ရှိတွင် (၅၀၀) စင်တီမီတာကျော်တွင်ရောက်ရှိနေကြောင်း ဆိုသည်။ ယနေ့ အစောပိုင်း နံနက် (၁) နာရီဝန်းကျင်၌ ခပေါင်းချောင်းရေမှာ အနိမ့်ပိုင်းရပ်ကွက် အချို့၏ မြစ်ကမ်းနဘေးဆောက်ထားသည့် အိမ်သာအချို့ ရေတို-က်စားသွားသည်ဟု ၎င်းက ပြောသည်။ "အခုတော့ အနိမ့်ပိုင်းရပ်ကွက်မှာ ခြေသလုံးလောက်တော့ ရေဝင်နေတာပေါ့။ မိုးကလည်းရွာနေတော့ စောင့်ကြည့်နေတယ်၊ ပြောင်း‌ရရွှေ့ရလောက်တဲ့အထိတော့ မဟုတ်သေးပါဘူး။ မိုးဆက်ရွာရင်တော့ ထပ်တက်မယ့်အခြေ...

ငလျင်အလွန်မြန်မာနိုင်ငံ၏ပြန်လည်ထူထောင်ရေးတိုးတက်မှုနှေးကွေးနေ

ဇွန် ၁၉ မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့ ဦးတည်နေသည်ဟုဆိုသည်။ မတ်လ၂၈ ရက် နေ့က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၇ သန်းကျော် ထိခို-က်ခဲ့ပြီး မြန်မာ့ဂျီဒီပီ၏ သုံးပုံတစ်ပုံခန့်ရှိသည့် ဒေသများရှိ လူနေအိမ် အဆောက်အအုံများ၊ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အဦးများနှင့် အမွေအနှစ်နေရာများ ပျ-က်စီးခဲ့ရသည်။ ငလျင်၏သက်ရောက်မှုသည် လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်‌နေစေပြီး “ဘေးဒဏ်သင့်ဒေသများရှိ...

ကလပ်စတာဗုံး တပ်ဆင်ထားသော ဒုံးကျည် အီရန်ပစ်လွှတ်ဟု အစ္စရေးဆို

အီရန်နိုင်ငံသည် ကြာသပတေးနေ့ (ဇွန် ၁၉ ရက်) တွင် အစ္စရေးလ်နိုင်ငံသို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ရာ ထိခို-က်‌ေ-သဆုံးမှုများ တိုးပွားစေရန် ရည်ရွယ်၍ ကလပ်စတာဗုံးများ တပ်ဆင်ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးလ်စစ်တပ်နှင့် ဝါရှင်တန်ရှိ အစ္စရေးသံရုံးတို့က ပြောကြားခဲ့သည်။ ၎င်းသည် ခုနစ်ရက်ကြာ စစ်ပွဲအတွင်း အစုလိုက်အပြုံလိုက် ပေါက်ကွဲစေတတ်သောကလပ်စတာဗုံးတပ် ဒုံးကျည်ကို ပထမဆုံးအကြိမ် အသုံးပြုမှု ဖြစ်ကြောင်းကိုလည်း ဖြည့်စွက်ပြောကြားသည်။ "ဒီနေ့ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အစ္စရေးလ်နိုင်ငံက လူဦးရေထူထပ်တဲ့ အရပ်သားနေထိုင်ရာဒေသတစ်ခုကို အစုလိုက်အပြုံလိုက် ပေါက်ကွဲစေတတ်တဲ့ ကလပ်စတာဗုံးတပ် ဒုံးကျည်တစ်စင်းနဲ့ ပ-စ်ခ-တ်ခဲ့ပါတယ်" ဟု ရိုက်တာသတင်းဌာနသို့ သံရုံးက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071