Thursday, January 8, 2026

Rice Export Zone များဖော်ဆောင်ရန်...

နိုင်ငံတော်မှ Rice Export Zone လုပ်ငန်းစဉ်အတွက် နိုင်ငံစီးပွားဖွံဖြိုးရေး ရန်ပုံငွေမှ တစ်ဧကလျှင် ကျပ်နှစ်သိန်းခွဲ(၂ဒသမ၅)သိန်းနှုန်းဖြင့် တောင်သူလယ်သမားသို့ သီးနှံတစ်ရာသီ အတိုးမဲ့ ထုတ်ချေးပေးမည်ဖြစ်ကြောင်း...

ဒေသ(၅)ခုတွင် လေ့ကျင့်ရေးစင်တာများဖွင့်လှစ်၍ အသက် (၁၄)နှစ်အောက်...

မြန်မာ့ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ(၅)ခုဖြစ်သည့် မော်လမြိုင်၊ နေပြည်တော်၊ ကချင်၊ မန္တလေး၊ တောင်ကြီးနှင့် ဧရာဝတီတိုင်းတို့တွင် လေ့ကျင့်ရေးစင်တာများဖွင့်လှစ်၍ အသက်(၁၄) နှစ်အောက် အမျိုးသား/အမျိုးသမီး...

စစ်မှုထမ်းဟောင်းများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းကကြိုးပမ်းဆောင်ရွက်နိုင်ရေး...

စစ်မှုထမ်းဟောင်းများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းကကြိုးပမ်းဆောင်ရွက်နိုင်ရေးကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ ယနေ့ ဇန်နဝါရီ ၇ ရက်က ဧရာဝတီတိုင်း၊...

ဆင်ပေါင်ဝဲမြို့မှ မဲဆန္ဒရှင်များအား မဲစလစ်များဖြန့်ဝေ

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့ရှိ မဲဆန္ဒရှင်များအား မဲစလစ်များဖြန့်ဝေပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ယနေ့ ဇန်နဝါ...
HomeNewsLocal Newsစီးပွား/ကူးသန်းဝန်ကြီးနှင့် တရုတ်သံအမတ်ကြီး H.E....

စီးပွား/ကူးသန်းဝန်ကြီးနှင့် တရုတ်သံအမတ်ကြီး H.E. Ms. Ma Jia တို့ တွေ့ဆုံဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သွားနိုင်ရေး၊ တရုတ်နိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရန် ခွင့်ပြုထားသည့် အမယ်များ ပိုမိုတိုးမြှင့်ရရှိနိုင်ရေး ဆွေးနွေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးမှ သံအမတ်ကြီး H.E. Ms. Ma Jia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်၊ ၁၁:၀၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်- ၃၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သွားနိုင်ရေး၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့်ကုန်ပစ္စည်းများ၏ အရည်အ သွေး စံချိန်စံနှုန်း ပြည့်မီစေရေးအတွက် လိုအပ်သည့်စက်ကိရိယာနှင့် နည်းပညာဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ တရုတ်နိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရန် ခွင့်ပြုထားသည့် အမယ်များ ပိုမိုတိုးမြှင့်ရရှိနိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်နေပြည်သူများ အကျိုးစီးပွား ဖြစ်ထွန်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များအပါအဝင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေးအတွက် ဆောင်ရွက်နိုင်မည့်အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ ကြောင်း သိရသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ရန်ကုန်မြို့အခြေစိုက် လာအိုသံရုံးမှ သံအမတ်ကြီး H.E. Mr. Bounphieng CHANTHAVONG အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်၊ ၁၄:၃၀ နာရီအချိန်တွင် ပြည်‌ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ အပါအဝင် အဓိကပို့ကုန်များအား လာအိုနိုင်ငံသို့ ပိုမိုတင်ပို့နိုင်ရေး၊ ကျိုင်းလပ်-စီအင်ကောက်တံတားမှ တစ်ဆင့် ကုန်စည်နှင့် လူများဝင်ထွက်သွားလာရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် အပြည်ပြည် ဆိုင်ရာဝင်/ထွက် ဂိတ်အဖြစ် အဆင့်မြှင့်တင်သွားနိုင်ရေးနှင့် ဝမ်ပုံ- ဘန်မောင်းမန် နယ်စပ်ဂိတ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နှစ်နိုင်ငံအကြား ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲများသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Rice Export Zone များဖော်ဆောင်ရန် တစ်ဧကလျှင် ကျပ်နှစ်သိန်းခွဲနှုန်းဖြင့် တောင်သူများကို ထုတ်ချေးမည်

နိုင်ငံတော်မှ Rice Export Zone လုပ်ငန်းစဉ်အတွက် နိုင်ငံစီးပွားဖွံဖြိုးရေး ရန်ပုံငွေမှ တစ်ဧကလျှင် ကျပ်နှစ်သိန်းခွဲ(၂ဒသမ၅)သိန်းနှုန်းဖြင့် တောင်သူလယ်သမားသို့ သီးနှံတစ်ရာသီ အတိုးမဲ့ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။ ပို့ကုန် (၂)ဆတိုးမြှင့်နိုင်ရေး ရည်မှန်းချက် အောင်မြင်ရေးအတွက် Rice Export Zoneများကို ပို့ကုန်လုပ်ငန်းရှင်များက ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က Rice Export Zoneများ ဖော်ဆောင်ရွက်ရေးနှင့် ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။ နိုင်ငံတော်မှ...

ဒေသ(၅)ခုတွင် လေ့ကျင့်ရေးစင်တာများဖွင့်လှစ်၍ အသက် (၁၄)နှစ်အောက် အမျိုးသား/အမျိုးသမီးကစားသမားများ လေ့ကျင့်သင်ကြားပေးလျက်ရှိ

မြန်မာ့ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ(၅)ခုဖြစ်သည့် မော်လမြိုင်၊ နေပြည်တော်၊ ကချင်၊ မန္တလေး၊ တောင်ကြီးနှင့် ဧရာဝတီတိုင်းတို့တွင် လေ့ကျင့်ရေးစင်တာများဖွင့်လှစ်၍ အသက်(၁၄) နှစ်အောက် အမျိုးသား/အမျိုးသမီး ကစားသမားများကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း အဖွဲ့ချုပ်ထံက သိရသည်။ ယင်းသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ ရွက်ပုန်းသီး မျိုးဆက်သ စ်များ ပေါ်ထွက်လာရေးအတွက် Regional Training Center ဒေသအလိုက် ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်းဆိုသည်။ အဆိုပါ ကစားသမားများ အနေဖြင့် သက်တမ်းအလိုက် လိဂ်ပြိုင်ပွဲများ၊ ဖလားပြိုင်ပွဲများတွင် ပါဝင်ကစားပြီး ခြေစွမ်းထူးချွန်သူများအနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းများတွ...

စစ်မှုထမ်းဟောင်းများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းကကြိုးပမ်းဆောင်ရွက်နိုင်ရေး လဝက ပြည် ထောင်စုဝန်ကြီးပြော

စစ်မှုထမ်းဟောင်းများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းကကြိုးပမ်းဆောင်ရွက်နိုင်ရေးကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ ယနေ့ ဇန်နဝါရီ ၇ ရက်က ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၌ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအားတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ လက်ရှိနိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပနေမှု၊ မော်လမြိုင်ကျွန်းမြို့နယ်သည် ရွေးကောက်ပွဲအပိုင်း(၃)၌ ကျင်းပမည့်အခြေအ နေနှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းကကြိုးပမ်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ ရွေးကောက်ပွဲတွင် မှတ်ပုံတင်ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် ပျေ-ာက်ဆုံး/ပျ-က်စီးပါက သက်ဆိုင်ရာလဝကရုံးသို့ဆက်သွယ်လျှောက်ထားဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့ပြီးနောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071