ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်သည် မေလ ၂၁ ရက်မှ မေလ ၂၅ ရက်အထိ ဗြိတိန် နှင့် မိုနာကိုနိုငိငံတို့သို့ သွားရောက်မည်ဖြစ်သည်။
၎င်း၏ခရီးစဉ်မှာဥရောပဈေးကွက်တွင် ထိုင်းထုတ်ကုန်များ၊ အားကစားနှင့် ခရီးသွားလာရေး စသည်တို့အတွက် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ကြိုးစားမည်ဖြစ်သည်။
၎င်း၏ ဗြိတိန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ်က“Thai SELECT” ဖွင့်ပွဲကိုတက်ရောက်မည်။
ဗြိတိန်မှစားသောက်ကုန်တင်သွင်းသူများ၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။
မိုနာကို၌ ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် F1 ပြိုင်ပွဲများ ကျင်းပနိုင်ခြေကို လေ့လာရန် Formula One (F1) အမှုဆောင်အရာရှိများနှင့် တွေ့ဆုံမည်။
Thai SELECT သည် ထိုင်းအစားအစာနှင့် ပြည်ပရှိ ထိုင်းစားသောက်ဆိုင်များ၏ စစ်မှန်သော ထိုင်းအရသာကို အာမခံရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပေးအပ်သည့် အသိအမှတ်ပြု လက်မှတ်ဖြစ်သည်။
လက်ရှိတွင် နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ စားသောက်ဆိုင်ပေါင်း ၁၇၀ ကျော်နှင့် ကုမ္ပဏီ ၁၀၈ ခုမှ ထုတ်ကုန် ၉၆၀ ကျော်သည် THAI SELECT လက်မှတ်များကို ရရှိထားပြီဖြစ်သည်။
Ref: khaosod