စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနေသော စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ချင်းတွင်းမြစ် ဆိပ်ကမ်းတလျောက်ရှိ ရေသွင်းရေထုတ်ရေတံခါးများ၊ရေထိန်းတာဘောင်များ ကြံ့ခိုင်မှုရှိရေးအတွက် မျက်ခြည်မပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ ချင်းတွင်းမြစ်ရေ အမှတ်သည် ဇူလိုင်လ(၁၂)ရက် နေ့လယ်ပိုင်းအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် (၁၀၀၀)စင်တီမီတာအထက် (၃၀) စင်တီမီတာကျော်လွန် ရောက်ရှိနေကြောင်း သိရသည်။
မုံရွာမြို့၊ အိုးဘိုတောင်(၀၀) ပေါက်တွဲရေတံခါးမှ ရေဝင်ရောက်မှုနှင့် ကြံ့ခိုင်မှု၊ ချင်းတွင်းမြစ်ရိုးတလျောက်ရှိ ရေထိန်းတာဘောင်နှင့် ရေထိန်းတံခါးကြံခိုင်မှုရှိစေရေးအတွက်ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မြစ်ရေကြီးမြင့်မှုဖြစ်ပါက ရေပြင်ရှာဖွေကယ်ဆယ်ရေး စပိချ်ဘုတ်များနှင့် ရှာဖွေကယ်ဆယ်ရေးရေယာဥ်ကြီးများ အသင့်ရှိစေရန် ဆောင်ရွက်ထားကြောင်း သိရသည်။
လက်ရှိတွင် မီးသတ်တပ်ဖွဲ့များက မြစ်ရေကြီးမြင့်မှု ကာကွယ်နိုင်ရန် ကင်းလှည့်ရေယာဥ်များဖြင့် အချိန်ပြည့်စစ် ဆေးဆောင်ရွက်လျက်ရှိပြီး ပြည်သူများအတွက် အသင့်သို လှောင်ထားသည့် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင် ရာမြို့နယ်များသို့ ဖြန့်ဝေပေးနိုင်ရေး၊ အချိန်မီရောက်ရှိစေရေးလည်း ဆောင်ရွက်ထားကြောင်း သိရသည်။
