Sunday, May 31, 2026

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...
HomeNewsLocal Newsစိုက်သမျှအောင်မြင်ရန် ရွှေဆံပင်အဖွဲ့ နှင့်...

စိုက်သမျှအောင်မြင်ရန် ရွှေဆံပင်အဖွဲ့ နှင့် ကုသိုလ်ရှင်များသစ်ပင် (၂၀၀၀) ကျော်စိုက်ပျိုး

ပြင်ဦးလွင်မြို့၊ ရွှေဆံပင်ပညာဒါနပရဟိတကျောင်းတွင် သြဂုတ်လ (၁၅)ရက် နှင့် (၁၆)ရက်များက မိုးရာသီသစ်ပင်စိုက် ပျိုးပွဲကို ကျင်းပရာ အပင် (၂၀၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ကြကြောင်း သိရသည်။

ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လသည် ဆရာတော်များနှင့်အတူ ရွှေဆံပင်ပညာဒါန ကျောင်းသူကျောင်းသားများ၊ ပြင်ဦးလွင်၊ မန္တလေး၊ မုံရွာ၊ ကျောက်ဆည်တို့မှ သစ်ပင်ချစ်သူများ လာရောက်ပါ၀င်ပူးပေါင်း၍ စားပင် (၁၀၀၀)ကျော်၊ ပ န်းပင်(၁၀၀၀)ကျော် နှင့် အရိပ်လည်းရ/ပန်းလည်းရ၊ အရိပ်လည်းရ/စားလည်းရသည့် အပင်ကြီးများ (၂၀၀)ခန့်ကို စိုက် ပျိုးကြခြင်းဖြစ်သည်။

“သေနေ့ကိုပင် ရွေ့စေနိုင်ပြီး အမြဲထာ၀ရ ကုသိုလ်တိုးနိုင်တဲ့ ကုသိုလ် (၆)မျိုးရှိပါတယ်။ ဥယျာဉ်သစ်ပင်၊ ရေအိုးစင်၊ တခွင်တံတားပေ ၊ ရေကန်ဆောက်ဦ ဤခြောက်ဆူ ထောက်ကူပံ့ကြလေ ၊ နေ့ညမညှိုးကုသိုလ်တိုး တန်ခိုးကြီးလှပေလို့ မှတ်ရမှာပါ။ သစ်ပင်တွေက စိုက်ဖို့လွယ်သလောက် ကြိုတ င်ပြင်ဆင်မှုနဲ့ ထိန်းသိမ်းပြုစုရတာ ခက်ပါတယ်။ ဒါကြောင့် အရေအတွက် ဦးစားမပေးဘဲ စိုက်သမျ အောင်မြင်ဖို့‌ သေ ချာပြင်ဆင်လုပ်နေပါတယ်။ ကျောင်းသူကျောင်းသားအလု ပ်သမားအဖွဲ့တင် လူပေါင်း (၃၀၀)လောက်မို့ အင်အား က တော့အပြည့်ပါ”ဟု ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လကမိန့်တော်မူသည်။

ကုသိုလ်ယူ သစ်ပင်လာရောက်စိုက်ပျိုးကြသူများကို သြဂုတ်လ (၁၆)ရက်တွင် ပြင်ဦးလွင်မြို့၊ ပြည့်စုံရွှေဆိုင်မိသား စုက နေ့လည်စာ ကျွေးမွေးလှုဒါန်းပြီး “စိန်မြင့်မိုရ်”ရွှေဆိုင်မိသားစုနှင့် Ok စွယ်တာ မိသားစုကလည်း ရေခဲမုန့်၊ ကိတ် မုန့်နှင့် ယိုးဒယားလိုက်ချီးပင် (၂၀) လှူဒါန်းကြောင်း သိရသ ည်။

ရွှေဆံပင်အကျိုးဆောင်အဖွဲ့ကလည်း နာနတ်သီးဖျော်ရည်နှင့် မာလကာသီးများ ကျွေးမွေးကုသိုလ်ပြုပြီး သြဂုတ်လ (၁၅)ရက်ကလည်း ဗန်းမောက်အဖွဲ့က ပြင်ဦးလွင်ရွှေဆံပင်ပညာဒါနသို့ လာရောက်ပြီး သံဃာတော်များနှင့်ကျောင်းသူကျောင်းသားဝေယျာ၀စ္စများအား နေ့ဆွမ်းအာဟာရလှူဒါန်းကာ အရိပ်ရ အသီးရ မက္ကဒေးမီးယား (ချောကလက်)ပင်များစို က်ပျိုးကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ညနေ ၄ နာရီ ၃၆ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှဝန်ထမ်းများနှင့် ပညာတော်သင်များကိုတွေ့ဆုံ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို မြန်မာသံရုံး၌တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံရုံး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးပြီး ဩဝါဒစ ကားပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတည်ခင်းဧည့်ခံသည့် ညစာစားပွဲကို တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071