Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeNewsLocal Newsစိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်ရန်...

စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်ရန် ASEAN-BAC ဖိလစ်ပိုင် နှင့် ASEAN-BAC မြန်မာတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ဖိလစ်ပိုင်နှင့် မြန်မာအကြား စိုက်ပျိုးရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ASEAN-BAC ဖိလစ်ပိုင် ဥက္ကဋ္ဌ Mr. Jose Ma. A Concepcion III နှင့် ASEAN-BAC မြန်မာဥက္ကဋ္ဌ ဦးအေးဝင်းတို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၂၃ခုနှစ် ၊ စက်တင်ဘာလ (၅) ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၊ The Sultan Hotel ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ အများအပြားတက်ရောက်သော ဖိလစ်ပိုင်-အင်ဒိုနီးရှား စားပွဲဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် လည်း နားလည်မှုစာချွန်လွှာ ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်အားပေးခဲ့သည်။

ယင်းအခမ်းအနားတွင် ASEAN-BAC နိုင်ငံများဖြစ်​သော ဖိလစ်ပိုင်၊က​မ္ဘောဒီးယား၊အင်ဒိုနီးရှား၊လာအို၊ဘရူနိုင်း၊မြန်မာ၊စင်္ကာပူ၊ထိုင်း တို့နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအသီးသီး လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ နားလည်မှုစာချွန်လွှာတွင် (၁)အသေးစား၊ အလတ်စားနှင့် အကြီးစား တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား အလားအလာရှိသော စိုက်ပျိုးရေးကဏ္ဍ ၊ စိုက်ပျိုးရေးနည်းပညာ၊ စားနပ် ရိက္ခာဖူလုံရေး၊ စားနပ်ရိက္ခာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စိုက်ပျိုးရေးအခြေခံစားနပ်ရိက္ခာ ထုတ်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပုံစံများနှင့် တန်ဖိုးမြှင့်ထောက်ပံ့မှုကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လေ့လာမှုများနှင့် လမ်းညွှန်မှုများပြုလုပ်ကြရန်၊
(၂) ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ နည်းပညာဖလှယ်ခြင်း၊  ဆန်နှင့် လယ်ယာထွက်ကုန်များ၊ ဝန်ဆောင်မှုကဏ္ဍများတွင် လိုအပ်သည့် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို သတ်မှတ်ရန်၊ 
(၃)ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် ထိရောက်သော မဟာဗျူဟာများကို မြှင့်တင်ရန်နှင့် မြန်မာနှင့်ဖိလစ်ပိုင်နိုင်ငံတို့အတွက် ရေရှည်တည်တံ့သော လယ်ယာစီးပွားရေး ပတ်ဝန်းကျင်ကို ရရှိရန် တို့ ပါဝင်ကြောင်း သိရသည်။

ASEAN Business Advisory Council Myanmar (ASEAN-BAC Myanmar) ကို ၂၀၀၃ ခုနှစ်တွင် ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အတည်ပြုချက်ရရှိခဲ့ပြီးနောက် စတင်ဖွဲ့စည်းခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှ အကြံပြုချက်များပေးရန်နှင့် စီးပွားရေးပေါင်းစည်းမှုဆီသို့ အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ရန်အတွက်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ASEAN Business Advisory Council Philippines (ASEAN-BAC Philippines) သည် ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးစံနမူနာပုံစံများနှင့် ကောင်းမွန်သောစီးပွားရေးပတ်ဝန်းကျင် အပါအဝင် အဓိကလယ်ယာ စိုက်ပျိုးရေးထွက်ကုန်နှင့် စက်မှုလုပ်ငန်းများ၏ အသွင်ကူးပြောင်းမှုကို မြှင့်တင်ရန် ရည်ရွယ် ဖွဲ့စည်းထားခြင်းဖြစ်သည်။

အခမ်းအနားသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း (Chair, ASEAN-BAC Myanmar) ၊ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်(Member of ASEAN-BAC Myanmar)၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ အကျိုးဆောင်စာရင်းစစ် ဦးဝေဖြိုး၊ Senior Executive Adviser ဦးဇော်မင်းဝင်း တို့ တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice Showcase-2025) ကျင်းပမည်

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား လက်ဆင့်ကမ်း ပညာပေးသူများအဖြစ် ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ လူဦးရေ ၈ သန်းကျော်ရှိသော ရန်ကုန်တိုင်း ဒေသကြီးတွင် ဆန်အမျိုးအစားများ၊ အရည်အသွေးများ၊ အမှတ်တံဆိပ်များနှင့် ဈေးနှုန်းများ မျိုးစုံစွာ ကွဲပြား များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့ သူမြို့ သားများ - အထူးသဖြင့် အလုပ် များသော အိမ်ရှင်မများနှင့် လူငယ်လူလတ်ပိုင်း...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071