Monday, August 17, 2026

WFP က မြန်မာရေဘေးသင့်ဒေသများတွင် အရေးပေါ်စားနပ်ရိက္ခာကူညီမှုများစတင်

ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ အာဟာရဖြည့် အသင့်စားဘီစကွတ်များ ဖြန့်ဝေပေးလျက်ရှိကြောင်း WFP ကထုတ်ပြန်ထားသည်။ အလျင်အမြန် ဆန်းစစ်လေ့လာချက်များအရ လေးမျက်နှာမြို့နယ်ရှိ ရပ်ကွက် ၅ ခုနှင့် ကျေးရွာ...

MPT က ဧရာဝတီရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်အကူအညီနှင့်...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူများအတွက် MPT က လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် အရေးပေါ်ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးနေကြောင်း ဩဂုတ် ၁၇ ရက်တွင်...

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်...

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ရန်ကုန်မြို့ သုဝဏ္ဏရှိ Myanmar...

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး အဝါရောင်အဆင့် သတ်မှတ်ထား၊

ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတို့၌ လှိုင်းကြီးပြီး မိုးသက်လေပြင်းကျမည် နေပြည်တော်၊ သြဂုတ်-၁၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည်...
HomeNewsLocal Newsစိုက်ပျိုးမွေးမြူရေး၊ စက်မှုနှင့် MSME...

စိုက်ပျိုးမွေးမြူရေး၊ စက်မှုနှင့် MSME ကဏ္ဍများသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေများ ပိုမိုစီးဆင်းစေရေး ဗဟိုဘဏ်တိုက်တွန်း

နေပြည်တော်၊ ဩဂုတ် ၁၇

ဘဏ်များတွင် ပြည်သူများ စုဆောင်းအပ်နှံထားသည့် ငွေကြေးများကို နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် MSME အပါအဝင် ထုတ်လုပ်မှုကဏ္ဍများသို့ ထိရောက်စွာ စီးဆင်းရောက်ရှိစေရေး ဆောင်ရွက်ကြရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တိုက်တွန်းထားသည်။

ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည့် “ဘဏ်များက စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလုပ်ငန်းနှင့် MSME လုပ်ငန်းများသို့ ၎င်းတို့၏ ငွေကြေးရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်နိုင်ရေး” ဆိုင်ရာ အစည်းအဝေးတွင် ဗဟိုဘဏ်ဥက္ကဋ္ဌက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘဏ်များတွင် ပြည်သူများစုဆောင်းအပ်နှံထားသည့် ငွေကြေးများကို နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုကဏ္ဍများသို့ ထိရောက်စွာ စီးဆင်းရောက်ရှိစေရေးသည် ဘဏ်လုပ်ငန်းကဏ္ဍ၏ အရေးကြီးသည့် တာဝန်တစ်ရပ်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ဘဏ်များအနေဖြင့် ပြည်သူများ၏ အပ်နှံငွေများကို စီးပွားရေးလုပ်ငန်းများသို့ ချေးငွေအဖြစ် ပြန်လည်ခွဲဝေထုတ်ချေးရာတွင် ချေးငွေဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်ရေးနှင့် အရည်အသွေးကောင်းမွန်သည့် Quality Loan များ ဖြစ်ပေါ်စေရေးကို အလေးထားရန် လိုအပ်ကြောင်းလည်း ဆိုသည်။

ယခုဘဏ္ဍာရေးနှစ်မှစတင်၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် MSME ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေထုတ်ချေးမှုများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဦးစားပေးကဏ္ဍအလိုက် လမ်းညွှန်ထားကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဘဏ်များ၏ ငွေကြေးရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်မည့် အစီအစဉ်များနှင့် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည့် အကြံပြုချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

WFP က မြန်မာရေဘေးသင့်ဒေသများတွင် အရေးပေါ်စားနပ်ရိက္ခာကူညီမှုများစတင်

ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ အာဟာရဖြည့် အသင့်စားဘီစကွတ်များ ဖြန့်ဝေပေးလျက်ရှိကြောင်း WFP ကထုတ်ပြန်ထားသည်။ အလျင်အမြန် ဆန်းစစ်လေ့လာချက်များအရ လေးမျက်နှာမြို့နယ်ရှိ ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၉၈ ရွာမှ လူဦးရေ ၃၂,၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။ WFP က ဒေသခံမိတ်ဖက်အဖွဲ့အစည်းများထံသို့ အာဟာရဖြည့်ဘီစကွတ် မက်ထရစ်တန် ၂၀ ပေးပို့ထားပြီး လူဦးရေ ၁၀,၀၀၀ အတွက် လုံလောက်သည့် အရေးပေါ်ရိက္ခာများကို လက်ရှိဖြန့်ဝေလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း ရေဘေးသက်ရောက်မှု အပြည့်အစုံကို ဆက်လက်အတည်ပြုနေဆဲဖြစ်ပြီး ပဋိပက္ခများ၊ နေရပ်စွန့်ခွာရမှုများ၊...

MPT က ဧရာဝတီရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်အကူအညီနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပံ့ပိုး

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူများအတွက် MPT က လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် အရေးပေါ်ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးနေကြောင်း ဩဂုတ် ၁၇ ရက်တွင် ထုတ်ပြန်သည်။ ငဝန်မြစ်ဝှမ်းတစ်လျှောက် တာတမံနိမ့်ကျကာ ရေကျော်စီးဝင်မှုများကြောင့် ထိခိုက်ခဲ့သည့် လေးမျက်နှာမြို့နယ်နှင့် ငသိုင်းချောင်းဒေသရှိ ရေဘေးရှောင်မိသားစုများထံသို့ MPT ဝန်ထမ်းများက ကိုယ်တိုင်သွားရောက်ကာ အခြေခံစားသောက်ကုန်၊ အဝတ်အထည်၊ ဆေးဝါးနှင့် နေ့စဉ်အသုံးအဆောင်ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ MPT ၏ အဆိုအရ ဩဂုတ် ၁၄ ရက်နှင့် ၁၅ ရက်အတွင်း အိမ်ထောင်စု ၃၀၀ ကျော်...

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် လက်ဝှေ့အား ကစားသမားများ စခန်းသွင်းလေ့ကျင့်

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ရန်ကုန်မြို့ သုဝဏ္ဏရှိ Myanmar Boxing Federation လက်ဝှေ့အဖွဲ့ချုပ်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။ ပြိုင်ပွဲအတွက် အားကစားသမားများ၏ ကိုယ်ကာယကြံ့ခိုင်မှု၊ ထိုးသတ်မှုနည်း ဗျူဟာများနှင့် လက်ဝှေ့နည်းစနစ်ပိုင်းဆိုင်ရာများကို အဓိကထား၍ အပြင်းအထန် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ လေ့ကျင့်ရေးစခန်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ပြိုင်ပွဲတွင် အကောင်းဆုံးရလဒ်များ ရရှိနိုင်ရေးအတွက် စုစည်းလေ့ကျင့်နေကြပြီး လေ့ကျင့်မှုအခြေအနေများကို ဓာတ်ပုံမှတ် တမ်းများဖြင့် ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071