Friday, June 6, 2025

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇...

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ...

အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့ကြောင်း ချဒ်နိုင်ငံက...

ချဒ်နိုင်ငံသားတွေ အမေရိကန်ကို လာရောက်လည်ပတ်ခွင့် ပိ-တ်ပင်တဲ့ ထရမ့်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့မယ်လို့ ချဒ်သမ္မတ မာဟာမက် အီဒရစ်...

ILO ဆုံးဖြတ်ချက်နှင့် ပက်သက်၍ နိုင်ငံတကာအသိုက်အဝန်းနှင့်...

ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ် (ILO)၏ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ ကျင်းပနေစဉ်ကာလအတွင်း ယမန်နေ့ ( ဂျွန် ၅)က မြန်မာနိုင်ငံနှင့်...

တရားမဝင် ဝင်ရောက်လာသည့် ဖိလစ်ပိုင်နိုင်ငံသား (၈)...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သို့ တရားမဝင် ဝင်ရောက်လာသည့် ဖိလစ်ပိုင်နိုင်ငံသား (၈) ဦးနှင့် ကွန်ဂိုနိုင်ငံသား တစ်ဦးတို့ကို ယနေ့ ဇွန် (၆) ရက်တွင်...
HomeNewsLocal Newsစိန်ရတုလွတ်လပ်ရေးနေ့တွင် လူစုလူဝေးနေရာများ၌ ဖောက်ခွဲဖျက်ဆီးမှုများနှင့်သတ်ဖြတ်မှုများပြုလုပ်ရန်စီစဥ်နေသည့်...

စိန်ရတုလွတ်လပ်ရေးနေ့တွင် လူစုလူဝေးနေရာများ၌ ဖောက်ခွဲဖျက်ဆီးမှုများနှင့်သတ်ဖြတ်မှုများပြုလုပ်ရန်စီစဥ်နေသည့် တပ်ကုန်း PDF အဖွဲ့ဝင် ၃ ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် လူ စုလူဝေးနေရာများ၌ ဖောက်ခွဲဖျက်ဆီးမှုများနှင့်လုပ်ကြံသတ်ဖြတ်မှုများပြုလုပ်ရန်စီစဥ်နေသည့် တပ်ကုန်း PDF အဖွဲ့ဝင် ၃ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ လုံခြုံရေးအဖွဲ့ဝင်များက ဖော် ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊နွယ်ရစ်ကျေးရွာ၌ တပ်ကုန်း PDF အဖွဲ့နှင့်ဆက်သွယ်၍ ဖောက်ခွဲမှုများပြုလုပ်ရန် စီစဉ်နေသည့် ကျော်မျိုးသူ အားဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ နေ့လည်ပိုင်းတွင် တပ်ကုန်း PDF အဖွဲ့ဝင် လှမိုး(ခ)လှမိုးအောင်အား တပ်ကုန်းမြို့နယ်၊ဆည်ထိပ်ကျေးရွာနှင့်ရွှေမြို့ကျေးရွာသွားလမ်းပေါ်၌ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ညနေပိုင်း၌ လုံခြုံရေးအဖွဲ့ဝင်များ၏ လှုပ် ရှားမှုများအားစောင့်ကြည့်၍ သတင်းပေးပို့နေသည့် တပ်ကုန်း PDF အဖွဲ့ဝင် ကျော်ဆန်းအေး(ခ) အရှည်ကြီး ကိုလည်း တပ်ကုန်းမြို့နယ်၊မြို့နယ်ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀)ရှေ့ရှိ ဆိုင်ကယ် ကယ်ရီဂိတ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်၌ တပ်ကုန်း PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးအား ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၆ တောင့်၊ PVC ပိုက်ဖြင့်ပြုလုပ်ထားသည့် လက် လုပ်မိုင်း ၁၀ လုံး၊ Keypad ဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲရသည့် ခလုတ် ၃ ခု၊ Keypad ဖုန်း ၁ လုံး၊ ရီမု ၁ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် လွတ်လပ်ရေးနေ့အခမ်းအနားပြုလုပ်မည့် တပ်ကုန်းမြို့၊ဗိုလ်ချုပ်ကြေးရုပ်နှင့်လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်၊မြဝတီရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၊တပ်ကုန်းမြို့မဈေးဝန်း ကျင်၊ဗိုလ်မင်းရောင်ရပ်ကွက်ရှိ ဘူတာလမ်း၊တပ်ကုန်းမြို့ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀)ရှေ့ဝင် ပေါက်နှင့်မြောက်ဘက်ဝင်ပေါက်၊နွယ်ရစ်ကျေး ရွာအဝင် တံတားထိပ်၊လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ပျော်ပွဲရွှင်ပွဲပြုလုပ်မည့် လူစည်ကားရာနေ ရာများတွင် ဖောက်ခွဲဖျက်ဆီးရန်စီစဉ်ထားမှုကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ မြို့တော်ရဲ့ တောင်ဘက်အစွန်ရပ်ကွက်တွေကို တို-က်လေယာဉ်တွေနဲ့ ဒရုန်းတွေက တို-က်ခို-က်ခဲ့တာ ဖြစ်ပါတယ်။ လက်ဘနွန် LBCI ရုပ်သံဌာနကတော့ အစ္စရေးဟာတို-က်ရို-က်ပ-စ်ခ-တ်မှု ၆ ကြိမ်နဲ့ သတိပေးပစ်ခတ်မှု ၁၀ ကြိမ်ပြုလုပ်ခဲ့ပြီး ကျန်ရှိတဲ့ ပစ်ခတ်မှုတစ်ခုကတော့ ပေါ-က်ကွဲမှုမဖြစ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီနေ့အစောပိုင်းမှာ IDF က သူတို့ရဲ့တို-က်ခို-က်မှုတွေဟာ ဘေရွတ်တောင်ပိုင်းဆင်ခြေဖုံး Dahieh မှာရှိတဲ့ ဟစ်ဇဘိုလာ လေကြောင်းယူနစ်...

အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့ကြောင်း ချဒ်နိုင်ငံက ကြေညာ

ချဒ်နိုင်ငံသားတွေ အမေရိကန်ကို လာရောက်လည်ပတ်ခွင့် ပိ-တ်ပင်တဲ့ ထရမ့်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့မယ်လို့ ချဒ်သမ္မတ မာဟာမက် အီဒရစ် ဒီဘီက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။ “အပြန်အလှန်ဆက်ဆံရေး နိယာမတွေနဲ့အညီ” အမေရိကန်နိုင်ငံသားတွေကို ဗီဇာဆိုင်းငံ့ဖို့ သူ့အစိုးရကို ညွှန်ကြားထားကြောင်း ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုမှာ ချဒ်သမ္မတက ပြောကြားခဲ့တာဖြစ်ပါတယ်။ "ချဒ်မှာ ပေးစရာလေယာဉ်တွေ မရှိဘူး၊ ပေးစရာဒေါ်လာဘီလီယံချီ မရှိဘူး၊ ဒါပေမဲ့ ချဒ်မှာ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ ဂုဏ်ယူမှုတွေ ရှိပါတယ်"လို့ ချဒ်သမ္မတဒီဘီက ပြောကြားခဲ့ပြီး၊ အဲဒီလိုပြောကြားမှုဟာ ကာတာနိုင်ငံ အုပ်ချုပ်သူမိသားစုက...

ILO ဆုံးဖြတ်ချက်နှင့် ပက်သက်၍ နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက်ထိတွေ့ ဆောင်ရွက်မည်ဟု အလုပ်သမားဝန်ကြီးဌာနဆို

ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ် (ILO)၏ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ ကျင်းပနေစဉ်ကာလအတွင်း ယမန်နေ့ ( ဂျွန် ၅)က မြန်မာနိုင်ငံနှင့် ပက်သက်သော ဆုံးဖြတ်ချက်ကို ILOမှ ချမှတ်ခဲ့သည်ဟု အလုပ်သမားဝန်ကြီးဌာနက ပြောသည်။ ထိုသို့ ချမှတ်သော ဆုံးဖြတ်ချက်သည် ILO၏ နိုင်ငံရေးဆိုင်ရာချဉ်းကပ်မှုများအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကာမြန်မာနိုင်ငံအစိုးရအပေါ် ILO စာမျက်နှာမှ တဆင့် ဖိအားပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တဖက်သတ်တောင်းဆိုထားသည့် ဆုံးဖြတ်ချက်သာဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောသည်။ ထို့ကြောင့် ILO မှ ထုတ်ပြန်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071