Looking for something?

Explore the website

Looking for something?

Monday, May 19, 2025

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး တရုတ်သွားမည်

အိန္ဒိယနိုင်ငံနှင့် ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး ပဋိပက္ခကို အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့အပြီး တစ်ပတ်ကျော်အကြာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ ရုံးက...

ဂျိုးဘိုင်ဒင် ဆီးကျိတ်ကင်ဆာရောဂါ ကိုပြင်းထန်စွာခံစားနေရဟုဆို

ဝါရှင်တန်၊မေ ၁၉ အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒင်သည် ဆီးကျိတ်ကင်ဆာဝေဒနာကိုအပြင်းအထန်ခံစားနေရကြောင်း၊ ကင်ဆာဆဲလ်များသည် ၎င်း၏ အရိုးများအထိပင်ပျံ့နှံ့နေပြီဖြစ်‌ေကြာင်းသိရသည်။ အသက် ၈၂ နှစ်အရွယ်ရှိသမ္မတ‌ေဟာင်း ဂျိုးဘိုင်ဒင်သည် ဆီးနှင့်ပတ်သက်သည့်ရောဂါလက္ခဏာများကို ခံစားခဲ့ရခြင်းဖြစ်ကြောင်းသိရပြီး နောက်ပိုင်းမှသာ ၎င်း၏မိသားစုဝင်များက...

ပြည်တွင်းစက်သုံးဆီဈေး အနည်းငယ် ကျဆင်း

ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီများ ဈေးနှုန်းကျဆင်းလျက်ရှိသောကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းလည်း လိုက်ပါကျဆင်းလာကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး လိုအပ်သလောက် အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ကြောင်းလည်း စက်သုံးဆီတင်သွင်းသိုလှောင်...

အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့၏ အနောက် တောင်ဘက် (၁၄)မိုင်ခန့် အကွာ နမ့်တိန်ချောင်းပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်နေသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား...
HomeCelebrities' Newsစိတ်ဝင်စားဖွယ်ရာ အစုံအလင်နဲ့ကေတုမတီ(တောင်ငူ) မြို့တည်နန်းတည်...

စိတ်ဝင်စားဖွယ်ရာ အစုံအလင်နဲ့ကေတုမတီ(တောင်ငူ) မြို့တည်နန်းတည် ၅ဝ၈ နှစ်ပြည့် ပွဲတော်ကြီး


ကေတုမတီ(တောင်ငူ) မြို့တည် နန်းတည် ၅ဝ၈ နှစ်ပြည့် ပွဲတော်ကြီး နဲ့အတူ ပူးပေါင်းကျင်းပတဲ့ ၈၇ ကြိမ် မြောက် နှစ်ကျိပ်ရှစ်ဆူဘုရာများ ဒေ သစာရီလှည့်လည်ပူဇော်ပွဲကတော့ အောင်မြင်စွာနဲ့ကျင်းပ ပြီးစီးခဲ့ပြီဖြစ် ပါတယ်။ ကဏ္ဍများစွာပါဝင်ခဲ့တဲ့အ ထဲမှာမှ ပရိသတ်တွေနဲ့ အနုပညာ ရှင်တွေ ထိတွေ့ခွင့်ရခဲ့တဲ့ အကြီး ကျယ်ဆုံး အခမ်းအနားကြီးက တော့ ဝင်းခင်းသဘင် အခမ်းအနားပဲဖြစ် ပါတယ်။ အဲဒီအခမ်းအနားမှာ တောင်ငူမြို့အဆက်ဆက်ကမင်း များ၊ မိဖုရားများ၊ သမီးတော်များ အဖြစ် နာမည်ကျော်သရုပ်ဆောင် တွေ ဖြစ်တဲ့ ရဲအောင်၊ နေထက်လင်း၊ ကျော်ကျော်ဗို၊ နေမျိုးအောင်၊ မိုးယံဇွန်၊ ထွန်းထွန်း၊ နေဒွေး၊ ဖိုးချစ်၊ သူထူးစံ၊ မင်းရာဇာ၊ ဖိုးချစ်၊ မေသဉ္ဇာ ဦး၊ ထက်ထက်မိုးဦး၊ ဖူးစုံ၊ မေကဗျာ၊ မိုးပြည့် ပြည့်မောင်၊ လှအဉ္ဇလီတင့်၊ အေးဝတ် ရည် သောင်း တို့နဲ့အတူ နာမည်ကျော် အနုပညာ ရှင်များစွာ က ပါဝင်ပံ့ပိုးကာ ဆင်၊ မြင်းအခြွေ အရံများစွာနဲ့ ဝင်းခင်းပြီး ကေတုမတီ ရှိကန်တော် ကြီး တစ်ပတ်လှည့် လည်ကာ တော် ဝင်ကေတုမတီ ဟိုတယ်မှာ အဆုံး သတ်ကြတယ်။မနှစ်က မြို့တည် နန်းတည် ပွဲတော်ကို မလုပ်ဖြစ်လိုက်တာကြောင့် ဒီနှစ် ၅ဝ၈နှစ်ပြည့်ဟာ ကြက်ပျံမကြ လောက်အောင် အတော်စည်ကား ခဲ့တယ်။ တောင်ငူသူ မြို့ခံဖြစ်တဲ့ စိုးပြည့် သဇင်ကတောင် ဒီနှစ်ရဲ့ စည်ကားချက်ကို မှင်တက်ခဲ့ရတယ် လို့ဆိုတယ်။

သူဆက်ပြောတာ ကတော့ စည်းကားလွန်းတဲ့အပြင် စည်းကမ်းတကျ ဖြစ်လာမှုတွေဟာ လည်း အံ့မ ခန်းလောက်အောင်ပဲလို့ မှတ်ချက်ပြု ဆိုတယ်။ ‘စိုးပြည့်က တောင်ငူသူဖြစ်တဲ့အတွက် အခုလို အခမ်းအနားတွေ လုပ်တိုင်း တအား ဂုဏ်ယူမိတယ်။ အဲ့ဒါ ကြောင့်ပဲ ဘာအကြောင်းကိစ္စပဲရှိနေနေ ရောက်အောင်လာရောက်ကူညီ အားဖြည့်ဖြစ်တယ်။ ငယ်ငယ်တုန်း က တော့တောင်ငူ နှစ်ကျိပ် ရှစ်ဆူဘုရားပွဲဆိုရင် လိုက် ကြည့်ရတာ ပေါ့လေ။ အခုတော့ အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ်တိုင်ပါဝင်ဖြစ်နေခဲ့ပြီပေါ့’ လို့ စိုးပြည့်သဇင်ကတော့ ပြောပြခဲ့ တယ်။


ကေတုမတီ ပွဲတော်ကြီးရဲ့ ဝင်းခင်း အခမ်းအနား အဖွင့်က အလွန် ကို စိတ်ဝင်စားဖွယ်ရာ အ ပြည့် နဲ့ လှပသေသပ်ခဲ့ တယ်။ အဓိကသူတွေကို ပြပါ ဆိုရင် မြို့ရွှေမန်းသား ဖိုးချစ်၊ မင်းရာဇာ၊ ဦးမိုးဝင်းတို့ အဓိကပါဝင် တင်ဆက်တဲ့ ‘မဟာကေတုမတ’ ဇာတ်သရုပ် ဖော်ဟာအင်မတန်မှ ပီပြင်ခဲ့ကြတယ်။ တခြား ပံ့ပိုးသူတွေ ဖြစ်တဲ့ သူထူးစံနဲ့ တောင် ငူ မြို့သား၊ မြို့သူတွေရဲ့ သရုပ်ပြတင် ဆက် မှုကလည်း တစ်သား တည်းကျခဲ့တာ ကြောင့်လှပ သေသပ်လွန်းတဲ့ဇာတ် သရုပ် ဖော်တစ်ခု ဖြစ်သွားခဲ့တယ်။ ဦးမိုး ဝင်း ကတောင်ငူဘုရင်၊ ဖိုးချစ်က နတ်သျှင်နောင်၊ ယိုးဒယား ဘုရင် နရဲစွမ်အဖြစ် မင်းရာဇာ တို့က တင် ဆက်တယ်။ မင်းရာဇာနဲ့ ဖိုးချစ် တို့ ကြီးမားတဲ့ ဆင်ကြီးတွေ ပေါ်ကနေ စီးချင်းထိုးကြတယ်။ တကယ်ထိုး တာနော်။ မင်းရာဇာရဲ့ ဆင်ကြီးကို ဖိုးချစ်ရဲ့ ဆင်ကြီးက သူရဲ့အစွယ်နဲ့ ပြေးထိုးတာ ဆင်ထိုး တွေ မနည်းကို ထိန်းရတာ ဒါတောင် မင်းရာဇာစီး တဲ့ဆင်ကြီး နည်းနည်း ပွန်းသွားသေး တယ်။ ပြီးတော့ ဖိုးချစ် ၊ မင်းရာဇာ နဲ့ သူထူးစံ တို့က မြင်းစီး အထူးကျွမ်း ကြတာကိုမျက်ဝါး ထင်ထင်တွေ့လိုက် ရတယ်။ ထူးဆန်းတာတစ်ခုကို ဖိုးချစ်က ဝင်းခင်းပွဲ အပြီး ပြောပြခဲ့ တာက’ ဆင်တွေက ရန်စောင်တာ တွေဘာတွေအရင်က မရှိဘူးဗျ။ ဒီနေ့ (ဝင်းခင်းအခမ်းအနား) ကျ တော့ စီးချင်းထိုးတဲ့အချိန်မှာ သူတို့ လည်း တကယ့်ကို မမြင်နိုင်တဲ့ အရာ တွေ ပါလာတယ်လို့ မြင်မိတယ်။ ကျွန်တော့်ဆင်က တကယ့်ကိုပဲ နရဲစွမ်ရဲ့ ဆင်ကိုအစွယ်နဲ့ ထိုးထည့် လိုက်တယ်။ ကျွန်တော်တို့ ထင် မထားမိတဲ့ရှော့ခ်ပဲ။ အပြင်မှာလည်း နတ်သျှင်နောင်ရဲ့ ဆင်ထက် နရဲစွမ် ရဲ့ဆင်က အစွယ်လည်းကြီးတယ်။အကောင်လည်း ကြီးတယ်။ လေ့ကျင့် တုန်းက ခေါင်းချင်းဆိုင်မယ် တိုက် မယ်။ ဒီလောက်ပဲ ။ တကယ်စီးချင်း တိုက်တဲ့ အချိန်မှာကျမှ အဲ့ဒီလို တိုက်တာ။ ကျွန်တော်သင်ပေး ထား ခြင်းလည်း လုံးဝမ ဟုတ်ပါဘူး” လို့ ပြောပြခဲ့တယ်။


နတ်သျှင်နောင်နဲ့ နရဲစွမ် တို့ရဲ့ စီးချင်းထိုးတဲ့တိုက်ပွဲ’မဟာကေ တုမတီ’ ရဲ့ သမိုင်းအထောက်အထား အပြည့်အဝကို တောင်ငူသားကြီး တစ်ဦးဖြစ်တဲ့ ဃြ ညြေု များရဲ့ ဥက္ကဋ္ဌကြီးဖြစ်သူ ဦးခင်မောင်အေး ကိုယ်တိုင် ရေးသားပေးခဲ့တာဖြစ်ပြီး မြို့ ရွှေမန်းသား ဖိုးချစ်ကစီစဉ်တင် ဆက်ပေးခဲ့တာဖြစ်ပါတယ်။


ညဘက်တွေမှာတော့ စတိတ်ရှိုး ဖျော်ဖြေတင်ဆက်မှုတွေ များစွာဟာ မိုးစင်စင်လင်းတဲ့အထိ ဖျော်ဖြေခဲ့သ လို ဖိုးချစ်ဇာတ်သဘင်ရဲ့ တင်ဆက် မှုတွေဟာလည်း မိုးလင်းပေါက် အ ထိပါပဲ။ မနက်အလင်း အရုဏ်ဦး အထိ တောင်ငူမြို့မှာ တောင်ငူမြို့ခံ တွေနဲ့အတူ ရပ်နီးရပ်ဝေးမှ လာ ရောက်လည်ပတ်သူတွေနဲ့ ပျားပန်း ခတ် စည်ကားနေခဲ့ပါတယ်။

ထက်လူ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071