ယခုရက်သတ္တပတ် မတ်လ(၁၂)ရက်မှ (၁၈)ရက်အထိ စားအုန်းဆီရည်ညွှန်းဈေးကျလာပြီး စားအုန်းဆီတစ်ပိဿာလျှင် (၆,၆၂၀)ကျပ်ဖြင့်ရောင်းချရန် သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
လက်ရှိတွင် မလေးရှားနှင့် အင်ဒိုနီးရှားမှ မြန်မာနိုင်ငံကို CIF စနစ်ဖြင့် တင်သွင်းနေသည့် စားအုန်းဆီဈေးနှုန်းများသည် လစဉ်ကျဆင်းလာသည်ဟု သိရသည်။
ထိုသို့ ဈေးနှုန်းများ ကျဆင်းလာသည့်အတွက်မြန်မာနိုင်ငံ၌လည်း စားအုန်းဆီရည်ညွှန်းဈေးနှုန်းများသည် လေးလတာကာလအတွင်း ၆၆၀ကျပ် ကျဆင်းခဲ့ကြောင်း သိရသည်။
ထို့အပြင် စားအုန်းဆီများကို ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။