Friday, June 6, 2025

(၁၃)ကြိမ်မြောက် သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိကုသလိုသူများ စာရင်းပေးနိုင်ပြီ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၃)ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား ကုသပေးမည်ဖြစ်ရာ ကုသလိုသူများ စာရင်းလာရောက်ပေးနိုင်ကြောင်း ယနေ့တွင် အသိပေးထားသည်။ မျက်စိကုသလိုသူများ စာရင်းပေးရာတွင် ဇွန်...

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေ

ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂...

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇...

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ...

အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့ကြောင်း ချဒ်နိုင်ငံက...

ချဒ်နိုင်ငံသားတွေ အမေရိကန်ကို လာရောက်လည်ပတ်ခွင့် ပိ-တ်ပင်တဲ့ ထရမ့်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့မယ်လို့ ချဒ်သမ္မတ မာဟာမက် အီဒရစ်...
HomeNewsLocal Newsစားအုန်းဆီစျေးနှုန်းများပြန်လည်ကျဆင်း အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ်...

စားအုန်းဆီစျေးနှုန်းများပြန်လည်ကျဆင်း အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၄၆၅၀ ဖြစ်ဟုထုတ်ပြန်

စားအုန်းဆီစျေးနှုန်းများပြန်လည်ကျဆင်း အခြေ ခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၄၆၅၀ ဖြစ်ဟုထုတ်ပြန်

ပြည်တွင်း၌ စားအုန်းဆီစျေးနှုန်းများပြန်လည်ကျဆင်းလာကာ ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေး နှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၆၅၀ ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေး ကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ရည်ညွှန်းစျေးနှုန်းလျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားကူးသန်းဝန်ကြီးဌာန၊စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများအား နေ့စဉ်စောင့်ကြည့်၍ သယ်ယူပိုဆောင်ခကုန်ကျစရိတ်များ၊ဘဏ်စရိတ်များ၊အခွန်အခများထည့်သွင်း တွက် ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက် ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအား ထုတ်ပြန်ပေးလျက်ရှိသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းနှင့်မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေအရ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

“စားအုန်းဆီစျေးက ကျလားဆိုတော့ အနည်းအကျဥ်းလောက်တော့ပြန်ကျတယ် ကျွန်မတို့က အကြော်ဆိုင်ဆိုတော့ နေတိုင်းစားအုန်းဆီဝယ်နေရတာလေ တစ်ပိဿာကို ၆၈၀၀ ပေးရတယ် အရင်ကထက်စာရင်တော့ နည်းနည်းကျသွားတာပေါ့ အရင်ကဆိုရင် ၇၀၀၀ ကျော်ရှိတယ်”ဟုအကြော်ဆိုင်ဖွင့်လှစ်ရောင်း ချနေသည့် ဒေါ်သိန်းသိန်းစိုးကပြောသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၁၃)ကြိမ်မြောက် သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိကုသလိုသူများ စာရင်းပေးနိုင်ပြီ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၃)ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား ကုသပေးမည်ဖြစ်ရာ ကုသလိုသူများ စာရင်းလာရောက်ပေးနိုင်ကြောင်း ယနေ့တွင် အသိပေးထားသည်။ မျက်စိကုသလိုသူများ စာရင်းပေးရာတွင် ဇွန် (၂၀) ရက် နံန က် (၇) နာရီမှစ၍ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား စာရင်းလာရောက်ပေးသွင်းနိုင်‌ကြောင်း သိရသည်။ "သတင်းကောင်းပေးပါသည်။ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)၏ (၁၃) ကြိမ်မြောက် မျက်စိအလင်းအလှူ စာရင်းပေးကာလကို အသိပေးပါသည်"ဟု အသိပေးထားသည်။ စာရင်းလာရောက်ပေးသွင်း လိုသူများအနေဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စာကြည့်တိုက်ရုံးခန်း၊ ဘေလီတံတားအဆင်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့...

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေ

ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂,၆၇၉)ကျပ်၊ ၉၅ တစ်လီတာ (၂,၇၂၇) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ (၂,၂၂၇) ကျပ်၊ ပရီမီယံဒီဇယ်က တစ်လီတာ (၂,၇၈၂) ကျပ်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်တစ်ပါတ်တွင် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂,၈၅၅)ကျပ်၊ ၉၅ တစ်လီတာ (၂,၉၁၀) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ...

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ မြို့တော်ရဲ့ တောင်ဘက်အစွန်ရပ်ကွက်တွေကို တို-က်လေယာဉ်တွေနဲ့ ဒရုန်းတွေက တို-က်ခို-က်ခဲ့တာ ဖြစ်ပါတယ်။ လက်ဘနွန် LBCI ရုပ်သံဌာနကတော့ အစ္စရေးဟာတို-က်ရို-က်ပ-စ်ခ-တ်မှု ၆ ကြိမ်နဲ့ သတိပေးပစ်ခတ်မှု ၁၀ ကြိမ်ပြုလုပ်ခဲ့ပြီး ကျန်ရှိတဲ့ ပစ်ခတ်မှုတစ်ခုကတော့ ပေါ-က်ကွဲမှုမဖြစ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီနေ့အစောပိုင်းမှာ IDF က သူတို့ရဲ့တို-က်ခို-က်မှုတွေဟာ ဘေရွတ်တောင်ပိုင်းဆင်ခြေဖုံး Dahieh မှာရှိတဲ့ ဟစ်ဇဘိုလာ လေကြောင်းယူနစ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071