စားဝတ်နေရေး ခက်ခဲနေသော ရုပ်ရှင်အလွှာပေါင်းစုံ မှ ပညာရှင်များကို ကူညီထောက်ပံ့နိုင်ရန်အတွက် မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုထုတ် လုပ်ရေးလုပ်ငန်းရှင်များ အသင်းကိုဖွဲ့စည်းရန် ဆွေးနွေးတိုင်ပင်လျက်ရှိနေသည်ဟု ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်သူတစ်ဦးဖြစ်သော ဦးတင်ထွန်း ဝင်း (ဒီဗီဗိုက်ရုပ်ရှင်ထုတ်လုပ်ရေး)က ပြောပြသည်။
“အခု ဒုတိယအကြိမ် ဆွေးနွေးဆောင်ရွက်နေပါပြီ။ ပထမအကြိမ် ပဏာမညှိနှိုင်းဆောင်ရွက်တုန်းကတော့ ထုတ်လုပ်ရေးတွေဖြစ်တဲ့ မျက်ခြယ်၊ မဟော်ဂနီ၊ ခရေဖြူ၊ ရွှေစင်ဦး၊ လပ်ကီးဆဲဗင်း၊ အောင်တိုင်းကျော်၊ ကြောင် ကမ္ဘာ၊ သုခမိန်၊ ဖီးနစ်၊ ရွှေစည်တော်၊ သစ္စာနှင်း ဆီ၊ ရွှေ တောင်၊ သင်္ကေတ၊ DV5 စတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ် ရေးတွေပါဝင်ပါတယ်။ အဲ့ဒီထုတ်လုပ်ရေးတွေ အားလုံးစု ပေါင်းပြီး ထည့်ဝင်ထားတဲ့ ပဒေသာပင်စုစုပေါင်းက ကျပ်သိန်း ၂ဝဝကျော်ရရှိထားပါတယ်။ အခုဒုတိယ အကြိမ် ဆွေးနွေးဆောင်ရွက်တဲ့အခါကျေ တာ့ အောင်သီရိ၊ ရွှေပင်ဆင့်၊ ဇမ္ဗူတလူ၊ ကြယ်ကမ္ဘာစတဲ့ ရုပ်ရှင်နဲ့ဗီဒီယို ထုတ်လုပ်ရေးတွေလည်း ပဒေသာပင်အတွက် လှူဒါန်းမှု တွေ ရှိလာပါတယ်”ဟု ဦးတင်ထွန်းဝင်းက ပြောသည်။
မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး လုပ်ငန်းရှင် များ အဖွဲ့ကို ၂ဝ၁၆ ခုနှစ်တွင်း ဖွဲ့စည်းခွင့်ပြုချက် ရယူခဲ့တာဖြစ်ပြီး အဆိုပါအဖွဲ့ အစည်းအနေဖြင့် ရုပ်ရှင်နှင့် ဗီဒီယိုလောကအတွင်း အနုပညာအလုပ်ဖြင့် အသက် မွေးဝမ်းကျောင်းပြုနေကြသော စက်မှု၊ဇာတ်ပို့ဇာတ်ရံ၊ ဇာတ်ညွှန်းစသည့် ရုပ်ရှင်အလွှာအသီးသီးက စားဝတ်နေ ရေးခက်ခဲကြုံနေရသော အနုပညာရှင် အတတ်ပညာရှင် များကို ၃လတစ်ကြိမ် ကူညီထောက်ပံ့မှုများပေးခြင်း၊ အရည်အသွေးမြင့်မားသော ဇာတ်လမ်းများ ပေါ်ထွက် လာရေး၊ မြန်မာဇာတ်ကားများကို ပရိသတ်များပြန် လည်လက်ခံကြည့်ရှုလာနိုင်အောင် စည်းရုံးဆောင်ရွက် ရေး၊ ဈေးကွက်အသစ်ချဲ့ထွင်ကာ ပရိသတ်လက်ထဲသို့ တိုက်ရိုက်ကြည့်ရှုနိုင်ရ န် ဆောင်ရွက်ခြင်း၊ လုပ်ငန်းရှင် အသစ်များပေါ်ထွက်လာ အောင်စီစဉ်ဆောင်ရွက်ခြင်း၊ ခေတ်စနစ်နှင့် အညီပြည်သူများထံသို့ တိုက် ရိုက်အားပေး သည့် စနစ်ကိုအကောင်ထည်ဖော်ဆောင်ရွက်ခြင်း၊ သဘာ ဝဘေး အန္တရာယ်ကျရောက်သော ဒေသတချို့ကို အကူညီ အထောက်ပံ့ပေးခြင်း၊ ရုပ်ရှင်နှင့်ဗီဒီယိုလုပ်ငန်း ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ၏အခက်ခဲများ ကိုကူညီဖြေရှင်းပေးခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ပါသည်။
မြန်မာ့ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်သူများ၏ ပထမ အကြိမ်စုပေါင်းလှူဒါန်းပွဲကို ဒီဇင်ဘာလ ၃၁ရက် နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး အဖွဲ့တွင် ပါဝင်လိုသူများ၊ ပါဝင်လှူဒါန်း လိုသော ထုတ်လုပ်သူများ၊ စေတနာရှင်များအနေဖြင့်လည်း မျက်ခြယ်ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး၊ ရွှေစင်ဦးရုပ်ရှင် နှင့် ဗီဒီယိုထုတ်လုပ်ရေး၊ ခရေဖြူရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ် ရေးသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရပါသည်။
ထက်လူ
