Tuesday, June 3, 2025

မြန်မာမှာပိ-တ်မိနေတဲ့အီသီယိုးပီးယားနိုင်ငံသား ၇၀၀ ကျော်ကိုနေရပ်ပြန်ပို့

အက်ဒစ်အဘာဘာ၊ မေ ၃၀ မြန်မာနိုင်ငံမှာ ပိ-တ်မိနေသော နိုင်ငံသား ၇၀၀ ကျော်ကို နေရပ်သို့ပြန်လည်ပို့ဆောင်လိုက်ပြီလို့ အီသီယိုးပီးယားအစိုးရက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါသည်။ အီသီယိုးပီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန...

ဗီယက်နမ်၌ယာဉ်မတော်တဆမှုကြောင့်၅လအတွင်းလူ၄,၃၀၀ကျော်‌ေ-သဆုံး

ဟနွိုင်း၊ဇွန် ၂ ဗီယက်နမ်နိုင်ငံတစ်ဝန်း၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၅ ခုနှစ် မေလ ၁၄ ရက်နေ့အထိ ယာဉ်မတော်တဆမှုများကြောင့်...

မြစ်ကြီးနားမြို့၌ ရေဘေးသင့်သူ(၁)သောင်းကျော်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးသည်းထန်သွာရွာသွန်းမှုကြောင့် မေ ၃၁ ရက်မှစတင်ကာ ဧရာဝတီမြစ်ရေမြင့်တက်ပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေရာများသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ရေဘေးသင့်သူ(၁) သောင်းကျော်ရှိခဲ့ကြောင်း...

ငလျင်ကြီးကြောင့် ရပ်နားထားခဲ့ရသည့် အစိုးရဓမ္မာစာရိယစာမေးပွဲ ပြန်လည်ဖြေဆို

ငလျင်လှုတ်ခတ်မှုကြောင့် မန္တလေးတိုင်းအတွင်း ရပ်နားထားခဲ့ရသည့် အစိုးရဓမ္မာစာရိယစာမေးပွဲများကို ဇွန်လ (၂) ရက်မှစတင်၍ ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဓမ္မာစာရိယစာမေးပွဲသည်၂၀၂၅ ခုနှစ်အတွက် ဖြေဆိုကြခြင်းဖြစ်ပြီး မန္တလေးမြို့...
HomeNewsLocal News"စားနပ်ရိက္ခာဖူလုံရေးကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့်ရင်းနှီးမြှုပ်နှံမှုအတွက်...

“စားနပ်ရိက္ခာဖူလုံရေးကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့်ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အ လမ်းကောင်းများ”ခေါင်းစဥ်ဖြင့် နစက ဥက္ကဋ္ဌမိန့်ခွန်းပြောကြား

“စားနပ်ရိက္ခာဖူလုံရေးကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့်ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အ လမ်းကောင်းများ”ခေါင်းစဥ်ဖြင့် နစက ဥက္ကဋ္ဌမိန့်ခွန်းပြောကြား

ရုရှနိုင်ငံသိုရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ (၇) ရက်တွင် ပြုလုပ်သည့် Plenary session အစီအစဉ်တွင် မိန့်ခွန်းတက်ရောက် ပြောကြားခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ရုရှ သမ္မတ ဗလာတီမာပူတင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က “The Importance of Myanmar in the Food Security Sector and Good Opportunities for Investment” ခေါင်းစဉ်ဖြင့်မိန့်ခွန်း ဆက်လက်ပြောကြားခဲ့ခြင်း ဖြစ်သည်။


ဗိုလ်ချုပ်မှုကြီး မင်းအောင်လှိုင်သည် အရှေ့ဖျား စီးပွား ရေး ဖိုရမ်တက်ရောက်ရန် ရုရှနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် သမ္မတ ပူတင်နှင့် သီး ခြားတွေ့ဆုံခဲ့သည်။


Plenary session အစီအစဉ်တွင် အာမေးနီးယားဝန်ကြီး ချုပ်၊ မွန်ဂိုလီးယားဝန်ကြီးချုပ်နှင့် တရုတ်ကွန်ဂရက်ဥက္ကဋ္ဌတို့ကလည်းမိန့်ခွန်းပြောကြားခဲ့ပြီး ကိုယ်တိုင်မတက်ရောက်နိုင်သည့် အိန္ဒိယဝန်ကြီးချုပ်နှင့် မလေးရှား ဝန်ကြီးချုပ်တို့သည် Video massage ပေးပို့ ခဲ့ကြောင်း သိရသည်။


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် “စားနပ်ရိက္ခာဖူလုံရေးကဏ္ဍမှာ  မြန်မာနိုင်ငံရဲ့ အရေးပါမှုနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ” ဆိုပြီး ရင်းနှီးမြုပ်နှံမူ အတွက် အဓိကထားပြောကြားသွားကြောင်း သိရသည်။

ယ​နေ့ဖိုရမ်တွင်ရုရှားသမ္မတ ဗလာဒီမာပူတင် ပြောကြားသည်များက


“ယူကရိန်းတွင် ရုရှား၏ စစ်ရေးလှုပ်ရှားမှုကို တုံ့ပြန်သည့်အနေဖြင့် အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီးနောက်ပိုင်းတွင် ရုရှားသည် အရှေ့အလယ်ပိုင်းနှင့် အီရန်နိုင်ငံများတွင် စျေးကွက် အခွင့်အလမ်းများ ပိုမိုရရှိလာကြောင်း၊ရုရှားကို ကမ္ဘာ့ဇာတ်ခုံမှ တွန်းထုတ်ရန် အနောက်အုပ်စု၏ ကြိုးပမ်းမှုများကို မော်စကိုက ဖီဆန်​နေမည်ဖြစ်​ကြောင်း၊ရုရှားကို အထီးကျန်အဖြစ်ခွဲထုတ်ဖို့ မဖြစ်နိုင်​ကြောင်း” တို့ကိုထည့်သွင်း​ပြောကြားခဲ့သည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာမှာပိ-တ်မိနေတဲ့အီသီယိုးပီးယားနိုင်ငံသား ၇၀၀ ကျော်ကိုနေရပ်ပြန်ပို့

အက်ဒစ်အဘာဘာ၊ မေ ၃၀ မြန်မာနိုင်ငံမှာ ပိ-တ်မိနေသော နိုင်ငံသား ၇၀၀ ကျော်ကို နေရပ်သို့ပြန်လည်ပို့ဆောင်လိုက်ပြီလို့ အီသီယိုးပီးယားအစိုးရက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါသည်။ အီသီယိုးပီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီဘီယတ် ဂတ်တချူးက သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်လွှဲပြောင်းခံရသော အီသီယိုးပီးယား နိုင်ငံသားများသည် မြန်မာနိုင်ငံတွင် ဆိုးရွားသော အလုပ်အကိုင် အခွင့်အလမ်းများတွင်လုပ်ကိုင်ရန် မှေ-ာင်ခိုသမားများ၏ လှည့်ဖြားခြင်းခံရပြီး ဆိုးရွားသော အခြေအနေဖြင့်ကြုံတွေ့ခဲ့ရသူများဖြစ်သည်” ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် အီသီယိုးပီးယားနိုင်ငံသား အများအပြား ကျန်ရှိနေသေးကြောင်းကို ၎င်းက ထည့်သွင်းပြောကြားခဲ့ပြီး ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်...

ဗီယက်နမ်၌ယာဉ်မတော်တဆမှုကြောင့်၅လအတွင်းလူ၄,၃၀၀ကျော်‌ေ-သဆုံး

ဟနွိုင်း၊ဇွန် ၂ ဗီယက်နမ်နိုင်ငံတစ်ဝန်း၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၅ ခုနှစ် မေလ ၁၄ ရက်နေ့အထိ ယာဉ်မတော်တဆမှုများကြောင့် ေ-သဆုံးသူ ၄,၃၂၈ ဦးရှိပြီး ၅,၃၀၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏ယာဉ်အန္တရာယ်ကင်းရှင်းရေးကော်မတီ၏ သတက်းထုတ်ပြန်ချက်အရသိရသည်။ သို့သော် ကော်မတီရုံးအကြီးအကဲကမူ အဆိုပါ ကိန်းဂဏန်းသည် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားစွာကျဆင်းလာခြင်းဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီသို့ပြောကြားခဲ့သည်။ ငါးလတာကာလအတွင်း ယာဉ်မတာ်တဆမှုပေါင်း ၇,၇၈၁ မှုရှိခဲ့ပြီး အဆိုပါအမှုများကြောင့် ေ-သဆုံးသူ ၄,၂၇၇ ဦးရှိကာ ၅,၂၉၂ ဦးထိခို-က်ဒဏ်ရာရရှိခဲ့သည်ဟုလည်းသိရသည်။ အဆိုပါကိန်းဂဏန်းများသည် ယခင်ကအချိန်များနှင့်နှိုင်းယှဉ်ပါက ယာဉ်မတာ်တဆမှု၌ ၂၅...

မြစ်ကြီးနားမြို့၌ ရေဘေးသင့်သူ(၁)သောင်းကျော်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးသည်းထန်သွာရွာသွန်းမှုကြောင့် မေ ၃၁ ရက်မှစတင်ကာ ဧရာဝတီမြစ်ရေမြင့်တက်ပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေရာများသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ရေဘေးသင့်သူ(၁) သောင်းကျော်ရှိခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ ဇွန် ၂ ရက်ကထုတ်ပြန်သည့်စာရင်းအရ သိရသည်။ ထို့ကြောင့် ရေဘေးသင့်အိမ်ထောင်စု(၂,၂၅၇)စုမှ လူဦးရေ(၁၀,၃၇၅)ဦးအား မြစ်ကြီးနားမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ခရစ်ယာန်ဘာသာရေးဘုရားကျောင်းများတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃၀)ခုအထိဖွင့်လှစ်၍ ကူညီစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေဘေးသင့်သူများအား ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ၊ ဆန်၊ ဆီနှင့် ကြက်ဥ၊ ခေါက်ဆွဲခြောက်ဘူးများ၊ ဆန်ပြုတ်ဘူးများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071