ပြီးခဲ့သည့်ရက်ပိုင်းက ကွယ်လွန်ခဲ့သည့် မန္တလေးအခြေစိုက် စာရေးဆရာ ဆရာသင့်နော်၏ စျာပနကို ယနေ့ စက်တင်ဘာ (၂၉)ရက်တွင် မန္တလေးမြို့၊ အေးရိပ်ငြိမ်သုဿာန်၌ ကျင်းပခဲ့ကြသည်။
ဦးသန်းဌေး (ခ) စာရေးဆရာသင့်နော်သည် ကွယ်လွန်ချိန်တွင် အသ-က် (၇၇) နှစ်ရှိပြီဖြစ်ကာ ကျောက်ကပ်ရောဂါဖြင့်ပင် စက်တင်ဘာ (၂၇) ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
စာရေးဆရာသင့်နော်သည် စာနယ်ဇင်းများတွင် ဆောင်းပါးအများအပြားရေးခဲ့သလို ဂန္တဝင်စာအုပ်စာပေများကိုလည်း စိတ်ဝင်စားသူဖြစ်ပြီး ဥတ္တရလွင်ပြင် စာအုပ်ဆိုင်ဖွင့်ကာ မန္တလေးစာပေသမားများကို အလင်းပေးခဲ့သူဖြစ်သည်။
ဓာတ်ပုံများ – Kyaw Kyaw ၊ ဦးကျော်ဝင်း လှဂုဏ်ရည်၊ Shweni Shweni
