၂၀၂၅ ရှန်ဟိုင်းစာအုပ်စျေးရောင်းပွဲတော်ကြီး ကိုသြဂုတ် ၁၃မှ ၁၈ ထိ ကျင်းပလျှက်ရှိသည်။
နိုင်ငံတစ်ဝှမ်းရှိ စာအုပ်ချစ်သူများနှစ်သက်စေရန်အတွက် ခေါင်းစဉ်ပေါင်းများစွာနှင့် ပွဲလမ်းသဘင်များစွာပါဝင်သဖြင့် လူစိတ်ဝင်စားမှုမြင့်တက်လျှက်ရှိသည်။
ပြပွဲကို Shanghai Exhibition Center နှင့် Shanghai Book City ၏ Fuzhou Road ဌာနခွဲတို့၌ ကျင်းပခြင်းဖြစ်သည်
ရှန်ဟိုင်းစာအုပ်ဈေးပွဲတော်သည် အစကတည်းက လက်လီရောင်းချမှုကို ဦးတည်ခဲ့ပြီး ၎င်း၏လွှမ်းမိုးမှုသည် တစ်နှစ်ထက်တစ်နှစ် တိုးလာခဲ့သည်။ဘေဂျင်း နိုင်ငံတကာ စာအုပ်ပွဲတော်ကဲ့သို့မူပိုင်ခွင့် နှင့် ဖြန့်ချီရေးကို အဓိကထားခြင်းမဟုတ်ပေ။
“စျေးရောင်းပွဲကိုည ၁၀နာရီခွဲ ထိ တိုးမြင့်ကာ စာဖတ်ညစျေး လုပ်လိုက်သဖြင့် စာဖတ်ပရိသတ်များကြား စိတ်အားထက်သန်မှု ပိုမြင့်တက်လာခြင်းဖြစ်သည်” ဟု ထုတ်ဝေသူ Zhao က ပြောကြားခဲ့သည်။
နောက်ထပ်အဓိကအချက်မှာ ယဉ်ကျေးမှုနှင့် လက်မှု ထုတ်ကုန်မျိုးစုံထည့်သွင်းရောင်းချခြင်းဖြစ်သည်။
Ref:globaltimes.cn
