ရန်ကုန်၊ စမ်းချောင်းတွင် မိသားစုဝင်လေးဦး ေ-သဆုံးနေမှုကို အနံ့ထွက်လာကာ ပတ်ဝန်းကျင်က သိရှိပြီး ထုတ်ယူခဲ့ရသည်။
ဖြစ်စဉ်တွင် မေလ ၁ ရက်နေ့ ယနေ့ နံနက်ပိုင်း၌ စမ်းချောင်းမြို့နယ် ဂွစျေးအနီး ရွှေလောင်းလမ်း၊ အမှတ် ၄၄ ၊ ၄ လွှာမှာ အပုတ်နံ့များ မခံမရပ်နိုင်အောင် ထွက်နေ၍ ပတ်ဝန်းကျင်မှ လုံခြုံရေးတပ်ဖွဲ့ကို အကြောင်းကြားရာမှ အခန်းဖွင့်ကြည့်ရာမှ မိသားစုဝင် ၄ ဦး အသက်ဆုံးရှုံးနေခြင်း ဖြစ်သည်။
ေ-သဆုံးသူများတွင် အသက်၃၀အရွယ်ဖခင် ၊ အသက်၂၅နှစ်အရွယ်မိခင် ၊ အသက် ၈ နှစ်အရွယ် သားလေးတစ်ဦး ၊ အသက် ၁၆နှစ်အရွယ် ခယ်မတစ်ယောက် နှင့် ခွေးလေးတစ်ကောင်လည်းပါဝင်သည်။
ပတ်ဝန်းကျင်အဆိုအရ အိပ်ပျော်နေချိန် မီးစက်နှိုးပီး လေအေးပေးစက် အဲကွန်းသုံးရာမှာတဆင့် ကာဗွန် မိုနောက်ဆိုဒ် ဓာတ်ငွေ့ကိုရှူမိပီး အသက်ရှူကြပ် ေ-သဆုံးခြင်းဖြစ်ကြောင်း သိရပြီး ရဲစစ်ချက်အရ ပြင်ပဒဏ်ရာ မရှိကြောင်းလည်း သိရသည်။
သေဆုံးသူများသည် အခြားနေရာမှ ပြောင်းရွှေ့လာသူများဖြစ်ပြီး အိမ်ငှားများဖြစ်ကြောင်း၊ ေ-သဆုံးသူများ၏ မိဘဆွေ မျိုးများကို အကြောင်းကြားရန် သက်ဆိုင်ရာ စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။