Tuesday, June 3, 2025

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌...

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁)...

ကော့သောင်းမြို့၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် နယ်စပ်ဝင်/ထွက်ဂိတ်အဆောက်အဦးအသစ်ဖွင့်လှစ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက်ဂိတ်အဆောက်အဦးသစ်အား ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုမှ...
HomeInternationalစပိန်၊ ပေါ်တူဂီနှင့် ပြင်သစ်၏...

စပိန်၊ ပေါ်တူဂီနှင့် ပြင်သစ်၏ အချို့ဒေသများတွင် လျှပ်စစ်ဓာတ်အား အကြီးအကျယ်ပြတ်တောက်မှုကြောင့် သန်းနှင့်ချီသော ပြည်သူတို့၏ နေ့စဉ်ဘဝများ နှောင့်နှေးခဲ့

တနင်္လာနေ့က စပိန်၊ ပေါ်တူဂီနှင့် ပြင်သစ်၏ အချို့ဒေသများ(ခဏတာ) တို့တွင် လျှပ်စစ်ဓာတ်အား အကြီးအကျယ်ပြတ်တောက်မှုကြောင့် လူသန်းပေါင်းများစွာ၏ နေ့စဉ်လုပ်ငန်းဆောင်တာများ ရပ်တန့်ခဲ့သည်။

ယာဉ်ကြောပိတ်ဆို့မှုများ – အလုပ်သွားအချိန်တွင် ရထားများရပ်နားခဲ့ပြီး လမ်းဆုံများတွင် မီးပွိုင့်များ မလင်းခဲ့။

ငွေကြေးနှင့် ဈေးဝယ်ခက်ခဲမှု – ATM နှင့် ကုန်စုံဆိုင်များတွင် ငွေချေစက်များ အလုပ်မလုပ်သဖြင့် ငွေသားဖြင့်သာ ဝယ်ယူနိုင်ခဲ့ပြီး လူတန်းကြီးများ ဖြစ်ပေါ်ခဲ့။

အင်တာနက်နှင့် ဆက်သွယ်ရေးပြတ်တောက် – စပိန်နှင့် ပေါ်တူဂီတစ်ဝှမ်းတွင် ဖုန်းနှင့်အင်တာနက်အသုံးပြုမှု ခက်ခဲခဲ့။

ယနေ့ အင်္ဂါနေ့ နံနက်ပိုင်းတွင် စပိန်နိုင်ငံ အမျိုးသားလျှပ်စစ်ကုမ္ပဏီက ကျွန်းဆွယ်ဒေသ၏ လျှပ်စစ်လိုအပ်ချက်အား ပြန်လည်ဖြည့်ဆည်းနိုင်ကြောင်း ကြေညာခဲ့သည်။ ပေါ်တူဂီတွင်လည်း REN လျှပ်စစ်နှင့်ဓာတ်ငွေ့ပေးသွင်းရေးကုမ္ပဏီက ၈၉ ခုမြောက် ဓာတ်အားခွဲစက်ရုံများအနက် ၈၅ ခုကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး၊ Portimão ကမ်းခြေမြို့နှင့် လစ်စဘွန်မြို့တောင်ပိုင်းကဲ့သို့သော ဒေသများတွင် လျှပ်စစ်ဓာတ်အားမရရှိသေးပါ။ ပြင်သစ်တွင်မူ Basque ဒေသရှိ အိမ်ထောင်စုများအတွက် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိခဲ့သည်။

စပိန်ဝန်ကြီးချုပ် Pedro Sánchez က မီးပြတ်တောက်မှု၏ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပေါ်တူဂီ၏ E-Redes စွမ်းအင်ကုမ္ပဏီက “ဥရောပမဟာဓာတ်အားလိုင်တွင် ပြဿနာတစ်ခုဖြစ်ပွားခဲ့သည်” ဟု ဆိုသော်လည်း ဆိုက်ဘာတိုက်ခိုက်မှုနှင့် ရာသီဥတုဖောက်ပြန်မှုကဲ့သို့သော အချက်များမဟုတ်ကြောင်း သူကငြင်းဆိုခဲ့သည်။

စပိန်၏ မိုးလေဝသအေဂျင်စီ AEMET အရ မီးပြတ်တောက်ချိန်တွင် အပူချိန်မှာ ၆၀ -၇၀ ဒီဂရီဖာရင်ဟိုက် (၁၅ -၂၁°C) အတွင်းရှိခဲ့ပြီး နေ့လယ်ပိုင်းတွင် ၈၂ – ၈၇°F (၂၈-၃၀°C) အထိ မြင့်တက်ခဲ့သည်။ သို့သော် REN ၏ ပြောရေးဆိုခွင့်ရှိသူ ဘရူနိုဆီလ်ဗာကမူ အပူချိန်နှင့် ဆက်စပ်မှုရှိမရှိကို သံသယရှိကြောင်း ပြောကြားခဲ့သည်။

ဥရောပတွင် ယခင်က လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပွားခဲ့ဖူးရာ အောက်ပါအတိုင်းဖြစ်ကြသည်။

  • ၂၀၀၃ တွင် အီတလီနှင့် ဆွစ်ဇာလန်ကြား လျှပ်စစ်လိုင်းပျ-က်စီးမှုကြောင့် အီတလီနိုင်ငံသား ၅၀ သန်းကျော် တစ်ရက်လုံး လျှပ်စစ်ဓာတ်အားမရရှိခဲ့။
  • ၂၀၀၆ တွင် ဂျာမနီ၏ မြောက်အနောက်ပိုင်း မဟာဓာတ်အားလိုင်းပျက်စီးမှုကြောင့် လူ ၁၀ သန်း လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့။
  • ၂၀၂၂ တွင် ဘောလ်ကန်ဒေသများ၌ အပူလှိုင်းကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပွားခဲ့။

ဥရောပ၏ မဟာဓာတ်အားလိုင်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသောကြောင့် တစ်နေရာရှိ ပြဿနာသည် အခြားနိုင်ငံများသို့ ပျံ့နှံ့နိုင်လေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း ဝင်များက ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များ ၌နေထိုင်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ သီတာတံတား၊ ကြက်ပေါင်ခြံရပ်ကွက်၊ အောင်တံတား(လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)၊ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းအနီး၊ မနောဥပိန် တံတား(အ နောက်လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)နှင့် ကျွန်း ပင်သာစက်လှေဆိပ်တို့တွင် ရေဘေးရှာဖွေကယ် ဆယ်ရေးစုရပ်အဖြစ်ထားကာ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌ မလေးရှားအသင်းကို ထိုက်တန်စွာအနိုင်ယူပြီးနောက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ (၃)ယောက်တွဲပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အုပ်စုတွင်းပွဲစဥ်များတွင် အိမ်ရှင်တရုတ်နိုင်ငံအသင်း၊ မလေးရှားနိုင်ငံအသင်းတို့ကိုအနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း လာအိုနိုင်ငံအသင်းကိုအနိုင်ယူခဲ့ပြီးနောက် ဗိုလ်လုပွဲစဥ်တွင် မလေးရှားနိုင်ငံအသင်းကို ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁) ရက်အထိကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ပြီး ယခု ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွင်း ယခင်နှစ်ထက် သင်ကြားရေးပိုင်းများ တိုးတက်လာအောင်ပြင်ဆင်၍ ထူးချွန်သည့် လူရည်ချွန်များမွေးထုတ်ပေးသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။ ယခုစာသင်နှစ်အတွက် မေ(၃၁)ရက်က ကျောင်းအပ်နှံရေး အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အထူးဒေသ(၄) သက် ဆိုင် ရာဌာနများမှ ကိုယ်စားလှယ်များ၊ ဆရာဆရာမများတက်ရောက်ခဲ့ကြသည်။ မိုင်းလားမြို့ အခြေခံပညာကျောင်းများရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071