စတီရီယို ခေတ်ဦး၌ ထင်ရှားခဲ့သည့် အဆိုတော်တဦးဖြစ်သည့် ဝါရင့်တေးသံရှင်ကြီး ဗစ်တာခင်ညို၏ စျာပနကို ယနေ့ စက်တင်ဘာ (၂၇)ရက်၌ ရေဝေးသုသာန်၌ ပြုလုပ်ခဲ့သည်။
ကွယ်လွန်ချိန်တွင် အသက်(၈၀)ရှိပြီဖြစ်ကာ စက်တင်ဘာ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
တေးသံရှင် ဗစ်တာခင်ညိုသည် “နွေ”၊ “ဒီဇင်ဘာ မနက်ခင်း” အပါအဝင် မြန်မာပရိသတ်ကြား ရေပန်းစားသည့် တေးသီ ချင်းပေါင်းများစွာကို သီဆိုခဲ့သူလည်း ဖြစ်သည်။
