Thursday, June 5, 2025

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား...

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင်...

သန်လျင်၌ သုံးဘီးယာဉ်များ အသုံးပြူ၍ ခရီးသွားဝန်ဆောင်မှု...

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် သုံးဘီးယာဉ်များဖြင့်ဝန်ဆောင်မှု ပေးခြင်းကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။ လက်ရှိတွင် ယာဉ်အစီးရေ (၉၀) ကျော်ဖြင့် စတင်ကာသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ သုံးဘီးယာဉ်များကို...

ယူကရိန်း၏ ဇွန်လ ၁ ရက်နေ့...

ယူကရိန်း၏ ဇွန်လ ၁ ရက်နေ့ တို-က်ခို-က်မှုပြီးသည့်နောက် ပျ-က်စီးခဲ့သည့် ရုရှားလေယာဉ်များကို ပြန်လည်ပြင်ဆင်သွားမည်ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov က ပြောကြားခဲ့သည်။ ဟုယူကရိန်၏...

DF-5 နျူလက်နက်အကြောင်း တရုတ်က အသေးစိတ်...

ဇွန် ၅ တရုတ်နိုင်ငံ၏ နိုင်ငံပိုင်ရုပ်သံလိုင်း CCTV သည် နိုင်ငံ၏နျူကလီးယားလက်နက်များအနက်မှ အချို့သော လက်နက်များ၏ အဓိကအသေးစိတ်အချက်အလက်အချို့ကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံ၏နျူကလီးယားလက်နက်များသည် ယခင်အစဉ်အလာအားဖြင့် အထူးလျှို့ဝှက်ထားခဲ့သည်။...
HomeInternationalစည်းကြပ်ခွန်များ ရက် ၉၀...

စည်းကြပ်ခွန်များ ရက် ၉၀ လျှော့ချရေး ကန်-တရုတ် သဘောတူ

အမေရိကနှင့် တရုတ်တို့သည် ၎င်းတို့၏ ကုန်စည်များအပေါ် ချမှတ်ထားသော စည်းကြပ်ခွန်အများစုကို ရပ်ဆိုင်းရန် တနင်္လာနေ့တွင် သဘောတူညီခဲ့ကြပြီး ကမ္ဘာ့စီးပွားရေး အင်အားကြီးနှစ်နိုင်ငံအကြား ကုန်သွယ်ရေး တင်းမာမှုများ ပျ-က်ပြယ်သွားသော လုပ်ဆောင်ချက်ကို ပြသခဲ့သည်။

သဘောတူညီချက်အရ နှစ်နိုင်ငံအကြား အပြန်အလှန်အခွန်စည်းကြပ်မှုများကို ၁၂၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချသွားမည်ဖြစ်သည်။ အမေရိကသည် ဖန်တနိုင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်ကာ တရုတ်သွင်းကုန်များအပေါ် အခွန် ၂၀ ရာခိုင်နှုန်းချမှတ်ထားခြင်းကို ဆက်လက်ထားရှိသွားမည်ဖြစ်သောကြောင့် တရုတ်နိုင်ငံအပေါ် စုစုပေါင်း အခွန်စည်းကြပ်မှုသည် ၃၀ ရာခိုင်နှုန်း ရှိနေမည်ဖြစ်သည်။

အမေရိကနှင့် တရုတ်ကုန်သွယ်ရေး ကိုယ်စားလှယ်များသည် သီတင်းပတ်ကုန်ပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ၌ အရင်းအနှီးကြီးမားသော ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ အောင်မြင်မှု ရရှိလာခြင်းဖြစ်သည်။

ကျွန်တော်တို့မှာ အလွန်အကျိုးရှိတဲ့ ဆွေးနွေးမှုတွေရှိခဲ့ပြီး Lake Geneva မှာရှိတဲ့ ဒီဆွေးနွေးပွဲနေရာဟာ အလွန်အပြုသဘောဆောင်တဲ့ လုပ်ငန်းစဉ်အတွက် ကောင်းမွန်တဲ့ သမမျှတမှုကို ပေါင်းစည်းပေးခဲ့တယ်လို့ ယုံကြည်ပါတယ်” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်စ်စန့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စည်းကြပ်မှုများ ကို ရက် ၉၀ ဆိုင်းငံ့ထားရန်နှင့် အကောက်ခွန်အဆင့်များကို သိသိသာသာ လျှော့ချသွားရန် မိမိတို့ သဘောတူညီချက်ရရှိခဲ့ပြီး နှစ်ဖက်စလုံးသည် အပြန်အလှန်အခွန်စည်းကြပ်မှုများကို ၁၁၅ ရာခိုင်နှုန်း လျှော့ချသွားလိမ့်မည်ဟု ဘက်စ်စန့်က ပြောဆိုသည်။

၎င်းတို့အနေဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးမူဒါဒဆိုင်ရာ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ပြောကြားခဲ့သည်။

Ref: စီအင်န်ဘီစီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား ယာယီပြ-တ်မည်

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင် ပြုလုပ်မည် ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် လွတ်ကင်းမှုမရှိသော 66kV လှော်ကား-ပုလဲ-လှည်းကူး-ရွှေပေါက်ကံဖီဒါ၊ 33kV ပုလဲ-မဉ္ဇူရီဖီဒါ နှင့် 33kV ပုလဲ-ဘီယာချမ်းဖီဒါတို့အား နံနက် (၁၁:၀၀)နာရီ မှ (၁၅:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။ ထို့ကြောင့် ဆောင်ရွက်နေစဉ်အတွင်း ရွှေပေါက်ကံမြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ လှည်းကူးမြို့နယ်နှင့် ဖောင်ကြီးမြို့တို့ရှိ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြ-တ်တေ-ာက်မှုရှိမည်ဖြစ်ပါကြောင်းနှင့်...

သန်လျင်၌ သုံးဘီးယာဉ်များ အသုံးပြူ၍ ခရီးသွားဝန်ဆောင်မှု ဆောင်ရွက်နေ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် သုံးဘီးယာဉ်များဖြင့်ဝန်ဆောင်မှု ပေးခြင်းကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။ လက်ရှိတွင် ယာဉ်အစီးရေ (၉၀) ကျော်ဖြင့် စတင်ကာသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ သုံးဘီးယာဉ်များကို စီးနင်းရာတွင် သွားလာရာ၌ အဆင်ပြေစေကာ ခေါ်ယူရလွယ်မည့် လုံခြုံစိတ်ချရမည့် Grab ကဲ့သို့ Maxride application ကတဆင့်လည်း ခေါ်ယူနိုင်မည် ဖြစ်သည်။ လက်ရှိတွင် သန်လျင်မြို့နယ်အတွင်း ယာဉ်အစီးရေ (၉၈) စီးဖြင့် စတင်ဝန်ဆောင်မှုပေးနေပြီး အခြား (၁၃) မြို့နယ်၌လည်း အဆိုပါ application ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးသွားပြည်သူများအနေဖြင့်လည်း...

ယူကရိန်း၏ ဇွန်လ ၁ ရက်နေ့ တို-က်ခို-က်မှုပြီးသည့်နောက် ပျ-က်စီးခဲ့သည့် လေယာဉ်များကို ပြန်လည်ပြင်ဆင်မည်ဟု ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီးဆို

ယူကရိန်း၏ ဇွန်လ ၁ ရက်နေ့ တို-က်ခို-က်မှုပြီးသည့်နောက် ပျ-က်စီးခဲ့သည့် ရုရှားလေယာဉ်များကို ပြန်လည်ပြင်ဆင်သွားမည်ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov က ပြောကြားခဲ့သည်။ ဟုယူကရိန်၏ တို-က်ခို-က်မှုက မဟာဗျူဟာမြောက်ဟန်ချက်အပေါ် သက်ရောက်နိုင်ခြေရှိမရှိ မေးမြန်းသောအခါတွင် TASS သို့ ဒုဝန်ကြီးက "ကာကွယ်ရေးဝန်ကြီးဌာန ပြောကြားခဲ့သလို ဒီလေယာဉ်တွေဟာ ဖျ-က်ဆီးခံရတာမဟုတ်ဘဲ ပျ-က်စီးခဲ့တာပါ။ သူတို့ကို ပြန်ပြင်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ ယူကရိန်းအစိုးရ၏ တို-က်ခို-က်မှုနောက်ဆက်တွဲနှင့်ပတ်သက်၍ ပြင်ပသတင်းထုတ်ပြန်မှုများကို ၎င်းက ပယ်ချခဲ့သည်။ "ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကိုပဲ ကိုးကားသင့်ပါတယ်" ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071