Thursday, May 15, 2025

IBEC ကျောင်းတိုက်၌ ငလျင်ဒဏ်ကြောင့်ထိခို-က်ခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းအပါအဝင်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)တွင် ဖွင့်လှစ်ထားသော IBEC ကူညီကယ်ဆယ်ရေးစင်တာ၌ ငလျင်ကြောင့်ထိခို-က်မှုများအတွက် ငလျင်ဒဏ်ကြောင့်ထိခို-က်ခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းအပါအဝင် ကူညီမှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ငလျင်ဒဏ်ကြောင့်ထိခို-က်ဒဏ်ရာရပြီး သွားလာလှုပ်ရှားရန် ခက်ခဲသူများ/မသန်စွမ်းဖြစ်သူများ၊...

စက်မှုဇုန်များကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေ

ရန်ကုန်နှင့် မန္တလေးတို့ရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်နေသည်ဟု လျှပ်စ်စွမ်းအားဝန်ကြီးဌာနက ပြောသည်။ ထိုသို့ ဖြန့်ဖြူးပေးနိုင်ရန် ကာလတိုအနေဖြင့်...

အဝေးသင် ကျောင်းအပ်ရက်များ ထပ်တိုးပေးထား

၂၀၂၅ခုနှစ်ပညာသင်နှစ် ပထမနှစ် အဝေးသင်ကျောင်းအပ်ရက်ကို ထပ်တိုးပေးထားပြီး မေလကုန်ထိ အပ်နှံနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှအသိပေး ထားသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်မှ ၂၀၂၅ ခုနှစ်မေလ...

ကျောင်းအပ်နှံရာတွင် အခကြေးငွေပေးရန်မလိုကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်အသိပေး

၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ပေးစရာမလိုကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများ အားလုံးအနေဖြင့်...
HomeNewsLocal Newsစစ်ဦးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြနှင့်...

စစ်ဦးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြနှင့် အရာရှိ (၂) ဦး လုပ်ကြံ ခံသတ်ဖြတ်ရမှု AA ၏ လက်ချက်ဟု ALP ပါတီ ပြော

ဇန်နဝါရီလ (၄) ရက် နံနက်ပိုင်းက လွတ်လပ်ရေးနေ့အခမ်းအနားမှ အပြန်တွင် ပစ်ခတ် လုပ်ကြံခံရသည့် ALP ပါ တီ စစ်ဦးချုပ် ဗိုလ်ချုပ် ခိုင်းစိုးမြနှင့် အရာရှိ (၂) ဦး သေဆုံးခဲ့မှုသည် AA ၏ လက်ချက်ဖြစ်ကြောင်း ALP ပါတီက ထုတ်ဖော်ပြောဆိုလိုက်သည်။

ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့တွင်ပြုလုပ်သည့် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ပြီးအပြန်တွင် စစ်တွေမြို့ ငါးစင်းရိုင်းဘုန်ကြီးကျော င်းအနီး၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသည့်အတွက် ဗိုလ်ချုပ် ခိုင်စိုးမြနှင့် ယာဉ်ပေါ်တွင်အတူပါလာသည့် ဒု ဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်သူရိန္ဒတို့ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လုပ်ကြံမှုနှင့် ပတ်သက်၍ ဇန်နဝါရီလ (၅) ရက်တွင် ထုတ်ပြန်လာသည့် ALP ၏ ထုတ်ပြန်ချက်တွင် ယ မန်နေ့က ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်လုပ်ကြံမှုသည် ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရခိုင့်တပ်တော်(ULA/AA) ၏ အ ကြမ်းဖက် လုပ်ကြံမှုဖြစ်ကြောင်း အတိအလင်း ဖော်ပြ ထားသည်။

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းထံ ပေါ် ပြူလာ နယူး(စ်) က ဆက်သွယ်မေးမြန်းစဉ် ၎င်းက ယခုလို ပြန်လည် ဖြေကြားထားသည်။

” ကျွန်မ‌ကတော့ ထူးထူးခြားခြားလည်း ဘာမှတော့ မပြောချင်တော့ပါဘူး။ မီဒီယာတွေက မေးရင် ကျွန်မ စကား (၃) ခွန်းပဲ ပြောပါတယ်။ သတ်ချင်လို့ သတ်တယ်။ သေသွားကြပြီ။ ရခိုင်ပြည်က လုံခြုံရေး လုံးဝမရှိဘူး။ ဒါကိုပဲ ကျွန်မပြောပါတယ်။ ဒီလို ဖြစ်စဉ်တွေကတော့ တော်တော်များခဲ့ပါပြီ။ အဖမ်းခံရတာ ၊အဆီးခံရတာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ အဲဒီတော့ ထူးထူးခြားခြား ဘာမှ မပြောတော့ပါဘူး။ မေးတာကိုပဲ ကျေးဇူးတင်ပါတယ်။ မနေ့က လွတ်လပ်ရေးနေ့ တက်ပြီး အပြန်မှာ ဖြစ်သွားတယ်လို့တော့ သိလိုက်ရတယ်။ ဘယ်လိုဖြစ်သွားလဲဆိုတာကိုတော့ ကျွန်မလည်း ခရီးလွန်နေတော့ အသေးစိတ်ကိုတော့ မသိလိုက်ဘူး ” ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

ALP ပါတီ၏ ဗဟိုကော်မတီဝင်လည်းဖြစ် စစ်ဘက်ခေါ င်းဆောင်တစ်ဦးလည်း ဖြစ်သည့် စစ်ဦးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်သူရိန္ဒတို့ ပစ်ခတ်လုပ်ကြံ ခံရမှုသည် ရခိုင်လူထုအချင်းချင်း လူသားမဆန်သည့် အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ၊ ရခိုင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွ တ်ရေးကို ပျက်ပြားစေကြောင်း ALP ပါတီက ဇန်နဝါရီလ (၅) ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင့်တပ်တော် AA အနေဖြင့် တစ်စုံတရာ တုန့်ပြန်ပြောဆိုခြင်းမျိုး မတွေ့ရသေးပေ။

ရခိုင်တဦးက​တော့ မလိုလားအပ်တဲ့ အပြင် ပယောဂတွေ ပြဿနာတွေရော​ထွေးလာမှာကိုတော့ စိုးရိမ်​ကြောင်း  ဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

IBEC ကျောင်းတိုက်၌ ငလျင်ဒဏ်ကြောင့်ထိခို-က်ခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းအပါအဝင် ကူညီမှုများပြုလုပ်ပေးသွားမည်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)တွင် ဖွင့်လှစ်ထားသော IBEC ကူညီကယ်ဆယ်ရေးစင်တာ၌ ငလျင်ကြောင့်ထိခို-က်မှုများအတွက် ငလျင်ဒဏ်ကြောင့်ထိခို-က်ခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းအပါအဝင် ကူညီမှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ငလျင်ဒဏ်ကြောင့်ထိခို-က်ဒဏ်ရာရပြီး သွားလာလှုပ်ရှားရန် ခက်ခဲသူများ/မသန်စွမ်းဖြစ်သူများ၊ ပြန်လည်သန်စွမ်းရေး လိုအပ်သောသူများ၊ အားပြုကိရိယာများပျေ-ာက်ဆုံးပျ-က်စီး၍ သွားလာလှုပ်ရှားရန်အခက်အခဲရှိသူများ၊ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုလိုအပ်သူများ၊ စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျ-က်ကြောင့် စိတ်သောကရောက်နေသူများအတွက် IBEC ဆရာတော်မှဆောင်ရွက်ပေးရန် စီစဥ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အစီအစဥ်တွင် ရုပ်ပိုင်းဆိုင်ရာပြန်လည်သန်စွမ်းရေး၊ အကြောအဆစ်ဆိုင်ရာလေ့ကျင့်ခန်းများ၊ အားပြုကိရိယာများထောက်ပံ့ခြင်း(လှုပ်ရှားသွားလာမှု အထောက်အကူပြုပစ္စည်း၊ ချိုင်းထောက်၊လမ်းလျှောက်တုတ်)၊ အားပြုကိရိယာ အသုံးပြုနည်းပြသခြင်း၊ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေး နွေးခြင်းများကိုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လာရောက်ကုသမှုခံယူလိုသော ရဟန်း၊ ရှင်၊...

စက်မှုဇုန်များကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေ

ရန်ကုန်နှင့် မန္တလေးတို့ရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်နေသည်ဟု လျှပ်စ်စွမ်းအားဝန်ကြီးဌာနက ပြောသည်။ ထိုသို့ ဖြန့်ဖြူးပေးနိုင်ရန် ကာလတိုအနေဖြင့် သီလဝါ(သန်လျင်)နှင့် သာကေတ သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား အမြန်ဆုံးဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်ပေးနိုင်သည့် စက်တပ်ဆင်အင်အား စုစုပေါင်းမှာ (၆,၈၇၈)မဂ္ဂါဝပ်ရှိပြီး ရာဂီမုန်တိုင်းဒဏ်ခံခဲ့ရမှု၊ လက်နက်ကိုင်အဖွဲ့များ ဖျ-က်ဆီးခဲ့သည့် မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားလိုင်း တာဝါတိုင်များ၊ ကွန်ကရစ်တိုင်များအား ဝန်ထမ်းများမှ ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ်...

အဝေးသင် ကျောင်းအပ်ရက်များ ထပ်တိုးပေးထား

၂၀၂၅ခုနှစ်ပညာသင်နှစ် ပထမနှစ် အဝေးသင်ကျောင်းအပ်ရက်ကို ထပ်တိုးပေးထားပြီး မေလကုန်ထိ အပ်နှံနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှအသိပေး ထားသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်မှ ၂၀၂၅ ခုနှစ်မေလ (၃၁) ရက်အထိ တိုးမြင့်ထားခြင်းဖြစ်သည်။ ထို့ပြင် ဒုတိယနှစ်နှင့်အတန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၅ခုနှစ်မေလ (၃၁)ရက်နောက်ဆုံးထား ဆောင်ရွက်ရမည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များမပါကြောင်းလည်း အသိပေးထားသည်။ ယင်းအပြင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ဘွဲ့ကြိုတန်းများနှင့် ဘွဲ့လွန်တန်းများကိုလည်း မေလ (၂၂) ရက်မှစတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071