Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeInternationalစစ်သုံ့ပန်းလေယာဉ် ပျက်ကျပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်...

စစ်သုံ့ပန်းလေယာဉ် ပျက်ကျပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားနှင့် ယူကရိန်းတို့ အကျဉ်းသား လဲလှယ်

ယူကရိန်း စစ်သုံ့ပန်း ၆၅ ဦး ပါဝင်သွားခဲ့တယ်ဆိုတဲ့ ရုရှားစစ်ဘက် သယ်ပို့လေယာဉ်တစ်စင်း ပြီးခဲ့တဲ့ သီတင်းပတ်က ပျက်ကျမှုဖြစ်ခဲ့ပြီးနောက်ပိုင်း ရုရှားနဲ့ ယူကရိန်းတို့ ပထမဆုံးအကြိမ်အဖြစ် ရာနဲ့ချီတဲ့ စစ်အကျဉ်းသား လဲလှယ်မှုလုပ်ခဲ့ကြောင်း သိရပါတယ်။

တစ်ဖက်ကို စစ်သား ၁၉၅ ဦးစီ အပြန်အလှန် လက်ခံရရှိခဲ့ကြပြီး ၎င်းတို့စစ်သားတွေကိုတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ စစ်ဆေးကုသမှုတွေလုပ်ဖို့အတွက် မော်စကိုမြို့ကို ခေါ်ဆောင်မှာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့ပါတယ်။

“စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ်ရဲ့ ရလဒ်တစ်ခုအဖြစ် ဖမ်းဆီးခံထားရတဲ့ ရုရှား စစ်မှုထမ်း ၁၉၅ ဦးဟာ ဇန်နဝါရီ ၃၁ ရက်မှာ ကိဗ်အစိုးရ ထိန်းချုပ်တဲ့ နယ်မြေကနေ ပြန်ရောက်ရှိလာခဲ့ပြီး အပြန်အလှန်အားဖြင့် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ရဲ့ အကျဉ်းသား ၁၉၅ ဦးတိတိကိုလည်း လွှဲပြောင်းပေးခဲ့ပါတယ်” လို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဆိုခဲ့ပါတယ်။

အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်အတွက် ယူအေအီးနိုင်ငံက ကြားဝင်ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းအေဂျင်စီ RIA က ဖော်ပြပါတယ်။

ဒီဖြစ်စဉ်ဟာ ပမာဏအများဆုံး အကျဉ်းသား လဲလှယ်မှုအစီအစဉ်တွေထဲက တစ်ခုဖြစ်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ
ဇယ်လင်စကီက သူ့ရဲ့ တရားဝင် X အကောင့်မှာ ပြောဆိုထားခဲ့ပါတယ်။ ပြန်ရောက်လာတဲ့ ယူကရိန်းစစ်သားအရေအတွက်ကို သူက ထုတ်ပြောရာမှာတော့ အနည်းငယ်ပိုများနေခဲ့ပြီး ၂၀၇ ဦး ရှိတယ်လို့ ဆိုထားပါတယ်။

ယူကရိန်းအစိုးရရဲ့ စစ်အကျဉ်းသားဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းက ပြောဆိုရာမှာတော့ ဒါဟာ အကြိမ် ၅၀ မြောက် အကျဉ်းသား လဲလှယ်မှုဖြစ်တယ်လို့ ဆိုပါတယ်။ ပြန်ရောက်လာတဲ့ စစ်သားတွေထဲမှာ မာရီယူပိုးလ်နဲ့ ခါဆွန်မြို့ ခုခံကာကွယ်ရေးတိုက်ပွဲတွေမှာ ဖမ်းဆီးခံခဲ့ရသူတွေအပြင် ပင်လယ်နက်ရှိ မြွေကျွန်းပေါ်ကနေ ရုရှားတို့ ဖမ်းဆီးသွားခဲ့တဲ့ စစ်သားတွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Ref: အယ်ဂျာဇီးယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071