မြန်မာနိုင်ငံအတွင်း စစ်လက်နက်ပစ္စည်းအကြွင်းအကျန်ပေါ က်ကွဲမှုကြောင့် ဘေးအန္တရာယ် ပိုမြင့်တက်လာခြင်းကြောင့်
ပြည်တွင်းမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့များ ဘေးကင်းစေရေး အမူအကျင့်များဆိုင်ရာ(RASB)သင်တန်း ကို ပို့ချပေးလျက်ရှိကြောင်း သိရသည်။
စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များသည် မြန်မာနိုင်ငံအတွင်းဆက်လက်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကြောင့် အထူးသဖြင့် တိုက်ပွဲများကို တိုက်ရိုက်ထိတွေ့ခံစားနေရသည့်ဒေသများတွင် ပိုမိုခံစားနေကြရကြောင်း ဆိုသ ည်။
ထို့ကြောင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာမြှင့်တင်ရန် ရ ပ်ရွာလူထုကို ဘေးဖြစ်နိုင်ခြေများက မိမိကိုယ်ကိုယ် မိမိကာကွယ်နိုင်စေရန် ထောက်ကူသည့် အနေဖြင့်ဘေး အန္တရာယ်အသိ ပညာနှင့် ဘေးကင်းစေရေးအမူအကျင့်များဆိုင်ရာ (R ASB) သင်တန်းများကို နိုင်ငံတစ်ဝန်းမှာ ပို့ချပေးနေကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်းက ကရင်ပြည်နယ် ၌ RASB သင်တန်းပေါင်း (၂၄၆) ပွဲ ကျင်း ပခဲ့ပြီး ဒေသတွင်းနေရပ်စွန့်ခွာနေထို င်ရသူများ၊ ကလေးသူငယ်များ၊ ဘာသာရေးအသိုင်းအဝိုင်းပုဂ္ဂိုလ်များနှင့် မသန်စွမ်းသူများအပါအဝင် လူပုဂ္ဂိုလ်ပေါင်း (၇,၅၅၈)ဦးကို အသိပညာမျှဝေနိုင်ခဲ့ကြောင်း ICRC က ယ နေ့တွင် အသိပေးဖော်ပြထားသည်။
