Saturday, May 17, 2025

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅...

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန်...

အင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည်...

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Panidone Pachimsawat က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့ပြီး ခရီးစဉ်သည် ဗိုလ်ချုပ်ကြီးပရာဘိုဝို ၂၀၂၄...
HomeNewsLocal Newsစစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ပုံစံများအား ကလေးငယ်များ...

စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ပုံစံများအား ကလေးငယ်များ သိရှိနားလည်အောင် သင်ကြားပေးရန်လိုအပ်ဟု နစက ဥက္ကဋ္ဌမှာကြား

စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ပုံစံများအား ကလေးငယ်များ သိရှိနားလည်အောင် သင်ကြားပေးရန်လိုအပ်ဟု နစက ဥက္ကဋ္ဌမှာကြား

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သြဂုတ် ၂၂ ရက်က နေပြည်တော်၌ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၆/၂၀၂၂)သို့ တက်ရောက်၍ အမှာစကားပြောကြားရာတွင် ပညာရေးနှင့်ပတ်သက်၍ ပြောကြားရာ၌ မှာကြားခဲ့ခြင်းဖြစ်သည်။

ပညာသင်ကြားရေးနှင့်ပတ်သက်၍ အခြေခံပညာ ကျောင်းများနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိကာ ကျောင်းနေအရွယ်ကလေးများအားလုံး KG + 9 အထိသင်ကြားနိုင်ရန်မျှော် မှန်းဆောင်ရွက်နေသည်ဟု ပြောသည်။

“စာသင်ကျောင်းတွေအားလုံးမှာ စစ်မှန်စည်း ကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ပုံစံတွေကို က လေးငယ်တွေ သိရှိနားလည်အောင် သင်ကြားဆောင်ရွက်ပေးဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ယခင် သမ္မတဦးသိန်းစိန်လက်ထက်က ဂျပန်နိုင်ငံနှင့်ပူးပေါင်း၍ ကျောင်းနေအရွယ် ကလေးငယ်များအတွက် ဒီမိုကရေစီသင်ခန်းစာများ သင် ကြားပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး ယင်း သင်ခန်းစာများအား မြန်မာထုံးတမ်းစဉ်လာများနှင့်ကိုက်ညီအောင်ဆောင်ရွက်၍ စာသင်ကျောင်းများတွင် ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိများရှိအောင် ဆောင်ရွက်ပေးရန်လိုသည်ဟု မှာကြားခဲ့သည်။

“ဒီမိုကရေစီလို့ဆိုရာမှာ မိမိတို့နိုင်ငံရဲ့ အမျိုးသားရေးစရိုက်လက္ခဏာနဲ့ယဉ်ကျေးမှုကို ထိခိုက်မှုမရှိစေနိုင်တဲ့ ပညာရေးစနစ်မျိုး ဆောင်ရွက်နိုင်ဖို့လိုပါတယ် ဒီမိုကရေစီနိုင်ငံရေးကို သင်ကြားဖို့မဟုတ်ဘဲ ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေကို သင်ကြားပေးနိုင်ရင် ကောင်းမွန်တဲ့ပညာရေးစနစ် တစ်ခုဖြစ်လာမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် စာသင်ကျောင်းများအားလုံးမှ ကျောင်း သား၊ကျောင်းသူများအား ပညာသင်ကြားရာတွင် အတန်းတိုင်း အဆင့်တိုင်း၌ သက်ဆိုင်ရာပညာ ရပ်များကို တတ်ကျွမ်းမှုရှိအောင် သင်ကြားပေး နိုင်ရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

အလားတူ ပညာရေးဝန်ထမ်းများအား လစာစရိတ်နှင့်ခံစားခွင့်များပိုမိုပေးအပ်ထားကာ  ဒေသခံများမှလည်း မိမိတို့ဒေသအကျိုးအတွက် ပညာရေးဝန်ထမ်းများအား ကူညီမှုများပေးရန်လိုသည်ဟု ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ မြို့ပြကျန်းမာရေးဌာနများ ပေါ်ပေါက်လာပါက ပြည်သူများ အနေဖြင့် ကျန်းမာရေးမကောင်းပါက သွားရောက်ပြသနိုင်မည့် ဆေးရုံ၊ ဆေးခန်းများ ပိုမိုပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိရသည်။ မြို့ပြကျန်းမာရေးဌာနများဖွင့်လှစ်သွားနိုင်ရန်အတွက် လက်ရှိတွင် ကျန်းမာရေးဆေးခန်းအခွဲများ ပြန်ဖော်ထုတ်၍ ပြင်ဆင်ခြင်း၊ ဝန်ထမ်းများ အင်အားတိုးချထားခြင်း စသည့်လိုအပ်ချက်များကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆ ရက်က ထုတ်လွှင့်ခဲ့သည့် Fox News သတင်းဌာနနှင့် အင်တာဗျူးအတွင်း မစ္စတာရှီထံ အလည်အပတ်သွားရောက်လိုပါသလားဆိုသော အမေးကို “သေချာတာပေါ့” ဟု မစ္စတာ ထရမ့်ပ်က ပြန်ဖြေခဲ့ပြီး တရုတ်နှင့် အမေရိကဆက်ဆံရေးသည် အရေးကြီးသည်ဟုလည်း ဆိုခဲ့သည်။ တရုတ်ခေါင်းဆောင်နှင့် စကားပြောဆိုရန် စိတ်အားထက်သန်မှုကို မစ္စတာထရမ့်ပ်က ထပ်ခါတလဲလဲ ဖော်ပြခဲ့သည်။ သမ္မတ ထရမ့်ပ်၏ တရုတ်ကုန်စည်များအပေါ်...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅ ဘီလျံသို့ ရောက်ရှိရေးရည်မှန်း

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာက ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh နှင့် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သော စတုတ္ထအကြိမ်မြောက် ထိုင်း-ဗီယက်နမ် ပူးတွဲအစိုးရအဖွဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သူက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် သောကြာနေ့တွင် အဆုံးသတ်ခဲ့သည်။ ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်ထရာ အုပ်ချုပ်မှုကာလအတွင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071