ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းအသီးသီး၌ ယာယီခိုလှုံနေကြသည့် နေရပ်စွန့်ခွာအိမ်ထောင်စု (၄၅၆) စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ငွေသားထောက်ပံ့မှုများ ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့မှုတွင် လူဦးရေစုစုပေါင်း (၁,၅၀၀) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၅၀,၀၀၀) နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း (၇၅၀) တိတိကို လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့နိုင်ရန်အတွက် ကြက်ခြေနီဝန်ထမ်းများနှင့် စေတနာလုပ်အားရှင်များသည်မေလ (၁၂) ရက်ကတည်းက ကနဦးကွင်းဆင်းလေ့လာဆန်းစစ်မှုများ စနစ်တကျ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး မိတ်ဖက်ကြက်ခြေနီအသင်းများ၏ ပံ့ပိုးမှုဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရှေ့ဆက်ပြီး ရခိုင်ဒေသနေရပ်စွန့်ခွာသူများအတွက် လိုအပ်သည့် ကူညီမှုများပေးအပ်နိုင်ရန်ဆက်လက်လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။
