ပဲခူးတိုင်း၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေသည် ယနေ့ အောက်တိုဘာ ၃ ရက်နံနက်ပိုင်းက တိုင်းထွာချက်များအရ မြို့၏စိုးရိမ်ရေမှတ်အထက်(၁)ပေခွဲခန့်ကျော် ကျော်လွန်ရောက်ရှိနေပြီး ၂၄ နာရီအတွင်း (၂)လက်မခန့်ကျဆင်းနိုင်သော်လည်း တောင်ငူမြို့၏စိုးရိမ်ရေမှတ်အထက်တွင်သာ ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ကျော် ကျော်လွန်နေပြီး ၂၄ နာရီအတွင်း၌ (၂)လက်မခန့်ကျဆင်းလာနိုင်သော်လည်း မြို့၏စိုးရိမ်ရေမှတ်အထက်တွင်သာ ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် တောင်ငူမြို့နယ်နှင့် မဒေါက်မြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများတွင် ရှောင်ရှားနေထိုင်ကြရန် မိုးဇလက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
ထို့ပြင် ယနေ့ အောက်တိုဘာ ၃ ရက်နံနက်ပိုင်းအချိန်တိုင်းထွာချက်အရ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် ကမ်းခြေကို ဂိုလ်ပါပူမြို့အနီးမှ ဖြ-တ်ကျော်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဩရိဿပြည်နယ်တောင်ပိုင်းတွင် မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ကြောင်း သိရသည်။
ထို့အတူ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းဒေသများကိုဖြ-တ်ကျော်၍ တဖြည်းဖြည်းအားလျော့သွားနိုင်မည်ဖြစ်ကြောင်း မိုးဇလကအသိပေးခဲ့သည်။
