စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၇) ၏ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၃ ရက်ညနေပိုင်းတာက ပြင်ဦးလွင်စစ်တက္ကသိုလ်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအရာ ရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်း ဆင်းအရာရှိများ၊ ညစာစားပွဲတက်ရောက်လာသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ခဲ့ကြကြောင်း သိရသည်။
ဂုဏ်ပြုညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အ တွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်များဖြင့် သီဆိုဖျော်ဖြေမှုကိုလည်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇ နီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ မန္တလေးတိုင်းဝန်ကြီးချုပ်၊ တိုင်းမှူးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှတာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ် လောင်းများ၏ မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
