မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် ယနေ့ ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းက စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဥ် (၆၇) ၏ သင်တန်းဆင်းစစ်ရေးပြအခမ်းအနားကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲကိုစစ်ဆေးပြီးနောက် အလံတော်အဖွဲ့၊ ကျောင်းဆင်းတပ်ခွဲနှင့် ကျောင်းအရန်တပ်ခွဲများက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကျောင်းဆင်းတပ်ဖွဲ့ဖြစ်သော စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၇) မှ အောင်စစ်သည်ဆုရ ဗိုလ်လောင်းမြတ်သီဟ၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဗိုလ်လောင်းဟိန်းဝေလင်း၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ) ဆုရ ဗိုလ်လောင်းတင့်အောင်ထူး၊ စာပေထူးချွန်ဆု (သိပ္ပံ) ဆုရ ဗိုလ်လောင်းဟိန်းထက်နိုင်နှင့် စာပေထူးချွန်ဆု (ကွန်ပျူတာ) ဆုရ ဗိုလ်လောင်းထက်ဝေယံအောင်တို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထူးချွန်ဆုများပေးအပ်ချီးမြှင့်ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
