Saturday, June 21, 2025

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့်...

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း...

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး အသုတ်လိုက် ထိုးနှံပေးမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ် ကာကွယ်ဆေးများကို ဇွန်လ ၂၃ ရက်မှစတင်၍ အသုတ်လိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေးများရောက်ရှိနေပြီဖြစ်ကာ ဆေးရောက်ရှိလာသည့်အပေါ် မူတည်၍...

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်နေ

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့် မဲပေးစက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိစေရေး စနစ်တကျ သိမ်းဆည်း စီမံဆောင်ရွက်လျက်ရှိကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်...

YBS 75 ယာဉ်လိုင်း လမ်းကြောင်း...

ခေတ်သစ်ဘုရင့် နောင်ကုမ္ပဏီလက် အောက်ရှိ YBS 75 ယာဉ်လိုင်းသည် ယမန်နေ့ ဇွန်လ (၂၀) ရက်က စတင်ကာ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။ တိုးချဲ့ပြေးဆွဲပေးသည့်...
HomeNewsLocal Newsစစ်ကိုင်းမြို့ တရားမဝင်ကုန်သွယ်မှု တို-က်ဖျ-က်ရေး...

စစ်ကိုင်းမြို့ တရားမဝင်ကုန်သွယ်မှု တို-က်ဖျ-က်ရေး စစ်ကိုင်းမြို့ လုံခြုံရေးအဖွဲ့များနှင့် တွေ့ဆုံ

စစ်ကိုင်းမြို့ဝင်၊ မြို့ထွက်လုံခြုံရေးဂိတ်များတွင် ခရီးသည်တင် မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား တ ရားမဝင်ငွေကြေးကောက် ခံမှုများမရှိစေရေးကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းမြို့၊ တရားမဝင်ကုန်သွယ်မှု တို-က်ဖျ-က်ရေး  စစ်ကိုင်းမြို့ လုံခြုံရေးအဖွဲ့များနှင့် တွေ့ဆုံရာတွင်မှာကြားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဧရာဝတီတံတား (ရတနာပုံ)နှင့် စစ်ကိုင်းမြို့ထွက် ကံတလူဂိတ်တို့ရှိ လုံခြုံရေးအဖွဲ့များနှင့် ဇွန်လ (၃) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အသင်္ခယာရိပ်သာဧည့်ခန်းမ၌ တွေ့ဆုံရာတွင် ဝန်ကြီးချုပ်က မှာကြားခြင်းဖြစ်သည်။

“ခရီးသွားပြည်သူတွေ လုံခြုံအေးချမ်းစွာနဲ့ ခရီးသွားလာနိုင်ဖို့နဲ့  ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးတို့အတွက် စီမံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့  မိမိတို့လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းအပေါ် တာဝန် ကျေပွန်လိုစိတ်နဲ့ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။ မြို့ဝင်မြို့ထွက် လုံခြုံရေးဂိတ်တွေမှာ ခရီးသည်တင်မော်တော်ယာဉ်တွေနဲ့  ကုန်တင်ယာဉ်တွေကို တရားမဝင်ငွေကြေးကောက် ခံမှုများမရှိစေဖို့၊ တရားမဝင်ကုန်ပစ္စည်းတွေ တင်ဆောင်မှုမရှိစေဖို့နဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ အဂတိတရားကင်းရှင်းစွာနဲ့ ဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်။  လုပ်ငန်းတွေဆောင်ရွက်ရာမှာ လုံခြုံရေးအသိ၊ သတိတို့နဲ့နေထိုင်သွားလာ ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်”ဟု ဝန်ကြီးချုပ်ဦးမြတ်ကျော်က ပြောကြားသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့ မှူး၊ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်မှု အခြေအနေများအပေါ် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တရားမဝင်ကုန်သွယ်မှု တို-က်ဖျ-က်ရေး ပူးပေါ င်းစစ်ဆေးရေးအဖွဲ့ ဧရာဝတီတံတား (ရတနာပုံ)နှင့် စစ်ကိုင်းမြို့အထွက် ကံတလူဂိတ်တို့ရှိ စုပေါင်းလုံခြုံရေးအဖွဲ့များမှ တာဝန်ရှိသူများက မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများလှူဒါန်း

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်၊ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၊ လုံလင်လူမှုကူညီရေးအသင်းတို့မှ ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း(၁၄)မျိုးကို ပေးအပ်လှူဒါန်းရာ တိုင်းဝန်ကြီးချုပ်က လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ် တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး အသုတ်လိုက် ထိုးနှံပေးမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ် ကာကွယ်ဆေးများကို ဇွန်လ ၂၃ ရက်မှစတင်၍ အသုတ်လိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေးများရောက်ရှိနေပြီဖြစ်ကာ ဆေးရောက်ရှိလာသည့်အပေါ် မူတည်၍ အသုတ်လိုက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ "ဆေးရရှိမှုပေါ်မူတည်ပြီးထိုးပေးပါမယ် အသုတ်လိုက်ထိုးပေးပါမယ်နော်"ဟု ကျိုက်ထိုပြည်သူကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့အပြင် ကျောင်းနေအရွယ်ကလေးများအားလုံးကိုလည်း ၎င်းတို့တက်ရောက်နေသည့်ကျောင်းများ၌ သွားရောက်ထိုးနှံပေးမည်ဖြစ်သည်ဟု သိရသည်။ ယခုဇွန်လအတွင်း ကျိုက်ထိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခဲရသူအမျိုး သား၂ဦး တွေ့ရှိသည့်အနက် ၁ ဦးမှာဆေး ရုံဆင်းခွင့် ရရှိပြီဖြစ်ကာ ကျန် ၁ဦးမှာ ဆေးဝါးဆက်လက် ကုသမှုခံယူနေရကြောင်း သိရသည်။

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်နေ

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့် မဲပေးစက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိစေရေး စနစ်တကျ သိမ်းဆည်း စီမံဆောင်ရွက်လျက်ရှိကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် မှန်ကန်လွယ်ကူစေရန်နှင့် မဲမသမာမှုများမဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးစက်များအသုံးပြုမဲပေးနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း၌ ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့်တစ်ခုအကြား သတ်မှတ်ကာလအတွင်း မဲပေးစက်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071