မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ထောက်ပံ့ငွေများကို ယနေ့ သြဂုတ် ၂၁ ရက်နံနက်ပိုင်းက လေးကျွန်းမြေအုဌ်ကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးခင်မောင်အေးနှင့် တာဝန်ရှိသူများက စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း(၅၁၆) ကျောင်းတို့အတွက် ထောက်ပံ့ငွေကျပ်(၉၂၄)သိန်းကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။
